သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နတ်ရွာစံထိုင်းဘုရင်မင်းမြတ်အတွက် ပူဆွေးမှုကာလ တရားဝင်ပြီးဆုံး


ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ကလမ်းမတွေပေါ်မှာ အရောင်အသွေးစုံလင်တဲ့အဝတ်အစားတွေနဲ့လူတွေ မမြင်ရတာ တနှစ်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလ (၁၃)ရက်နေ့က နတ်ရွာစံခဲ့တဲ့ ထိုင်းဘုရင် Bhumibol Adulyadej အတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် အနက်ရောင်ဝတ်စုံတွေကိုပဲ ထိုင်းပြည်သူတွေ တောက်လျှောက်ဝတ်လာခဲ့တာ မနေ့ကတော့ အရောင်စုံတဲ့အဝတ်အစားတွေနဲ့ပြန်ပြီးမြင်ကြရပါပြီ။

ဒါပေမဲ့လည်း အနက်ရောင်ဝတ်စုံတွေနဲ့လူတွေလည်း အများအပြားရှိနေတုန်းပါပဲ။ အကြောင်းကတော့ သူတို့တွေက နတ်ရွာစံ ဘုရင်ကြီး ဘူမိဘော အတွက် ဝမ်းနည်းပူဆွေးမှုတွေရှိနေတုန်းမို့ အနက်ရောင်တွေကို ဆက်ပြီးဝတ်ဆင်နေကြတာလို့ ဆိုပါတယ်။

နှစ်ပေါင်း ၇၀ ကြာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ ထိုင်းဘုရင်Bhumibol Adulyadej အတွက် ပြီးခဲ့တဲ့ သတင်းပတ်က ၅ ရက်ကြာ ဈာပန အခမ်းအနားကို ဒေါ်လာ သန်း ၉၀ ကုန်ကျခံခါ နိုင်ငံက တခမ်းတနား ကျင်းပခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၃၀ရက်နေ့ မနေ့တုန်းက တနှစ်ကြာ ဝမ်းနည်းတဲ့ အထိမ်းအမှတ် သတ်မှတ်ထားတဲ့ရက် တရားဝင်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

ထိုင်းဘုရင်မင်းမြတ်ရဲ့ ဈာပန အခမ်းအနားကို မြန်မာသမ္မတဦးထင်ကျော်နဲ့ဇနီးအပါအဝင် နိုင်ငံတကာက တော်ဝင်မိသားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နတ်ရွာစံထိုင်းဘုရင်မင်းမြတ်အတွက် ပူဆွေးမှုကာလ တရားဝင်ပြီးဆုံး
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG