သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ၃ နိုင်ငံ စွမ်းအင်အရေး ရုရှားနဲ့ အဆက်ဖြတ်


ဖြတ်တောက်လိုက်သည့် ဓာတ်အားကြိုးနှင့် အတူတွေ့ရသည့် ဥတုရာသီနှင့် စွမ်းအင်ဆိုင်ရာ လတ်ဗီးယားဝန်ကြီး Kaspars Melnis (ဝဲ)။ (၈ ဖေဖော်ဝါရီ ၂၀၂၅) (Gints Ivuskans / AFP)
ဖြတ်တောက်လိုက်သည့် ဓာတ်အားကြိုးနှင့် အတူတွေ့ရသည့် ဥတုရာသီနှင့် စွမ်းအင်ဆိုင်ရာ လတ်ဗီးယားဝန်ကြီး Kaspars Melnis (ဝဲ)။ (၈ ဖေဖော်ဝါရီ ၂၀၂၅) (Gints Ivuskans / AFP)

ရုရှား၊ ဘဲလားရုစ်တို့နဲ့ ဆယ်စုပေါင်းများစွာ စွမ်းအင်ချိတ်ဆက်ထားတာကို ဖြတ်တောက်လိုက်ပြီး နောက်တရက်မှာ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေက ဥရောပ လျှပ်စစ် မဟာလိုင်းနဲ့ အောင်မြင်စွာ ချိတ်ဆက်လိုက်ကြပါတယ်။

ဥရောပသမဂ္ဂ (EU) နဲ့ ဘော်လ်တစ် သုံးနိုင်ငံတို့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းနိုင်ပြီး စွမ်းအင်ဆိုင်ရာ ကိစ္စတွေ စိတ်ချရဖို့ နှစ်ပေါင်းများစွာ စီမံကိန်းချ ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ “ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ” လို့ လတ်ဗီးယားသမ္မတ အက်ဂါ ရင်ကီးဗစ်စ်က X လူမှု စာမျက်နှာမှာ ပြောပါတယ်။

ဒါကို ဥရောပ စည်းလုံးညီညွတ်ရေးနဲ့ လွတ်လပ်ခွင့်အတွက် အောင်ပွဲလို့ အီးယူ နိုင်ငံခြားမူဝါဒ အကြီးအကဲ Kaja Kallas က ပြောပါတယ်။ သူကိုယ်တိုင်ကလည်း အက်စ်တိုးနီးယား နိုင်ငံသူပါ။

ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးတဲ့နောက် ဘောလ်တစ် သုံးနိုင်ငံဟာ ၁၉၉၀ ခုနှစ်များ အစပိုင်းမှာ လွတ်လပ်သောနိုင်ငံတွေ ဖြစ်လာခဲ့ကြပြီး ၂၀၀၄ ခုနှစ်မှာ အီးယူနဲ့ မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်နိုင်ငံများ အဖွဲ့ဝင် ဖြစ်လာကြတာပါ။

၁၉၅၀ ခုနှစ်များအတွင်းကတည်းက ရှိခဲ့တဲ့ လျှပ်စစ်ချိတ်ဆက်မှုကို စနေနေ့က ဖြတ်တောက်လိုက်ပြီးတဲ့နောက် ရုရှားနယ်စပ်နဲ့ မီတာ ၁၀၀ အကွာ လတ်ဗီးယားအရှေ့ပိုင်းမှာ လျှပ်စစ်ကြိုးဟောင်းက အပိုင်းအစတွေကို အနီးရှိ လူတွေက အမှတ်တရအဖြစ် သိမ်းဆည်းလိုက်ကြပါတယ်။

ဥရောပ ၃ နိုင်ငံ စွမ်းအင်အရေး ရုရှားနဲ့ အဆက်ဖြတ်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG