သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Pulitzer ဆုရ ႐ိုက္တာသတင္းေထာက္ အာဖဂန္တိုက္ပဲြ သတင္းယူေနစဥ္ ေသဆံုး


Pulitzer ဆုရ ႐ိုက္တာသတင္းေထာက္ အာဖဂန္တိုက္ပဲြ သတင္းယူေနစဥ္ ေသဆံုး

{{Zawgyi/Unicode}}

အာဖဂန္နစၥတန္ႏိုင္ငံ ကန္ဒါဟာျပည္နယ္ ေတာင္ပိုင္းမွာ မေန႔ ေသာၾကာေန႔က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္း Pulitzer ပူလစ္ဇာ သတင္းဆု ရရွိထားတဲ့ အိႏိၵယႏိုင္ငံသား ႐ိုက္တာသတင္းေထာက္ ေသဆုံးခဲ့ပါတယ္။

႐ိုက္တာသတင္းဌာနက ဓါတ္ပုံသတင္းေထာက္ Danish Seddiqi ဟာ အာဖဂန္အစိုးရတပ္ဖြဲ႔နဲ႔ တာလီဘန္လက္နက္ကိုင္ေတြအၾကားျဖစ္ပြားေနတဲ့ တိုက္ပြဲကို သတင္းယူခဲ့စဥ္မွာ ေသဆုံးခဲ့တာျဖစ္တယ္လို႔ အိႏိၵယႏိုင္ငံဆိုင္ရာ အာဖဂန္သံအမတ္ႀကီး Mamundzay. က Twitterလူမႈကြန္ရက္မွာ ေရးထားပါတယ္။

ဒါအျပင္ အဲဒီသတင္းေထာက္ဟာ အာဖဂန္အစိုးရတပ္ဖြဲ႔ေတြနဲ႔ အတူလိုက္ပါ သတင္းယူခဲ့ေၾကာင္း ၊ ကာဘူးလ္ၿမိဳ႕ကို မသြားေရာက္ခင္ သီတင္းႏွစ္ပတ္ေလာက္က လူခ်င္းေတြ႕ဆုံခဲ့ေသးေၾကာင္း နဲ႔ ဒီလိုျဖစ္ရတဲ့အတြက္ သူမိသားစုဆီကို ဝမ္းနည္းစကားဆိုပါေၾကာင္းလည္း ေရးသားထားပါတယ္။

ဒါအျပင္ အာဖဂန္သမၼတAshraf Ghani ကလည္း ႐ိုက္တာသတင္းေထာက္ေသဆုံးခဲ့တဲ့အတြက္ ဝမ္းနည္းတုံလႈပ္ရပါေၾကာင္း ေျပာဆိုပါတယ္။

အလားတူ အာဖဂန္နစၥတန္ႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးRoss Wilson ကလည္း ႐ိုက္တာသတင္းေထာက္ရဲ႕ မိသားစုဆီကို ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

အဲဒီလို တိုက္ပြဲသတင္း ႐ိုက္ကူးစဥ္ေသဆုံးခဲ့တဲ့ Danish Seddiqi ဟာ အိႏိၵယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕ အေျခစိုက္ ႐ိုက္တာသတင္းေထာက္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က ျမန္မာႏိုင္ငံ အေနာက္ဖက္ ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ သတင္းကို ႐ိုက္ကူးတင္ဆက္ခဲ့တဲ့အတြက္Pulitzer သတင္းသမားဆု႔ကို ရရွိခဲ့တာျဖစ္ပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ် တောင်ပိုင်းမှာ မနေ့ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Pulitzer ပူလစ်ဇာ သတင်းဆု ရရှိထားတဲ့ အိန္ဒိယနိုင်ငံသား ရိုက်တာသတင်းထောက် သေဆုံးခဲ့ပါတယ်။

ရိုက်တာသတင်းဌာနက ဓါတ်ပုံသတင်းထောက် Danish Seddiqi ဟာ အာဖဂန်အစိုးရတပ်ဖွဲ့နဲ့ တာလီဘန်လက်နက်ကိုင်တွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲကို သတင်းယူခဲ့စဉ်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ အာဖဂန်သံအမတ်ကြီး Mamundzay. က Twitterလူမှုကွန်ရက်မှာ ရေးထားပါတယ်။

ဒါအပြင် အဲဒီသတင်းထောက်ဟာ အာဖဂန်အစိုးရတပ်ဖွဲ့တွေနဲ့ အတူလိုက်ပါ သတင်းယူခဲ့ကြောင်း ၊ ကာဘူးလ်မြို့ကို မသွားရောက်ခင် သီတင်းနှစ်ပတ်လောက်က လူချင်းတွေ့ဆုံခဲ့သေးကြောင်း နဲ့ ဒီလိုဖြစ်ရတဲ့အတွက် သူမိသားစုဆီကို ဝမ်းနည်းစကားဆိုပါကြောင်းလည်း ရေးသားထားပါတယ်။

ဒါအပြင် အာဖဂန်သမ္မတAshraf Ghani ကလည်း ရိုက်တာသတင်းထောက်သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းတုံလှုပ်ရပါကြောင်း ပြောဆိုပါတယ်။

အလားတူ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးRoss Wilson ကလည်း ရိုက်တာသတင်းထောက်ရဲ့ မိသားစုဆီကို ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဒီလို တိုက်ပွဲသတင်း ရိုက်ကူးစဉ်သေဆုံးခဲ့တဲ့ Danish Seddiqi ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ အခြေစိုက် ရိုက်တာသတင်းထောက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သတင်းကို ရိုက်ကူးတင်ဆက်ခဲ့တဲ့အတွက်Pulitzer သတင်းသမားဆု့ကို ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG