သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ နှစ် ၅၀ အတွင်း အပူဆုံးအခြေအနေနဲ့ ကြုံနေရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေချိန် အပူလှိုင်းဒဏ်ကြောင့် နေရိပ်ထဲနေနေကြသူတချို့ (ဇွန် ၆၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေချိန် အပူလှိုင်းဒဏ်ကြောင့် နေရိပ်ထဲနေနေကြသူတချို့ (ဇွန် ၆၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း အပြင်းထန်ဆုံးအပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် စာသင်ကျောင်းထောင်ပေါင်းများစွာကို ပိတ်ထားခဲ့ရပြီး၊ နေရာတော်တော်များများမှာ လျှပ်ဓာတ်အားပြတ်တောက်တာတွေ ဖြစ်နေပါတယ်။ မြို့တော် ဒါကာမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့တဲ့အတွက် ဒေသခံတွေက အပူဒဏ်ကိုအလူးအလဲခံနေရလို့ စိတ်ဆင်းရဲနေကြပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဒီလောက်ပူတဲ့ အပူလှိုင်းမျိုး တစ်ခါမှ မတွေ့ဖူးဘူး” လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက အကြီးတန်းအရာရှိ Bazlur Rashid က ပြောပါတယ်။ လေအေးပေးစက်နဲ့ ပန်ကာတွေရဲ့ ဝယ်လိုအား မြင့်တက်လာတဲ့အပြင်၊ အစိုးရက မူလတန်းကျောင်း ထောင်ပေါင်းများစွာကို ပိတ်ပစ်ခဲ့ရကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း သိသိသာသာ ဖြတ်တောက်ပစ်ခဲ့ရပါတယ်။

တနင်္လာနေ့ကလည်း အစိုးရဲ့ အကြီးဆုံး ဓာတ်အားပေးစက်ရုံ လည်ပတ်ဖို့ လောင်စာဆီမပေးနိုင်တော့လို့ ရပ်ဆိုင်းလိုက်ရပါတယ်။ ပြီးခဲ့တဲ့လထဲက စခဲ့တဲ့ အပူလှိုင်းဟာ ဒီသီတင်းပတ်ကုန်အထိ ဆက်လက်မြင့်မားနေမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ World Weather Attribution အဖွဲ့ရဲ့ ပြီးခဲ့တဲ့လက လေ့လာမှုတခုအရ အဆ ၃၀ ထက်မနည်းတဲ့ စံချိန်တင်ရာသီဥတုဖောက်ပြန်တဲ့ဒဏ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့လည်းခံစားနေရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG