သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်း မိုခါမလာခင် ကုလအဖွဲ့တွေ အကူအညီပေးရေး ပြင်ဆင်


ဆိုင်ကလုန်းမုန်တိုင်း မိုခါ မြန်မာပြည်တွင်း ဝင်ရောက်မယ့်လမ်းကြောင်းနဲ့ မုန်တိုင်းပြင်းအားပြမြေပုံ (UNDP)
ဆိုင်ကလုန်းမုန်တိုင်း မိုခါ မြန်မာပြည်တွင်း ဝင်ရောက်မယ့်လမ်းကြောင်းနဲ့ မုန်တိုင်းပြင်းအားပြမြေပုံ (UNDP)

ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ တနင်္ဂနွေနေ့မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတာကြောင့် ကုလသမဂ္ဂက မြန်မာနဲ့ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေမှာ မုန်တိုင်းသက်ရောက်မှုကို အနီးကပ်စောင့်ကြည့်ပြီး အကူအညီတွေပေးဖို့ ပြင်ဆင်နေကြပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဒီမုန်တိုင်းအတွက် အနီးကပ်စောင့်ကြည့်နေပြီး စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ယာဉ်တွေနဲ့ အရေးပေါ်သုံးပစ္စည်းကရိယာတွေကိုအသင့်ထားရှိပြီး အရေးပေါ်တုံ့ပြန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ပြင်နေကြောင်း စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါ့ပြင် မုန်တိုင်းလာရာလမ်းတလျှောက်က သိန်းနဲ့ချီတဲ့ဒေသခံတွေအတွက်လည်း မိုးသည်းထန်ပြီး ရေကြီးတာ၊ မြေပြိုတာတွေဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။

မြန်မာနိုင်ငံအတွက် ရခိုင်ပြည်နယ်နဲ့ ဝန်းကျင်ဒေသတွေက ဒေသခံ ၄ သိန်းကျော်အတွက် လိုအပ်မယ့် စားနပ်ရိက္ခာတွေ အသင့်ပြင်ထားသလို Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွက်ပါ ရိက္ခာတွေပြင်ထားပြီး အကောင်းဆုံးအကူညီပေးနိုင်ဖို့ လုပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ WFP ဒုတိယအကြီးအကဲ Sheela Matthew ကပြောပါတယ်။ အသွားအလာနဲ့ ဆက်သွယ်ရေးစနစ်တွေ ပြတ်တောက်သွားရင် အကူအညီဆက်ပေးနိုင်အောင်ပါ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ဌာနေကိုယ်စားလှယ် Marcoluigi Corsi ကလည်း မြန်မာနိုင်ငံသားတွေနဲ့အတူ ကုလသမဂ္ဂက တသားတည်းရပ်တည်နေတာဖြစ်ပြီး မုန်တိုင်းဝင်လာချိန်မှာရော မုန်တိုင်းစဲသွားတဲ့နောက်ပိုင်းမှာပါ အရေးပေါ်လိုအပ်တာတွေကူညီဖို့ လုပ်ဆောင်နေကြောင်းပြောပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကလည်း မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းကို တနင်္ဂနွေမှာ ဆိုင်ကလုန်းမိုခါ ဝင်ရောက်မယ်လို့ခန့်မှန်းတဲ့အတွက် ဒေသခံတွေ ဘေးကင်းလုံခြုံရေးအတွက် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြာင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG