သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားပင်လယ်အော် ဆိုင်ကလုံး Mocha မြန်မာနိုင်ငံဘက်ကို ဦးတည်


ဂြိုဟ်တုကရိုက်ယူထားတဲ့ ဘင်္ဂလားပင်လယ်အော်က ရာသီဥတုအခြေအနေ (ဓာတ်ပုံ-မြန်မာမိုးဇလ/ မေ ၇၊ ၂၀၂၃)
ဂြိုဟ်တုကရိုက်ယူထားတဲ့ ဘင်္ဂလားပင်လယ်အော်က ရာသီဥတုအခြေအနေ (ဓာတ်ပုံ-မြန်မာမိုးဇလ/ မေ ၇၊ ၂၀၂၃)

ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်ထွန်းနေတဲ့ ဆိုင်ကလုံး Mocha အပူပိုင်းမုန်တိုင်းဟာ မေလ ၁၃ ရက်နေ့ ညနေပိုင်းနဲ့ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းကြားမှာ ပြင်းထန်တဲ့မုန်တိုင်းတခုအဖြစ် မြန်မာကမ်းရိုးတန်းကို ဝင်ရောက်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက မေလ ၇ ရက်နေ့မှာ ခန့်မှန်းချက်ထုတ်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ထွန်းနေတဲ့ အပူပိုင်းမုန်တိုင်းကြောင့် မေလ ၈ ရက်နဲ့ မေလ ၁၂ ရက်နေ့တွေမှာတော့ Andaman နဲ့ Nicobar ကျွန်းတွေမှာ မိုးသည်းထန်ပြီး ဒီ အပူပိုင်းမုန်တိုင်းငယ်ဟာ မကြာခင် ဆိုင်ကလုံးမုန်တိုင်းတခုအဖြစ် အားကောင်းလာနိုင်တယ်လို့ IMD အိန္ဒိယမိုးလေဝသဌာနက သတိပေးထားပါတယ်။

မုန်တိုင်းဟာမြောက်ပိုင်းကို ဦးတည်နေပြီး အိန္ဒိယနိုင်ငံထက် မြန်မာနိုင်ငံဘက်ခြမ်းထဲ ကုန်းတွင်းပိုင်းကိုဝင်နိုင်တယ်လို့ ခန့်မှန်းထားတာပါ။ ဒါပေမယ့် လေကြောင်း ပြောင်းလဲသွားနိုင်တယ်လို့လည်း တွက်ဆထားပါတယ်။

ကမ်းရိုးတန်းမှာရှိတဲ့ အိန္ဒိယပြည်နယ်တချို့ကိုတော့ အိန္ဒိယအာဏာပိုင်တွေက အရေးပေါ်အနေအထား ပြင်ဆင်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း သဘာဝကပ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး အဲဒီအစည်အးဝေးကို မြန်မာစစ်ကောင်စီ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်မိန့်ခွန်းပြောခဲ့တယ်လို့ နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ မေလတုန်းကတော့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် လူပေါင်း တသိန်းကျော်သေဆုံးခဲ့တဲ့အထိ အဆိုးဝါးဆုံး သဘာဝကပ်ဘေးအန္တရာယ်ဆိုက်ရောက်ခဲ့ဖူးပါတယ်။ သဘာဝကပ်ဘေးအန္တရာယ်ဆိုင်ရာ စီမံပြင်ဆင်မှုတွေနဲ့ မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအားနည်းချက်ကြောင့် အဲဒီကာလ စစ်အစိုးရ အပြင်းအထန် ဝေဖန်ခံခဲ့ရဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG