[ Zawgyi ]
ဘဂၤလားေဒရွ္႕ ႏိုင္ငံမွာ Covid-19 ကူးစက္မႈနဲ႔ ေသဆံုးမႈ ျပန္ၿပီး တိုးလာေနတဲ႔ ၾကံဳေတြ႕ေနရၿပီး တနဂၤေႏြေန႔ကေတာ့ Covid-19 ေၾကာင့္ ၂၂၈ ဦး ေသဆံုးခဲ႔ရၿပီး ကူးစက္သူ အသစ္ ၁၁,၂၉၁ ဦး ရွိေနေၾကာင္း Hindustan Times သတင္းက ေဖာ္ျပပါတယ္။
အိဒ္ ပြဲေတာ္ အားလပ္ရက္ေတြ အၿပီးမွာ Covid-19 ကူးစက္ ျဖစ္ပြားမႈနဲ႔ ေသဆံုးမႈ အေရအတြက္ တိုးလာေနတဲ႔ အေပၚ စိုးရိမ္စရာ ျဖစ္လာေနခ်ိန္မွာဘဲ လက္ရွိ ႏႈန္း အတိုင္း Covid-19 လူနာ အေရအတြက္ ဆက္ရွိလာမယ္ဆိုရင္ ေဆးရံုမွာေနရာလြတ္ က်န္မွာ မဟုတ္ေၾကာင္း ဘဂၤလားေဒရွ္႕ အစိုးရက တနဂၤေႏြေန႔မွာ သတိေပးထားပါတယ္။
ၿပီးခဲ႔တဲ႔ သီတင္းပတ္က အိဒ္ပြဲေတာ္ ကာလ အတြက္ အသြားအလာ ကန္႔သတ္တားျမစ္မႈ တခ်ိဳ႕ကို အစိုးရက ေျဖေလွ်ာ့ေပးခဲ႔ပါတယ္။ ဒါေပမယ့္လည္း ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ ျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ေရး အတြက္ ႏိုင္ငံတ၀န္း ၁၄ ရက္ၾကာ အသြားအလာ ကန႔္သတ္တားျမစ္ခ်က္ကို ၿပီးခဲ႔တဲ႔ ေသာၾကာေန႔မွာဘဲ အစိုးရက ျပန္လည္ ခ်မွတ္ခဲ႔ပါတယ္။ ေနာက္ထပ္ ကူးစက္ ျဖစ္ပြားမႈေတြကို ေလွ်ာ့ခ်ႏိုင္ေရး အတြက္ ခ်မွတ္ထားတဲ႔ အသြားအလာ ကန္႔သတ္တားျမစ္ခ်က္ကို အားလံုး လိုက္နာၾကဖို႔လည္း က်န္းမာေရး ၀န္ႀကီး Zahid Maleque က တိုက္တြန္းထားေၾကာင္း The Daily Star သတင္းမွာ ေဖာ္ျပထားပါတယ္။
[ Unicode ]
ဘင်္ဂလားဒေ့ရှ် ကိုဗစ်ကူးစက်မှု ဆေးရုံတွေ မနိုင်မနင်းဖြစ်လာဖွယ်ရှိ
ဘင်္ဂလားဒေရှ့် နိုင်ငံမှာ Covid-19 ကူးစက်မှုနဲ့ သေဆုံးမှု ပြန်ပြီး တိုးလာနေတဲ့ ကြုံတွေ့နေရပြီး တနင်္ဂနွေနေ့ကတော့ Covid-19 ကြောင့် ၂၂၈ ဦး သေဆုံးခဲ့ရပြီး ကူးစက်သူ အသစ် ၁၁,၂၉၁ ဦး ရှိနေကြောင်း Hindustan Times သတင်းက ဖော်ပြပါတယ်။
အိဒ် ပွဲတော် အားလပ်ရက်တွေ အပြီးမှာ Covid-19 ကူးစက် ဖြစ်ပွားမှုနဲ့ သေဆုံးမှု အရေအတွက် တိုးလာနေတဲ့ အပေါ် စိုးရိမ်စရာ ဖြစ်လာနေချိန်မှာဘဲ လက်ရှိ နှုန်း အတိုင်း Covid-19 လူနာ အရေအတွက် ဆက်ရှိလာမယ်ဆိုရင် ဆေးရုံမှာနေရာလွတ် ကျန်မှာ မဟုတ်ကြောင်း ဘင်္ဂလားဒေရှ့် အစိုးရက တနင်္ဂနွေနေ့မှာ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အိဒ်ပွဲတော် ကာလ အတွက် အသွားအလာ ကန့်သတ်တားမြစ်မှု တချို့ကို အစိုးရက ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံတဝန်း ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်တားမြစ်ချက်ကို ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ အစိုးရက ပြန်လည် ချမှတ်ခဲ့ပါတယ်။ နောက်ထပ် ကူးစက် ဖြစ်ပွားမှုတွေကို လျှော့ချနိုင်ရေး အတွက် ချမှတ်ထားတဲ့ အသွားအလာ ကန့်သတ်တားမြစ်ချက်ကို အားလုံး လိုက်နာကြဖို့လည်း ကျန်းမာရေး ဝန်ကြီး Zahid Maleque က တိုက်တွန်းထားကြောင်း The Daily Star သတင်းမှာ ဖော်ပြထားပါတယ်။