သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်ဟောင်း မြန်မာပြည်သွားရင် တိုင်ပင်ဖို့ NUG တောင်းဆို


မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ စစ်ကောင်စီ အဖွဲ့ နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် (ဧပြီလ ၂၄ ၊ ၂၀၂၃) Photo: SAC Viber Press
မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ စစ်ကောင်စီ အဖွဲ့ နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် (ဧပြီလ ၂၄ ၊ ၂၀၂၃) Photo: SAC Viber Press

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံကို နောက်ထပ် သွားရောက်မယ့် ခရီးစဉ်တွေ ရှိခဲ့မယ်ဆိုရင် NUG အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အပါအဝင် မြန်မာနိုင်ငံက အရေးပါတဲ့ သက်ဆိုင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ NUG အမျိုးသားညီညွတ်ရေး အစိုးရ ဘက်က တောင်းဆိုလိုက်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကုလ အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းတို့ အွန်လိုင်းက တဆင့် တွေ့ဆုံဆွေးနွေးချက်တွေကို NUG က မနေ့က ဧပြီလ ၃၀ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားတာပါ။ အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ရည်ရွယ်ချက် မှန်ကန်ကောင်းမွန်ပေမဲ့လည်း ခရီးစဉ်အပေါ် စစ်ကောင်စီဘက်က သူတို့အကျိုးအတွက် အသုံးချဖို့ ကြိုးပမ်းမှာကို စိုးရိမ်တဲ့အကြောင်းလည်း ဦးမိုးဇော်ဦး ပြောဆိုတာကို ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

The Elders ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများ အဖွဲ့ ဒုဥက္ကဌ ဖြစ်တဲ့ ဘန်ကီမွန်းဟာ မကြာသေးခင်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို လေ့လာစုံစမ်း သိနိုင်မယ့် ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ တိုက်တွန်းတဲ့အချိန်တည်းမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG