သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆိုင္ကလုန္းအႏၲရာယ္ေၾကာင့္ ဘဂၤလားေဒ့ရွ္မွာ လူေပါင္းသိန္းခ်ီ ေဘးလြတ္ရာေရႊ႕ေျပာင္း


(AP Photo/Mahmud Hossain Opu)

ဘဂၤလားေဒရွ႕္ ႏိုင္ငံရဲ႕ လူေနထူထပ္တဲ့ အနိမ့္ပိုင္း ေဒသကို ဆိုင္ကလုန္း မုန္တိုင္း ဦးတည္လာေနၿပီး မုန္တိုင္း လမ္းေၾကာင္းမွာ ရွိတဲ့ လူေပါင္း သိန္းခ်ီၿပီး ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းထားၿပီး အနည္းဆုံး တဦး ေသဆုံးေၾကာင္း အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

Zawgyi

ဆိုင္ကလုန္းအႏၲရာယ္ေၾကာင့္ ဘဂၤလားေဒ့ရွ္မွာ လူေပါင္းသိန္းခ်ီ ေဘးလြတ္ရာေရႊ႕ေျပာင္း

ဘဂၤလားေဒရွ႕္ ႏိုင္ငံရဲ႕ လူေနထူထပ္တဲ့ အနိမ့္ပိုင္း ေဒသကို ဆိုင္ကလုန္း မုန္တိုင္း ဦးတည္လာေနၿပီး မုန္တိုင္း လမ္းေၾကာင္းမွာ ရွိတဲ့ လူေပါင္း သိန္းခ်ီၿပီး ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းထားၿပီး အနည္းဆုံး တဦး ေသဆုံးေၾကာင္း အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဘဂၤလာ ပင္လယ္ေအာ္ အတြင္းက ဘာဆန္ခ်ာ ကြၽန္းမွာ ေ႐ႊ႕ေျပာင္းထားတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ ၃၃,၀၀၀ ေလာက္ကိုေတာ့ အိမ္တြင္းမွာဘဲ ေနထိုင္ၾကဖို႔ တိုက္တြန္းထားပါတယ္။ တနာရီကို အျမင့္ဆုံး ေလတိုက္ႏႈန္း ၅၅ မိုင္ႏႈန္းနဲ႔ Sitrang ဆိုင္ကလုန္း မုန္တိုင္းက ဘဂၤလားေဒရွ႕္ ႏိုင္ငံ ေတာင္ပိုင္း Khepupara ၿမိဳ႕ အနီး ကုန္းတြင္းပိုင္းကို အဂၤါေန႔ မနက္ပိုင္းမွာ ဝင္ေရာက္မယ္လို႔ ဘဂၤလားေဒရွ႕္ မိုးေလဝသ တာဝန္ရွိသူေတြက ခန႔္မွန္းထားပါတယ္။

မုန္တိုင္း ဒီေရက ပုံမွန္ထက္ ၁၀ ေပေလာက္ထိ ျမင့္တက္ႏိုင္ေၾကာင္း ခန႔္မွန္းထားတာေၾကာင့္ လူေပါင္း သန္းခ်ီ ေနထိုင္တဲ့ ေဒသေတြ ေရျမဳပ္သြားႏိုင္တဲ့ ကိစၥက အာဏာပိုင္ေတြ အတြက္ အစိုးရိမ္ဆုံး ကိစၥ ျဖစ္ပါတယ္။ ဆိုက္ကလုန္း မဝင္ခင္မွာ အလြယ္တကူ ေဘးသင့္ႏိုင္တဲ့ လူေပါင္း ၂ သန္းခြဲကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းဖို႔ ဘဂၤလားေဒရွ႕္ အစိုးရက စီစဥ္ထားေၾကာင္းလည္း သဘာ၀ ေဘးဒဏ္ စီမံခန႔္ခြဲမႈ ဝန္ႀကီး Enamur Rahman က သတင္းေထာက္ေတြကို ေျပာပါတယ္။

လူေတြကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းတဲ့ အစီအစဥ္ကို တနလာေနၤ့ မနက္ပိုင္းမွာ စတင္လိုက္ၿပီး ထိခိုက္ေသဆုံးမႈ အနည္းဆုံး ျဖစ္ေရး ႀကိဳးပမ္းမႈ အေနနဲ႔ ခိုလႈံေရး စခန္း ၇,၀၀၀ ေက်ာ္လည္း အဆင္သင့္ ျပင္ဆင္ထားၿပီး ျဖစ္ေၾကာင္း သူက ထပ္ေလာင္း ေျပာပါတယ္။

ဘဂၤလားပင္လယ္ေအာ္ အလယ္ပိုင္းနဲ႔ အေနာက္ေျမာက္ပိုင္းမွာျဖစ္ေပၚေနတဲ့ ဆိုင္ကလုန္းမုန္တိုင္း SITRANG ေၾကာင့္ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ ေလျပင္းတိုက္ခတ္ၿပီး ေရႀကီးေနပါတယ္။ ေပါက္ေတာၿမိဳ႕နယ္က ပင္လယ္ျပင္နဲ႔ နီးစပ္တဲ့ေနရာတခ်ိဳ႕မွာ ပင္လယ္ေရဝင္ၿပီး စပါးခင္းေတြ ပ်က္စီးတာရွိသလို ေဒသခံေတြေထာင္နဲ႔ခ်ီ ေရေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ဆိုင်ကလုန်းအန္တရာယ်ကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်းသိန်းချီ ဘေးလွတ်ရာရွှေ့ပြောင်း

ဘင်္ဂလားဒေရှ့် နိုင်ငံရဲ့ လူနေထူထပ်တဲ့ အနိမ့်ပိုင်း ဒေသကို ဆိုင်ကလုန်း မုန်တိုင်း ဦးတည်လာနေပြီး မုန်တိုင်း လမ်းကြောင်းမှာ ရှိတဲ့ လူပေါင်း သိန်းချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီး အနည်းဆုံး တဦး သေဆုံးကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလာ ပင်လယ်အော် အတွင်းက ဘာဆန်ချာ ကျွန်းမှာ ရွှေ့ပြောင်းထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃၃,၀၀၀ လောက်ကိုတော့ အိမ်တွင်းမှာဘဲ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ တနာရီကို အမြင့်ဆုံး လေတိုက်နှုန်း ၅၅ မိုင်နှုန်းနဲ့ Sitrang ဆိုင်ကလုန်း မုန်တိုင်းက ဘင်္ဂလားဒေရှ့် နိုင်ငံ တောင်ပိုင်း Khepupara မြို့ အနီး ကုန်းတွင်းပိုင်းကို အင်္ဂါနေ့ မနက်ပိုင်းမှာ ဝင်ရောက်မယ်လို့ ဘင်္ဂလားဒေရှ့် မိုးလေဝသ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

မုန်တိုင်း ဒီရေက ပုံမှန်ထက် ၁၀ ပေလောက်ထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားတာကြောင့် လူပေါင်း သန်းချီ နေထိုင်တဲ့ ဒေသတွေ ရေမြုပ်သွားနိုင်တဲ့ ကိစ္စက အာဏာပိုင်တွေ အတွက် အစိုးရိမ်ဆုံး ကိစ္စ ဖြစ်ပါတယ်။ ဆိုက်ကလုန်း မဝင်ခင်မှာ အလွယ်တကူ ဘေးသင့်နိုင်တဲ့ လူပေါင်း ၂ သန်းခွဲကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဘင်္ဂလားဒေရှ့် အစိုးရက စီစဉ်ထားကြောင်းလည်း သဘာ၀ ဘေးဒဏ် စီမံခန့်ခွဲမှု ဝန်ကြီး Enamur Rahman က သတင်းထောက်တွေကို ပြောပါတယ်။

လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းတဲ့ အစီအစဉ်ကို တနလာင်္နေ့ မနက်ပိုင်းမှာ စတင်လိုက်ပြီး ထိခိုက်သေဆုံးမှု အနည်းဆုံး ဖြစ်ရေး ကြိုးပမ်းမှု အနေနဲ့ ခိုလှုံရေး စခန်း ၇,၀၀၀ ကျော်လည်း အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သူက ထပ်လောင်း ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း SITRANG ကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး ရေကြီးနေပါတယ်။ ပေါက်တောမြို့နယ်က ပင်လယ်ပြင်နဲ့ နီးစပ်တဲ့နေရာတချို့မှာ ပင်လယ်ရေဝင်ပြီး စပါးခင်းတွေ ပျက်စီးတာရှိသလို ဒေသခံတွေထောင်နဲ့ချီ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။

XS
SM
MD
LG