သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ဘဂၤလားေဒ့ရွ္မွာ ျမန္မာတဦး အပါအဝင္ ၂၄ ဦးေသ


Residents search for their belongings amid the debis of their collapsed huts after the cyclone Sitrang hits in Chittagong, Bangladesh, Oct. 25, 2022.

ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ဝင္ေရာက္ တိုက္ခတ္ေနတဲ့ Si-trang ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ အနည္းဆုံး (၂၄)ဦးေသဆုံးၿပီး လူ(၁)သန္းေလာက္ အိုးအိမ္စြန္႔ခြာ တိမ္းေရွာင္ေနရတယ္လို႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။

ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ဘဂၤလားေဒ့ရွ္မွာ ျမန္မာတဦး အပါအ၀င္ ၂၄ ဦးေသ

{{Zawgyi/Unicode}}
ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ဝင္ေရာက္ တိုက္ခတ္ေနတဲ့ Si-trang ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ အနည္းဆုံး (၂၄)ဦးေသဆုံးၿပီး လူ(၁)သန္းေလာက္ အိုးအိမ္စြန္႔ခြာ တိမ္းေရွာင္ေနရတယ္လို႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။

Si-trang ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ တနလၤာေန႔ညပိုင္းက ဘဂၤလားေဒ့ရွ္ေတာင္ပိုင္းမွာ ေျမျပဳိတာျဖစ္ၿပီး ၊ အႏၲရာယ္ေတြ မက်ေရာက္ခင္မွာ လူ(၁)သန္းေလာက္ကို ေဘးလြတ္ရာ ေျပာင္းေရႊ႕ႏိုင္ေအာင္ စီစဥ္ခဲ့တယ္လို႔ အာဏာပိုင္ေတြကို ကိုးကားၿပီး သတင္းေတြက အဂၤါေန႔မွာ ေဖာ္ျပခဲ့ၾကတာပါ။

မုန္တိုင္းက်တဲ့ ကမ္း႐ိုးတမ္းေဒသတေလွ်ာက္ အဂၤါေန႔က လူ(၁၀)သန္းေလာက္ လွ်ပ္စစ္မီး ျပတ္ေတာက္ေနၿပီး ၊ ႏိုင္ငံေတာင္ပိုင္း ေနရာအေတာ္မ်ားမ်ားမွာ စာသင္ေက်ာင္းေတြ ပိတ္ထားရပါတယ္။ မုန္တိုင္းေၾကာင့္ အနည္းဆုံး လူ(၂၄)ဦး ေသဆုံးခဲ့တယ္လို႔ အစိုးရတာဝန္ရွိသူေတြနဲ႔ ရဲတပ္ဖြဲ႔ကို ကိုးကားၿပီး AFP သတင္းက ေဖာ္ျပပါတယ္။ အမ်ားစုဟာ သစ္ပင္ျပဳိလဲမႈေၾကာင့္ ေသဆုံးရၿပီး၊ လူ(၂)ဦးကေတာ့ ေလျပင္းေၾကာင့္ သူတို႔စီးလာတဲ့ ေလွ- ယမုံနာျမစ္ထဲ နစ္ျမဳပ္သြားတာေၾကာင့္ ေသဆုံးခဲ့တာပါ။

မုန္တိုင္းေၾကာင့္ သေဘၤာေပၚ အလုပ္လုပ္ေနတဲ့ ျမန္မာတဦး ေရထဲျပဳတ္က် ေသဆုံးသြားတယ္လို႔ တာဝန္ရွိသူ တဦးက ေျပာပါတယ္။ ဘဂၤလားပင္လယ္ေကြ႕မွာ တနလၤာညက ေသာင္တူးစက္ေလွတစင္း နစ္ျမဳပ္ခဲ့ရၿပီး လူ(၈)ဦး ေပ်ာက္ဆုံး ေနဆဲပဲလို႔ မီးသတ္ဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။

ပင္လယ္ထဲက ဘာဆန္ခ်ာကၽြန္းကို ေျပာင္းေရႊ႕ခံထားရတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ ၃ ေသာင္း ၃ ေထာင္ရွိၿပီး၊ ေနအိမ္ထဲမွာပဲ ေနၾကဖို႔ အာဏာပိုင္ေတြက သတိေပးထားၾကပါတယ္။ အဲဒီကၽြန္းမွာ ခုခ်ိန္ထိေတာ့ အေသအေပ်ာက္ ပ်က္စီးမႈ မရွိေသးဘူးလို႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ မြန်မာတဦး အပါအဝင် ၂၄ ဦးသေ

{{Zawgyi/Unicode}}
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် တိုက်ခတ်နေတဲ့ Si-trang ဆိုင်ကလုန်း မုန်တိုင်းကြောင့် အနည်းဆုံး (၂၄)ဦးသေဆုံးပြီး လူ(၁)သန်းလောက် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Si-trang ဆိုင်ကလုန်း မုန်တိုင်းကြောင့် တနင်္လာနေ့ညပိုင်းက ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ မြေပြိုတာဖြစ်ပြီး ၊ အန္တရာယ်တွေ မကျရောက်ခင်မှာ လူ(၁)သန်းလောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့နိုင်အောင် စီစဉ်ခဲ့တယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး သတင်းတွေက အင်္ဂါနေ့မှာ ဖော်ပြခဲ့ကြတာပါ။

မုန်တိုင်းကျတဲ့ ကမ်းရိုးတမ်းဒေသတလျှောက် အင်္ဂါနေ့က လူ(၁၀)သန်းလောက် လျှပ်စစ်မီး ပြတ်တောက်နေပြီး ၊ နိုင်ငံတောင်ပိုင်း နေရာအတော်များများမှာ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။ မုန်တိုင်းကြောင့် အနည်းဆုံး လူ(၂၄)ဦး သေဆုံးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ အများစုဟာ သစ်ပင်ပြိုလဲမှုကြောင့် သေဆုံးရပြီး၊ လူ(၂)ဦးကတော့ လေပြင်းကြောင့် သူတို့စီးလာတဲ့ လှေ- ယမုံနာမြစ်ထဲ နစ်မြုပ်သွားတာကြောင့် သေဆုံးခဲ့တာပါ။

မုန်တိုင်းကြောင့် သင်္ဘောပေါ် အလုပ်လုပ်နေတဲ့ မြန်မာတဦး ရေထဲပြုတ်ကျ သေဆုံးသွားတယ်လို့ တာဝန်ရှိသူ တဦးက ပြောပါတယ်။ ဘင်္ဂလားပင်လယ်ကွေ့မှာ တနင်္လာညက သောင်တူးစက်လှေတစင်း နစ်မြုပ်ခဲ့ရပြီး လူ(၈)ဦး ပျောက်ဆုံး နေဆဲပဲလို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ပင်လယ်ထဲက ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့ခံထားရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃ သောင်း ၃ ထောင်ရှိပြီး၊ နေအိမ်ထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက သတိပေးထားကြပါတယ်။ အဲဒီကျွန်းမှာ ခုချိန်ထိတော့ အသေအပျောက် ပျက်စီးမှု မရှိသေးဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG