သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းအတွက် ဘင်္ဂလားဒေ့ရှ်က အများအပြား ပြင်ဆင်နေ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Tekaf မြို့စွန်က မုန်တိုင်းလမ်းကြောင်းကျမယ့်နေရာက အမျိုးသမီးနဲ့ကလေးတွေကို ဘေးလွတ်ရာ ခိုလှုံရေးစခန်းတွေမှာ နေရာချထားပေးစဥ်. (မေ ၁၃၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Tekaf မြို့စွန်က မုန်တိုင်းလမ်းကြောင်းကျမယ့်နေရာက အမျိုးသမီးနဲ့ကလေးတွေကို ဘေးလွတ်ရာ ခိုလှုံရေးစခန်းတွေမှာ နေရာချထားပေးစဥ်. (မေ ၁၃၊ ၂၀၂၃)

ဘင်္ဂလားပင်လယ်အော်ထဲမှာရှိနေတဲ့ အင်အားအလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကုန်းတွင်းပိုင်းကို ဝင်ရောက်တော့မှာဖြစ်တဲ့အတွက် ကမ်းရိုးတန်းတလျှောက်နေထိုင်သူတွေကို ဘေးလွတ်ရာပုန်းခိုကြဖို့ စနေနေ့မှာ ဘင်္ဂလားဒေ့ရှ်မှာ အကူညီပေးရေးအဖွဲ့တွေက အသံချဲ့စက်တွေနဲ့ လိုက်လံ သတိပေးနေပါတယ်။

မုန်တိုင်းက တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်က Cox’s Bazar နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကြားကိုဝင်တဲ့အခါ လေတိုက်နှုန်း တနာရီ မိုင် ၁၂၅ ကနေ ၁၃၆ မိုင်လောက်အထိ ပြင်းထန်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာန IMD က သတိပေးထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည် စခန်းတွေရှိရာ Cox’s Bazar ဟာ ဆိုင်ကလုန်းလမ်းကြောင်းပေါ်ကျနေတာဖြစ်ပြီး သူတို့ကို အကူအညီပေးမယ့် ကုလအဖွဲ့အစည်းတွေနဲ့ ကယ်ဆယ်ကူညီသူတွေဟာ စားနပ်ရိက္ခာတွေအပြင် ဒါဇင်နဲ့ချီတဲ့ လူနာတင်ယာဉ်တွေကို ရွေ့လျားဆေးအဖွဲ့တွေနဲ့အတူ အသင့်ပြင်ထားတာပါ။ လူဦးရေ သန်း ၁၆၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းကျရင် နားခိုဖို့စခန်းပေါင်း ၁,၅၀၀ ကျော်ပြင်ထားသလို ရေတပ်က သင်္ဘော ၂၁ စင်း၊ ပင်လယ်ပြင်ကင်းလှည့်လေယာဉ်နဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေကိုပါ အသင့်ပြင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ရေတပ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှိအစိုးရက မုန်တိုင်းအတွက် ပြင်ဆင်မှုတွေအများအပြား လုပ်ဆောင်ထားတယ်လို့ Cox’s Bazar မှာရောက်နေတဲ့ IOM နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အဖွဲ့ ဒုတိယအကြီးအကဲ Nihan Erdogan က ပြောပါတယ်။ သူတို့ဌာနက ဒုက္ခသည်စခန်း ၁၇ ခုမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် နားလည်ပြီး ကူညီနိုင်အောင် စခန်းတခုစီအတွက် လုပ်အားပေး ၁၀၀ စီ လေ့ကျင့်သင်ကြား ပေးထားတယ်လို့ ပြောပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း Cox’s Bazar မှာ လူနာတင်ကား ၄၀ နဲ့ရွေ့လျားဆေးအဖွဲ့ ၃၃ ဖွဲ့ ကို အသင့်ထားထားတယ်လို့ အဖွဲ့ပြောခွင့်ရ Margaret Harris က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှိ အာဏာပိုင်တွေက Cox’s Bazar မှာ အန္တရာယ် သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားပြီး ကမ်းရှိးတန် ဒေသ ၈ ခုအတွက် အသက်ဘေး စိုးရိမ်ရကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG