သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေရေဘးဒဏ္သင့္ေန


ဘဂၤလားေဒ့ရွ္ေရာက္ Rohingya ဒုကၡသည္မ်ား (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ေတာင္ပိုင္းမွာ မုတ္သုန္မိုး ျပင္းျပင္းထန္ထန္ ႐ြာသြန္းတဲ့အတြက္ ႐ိုဟင္ဂ်ာ ဒုကၡသည္ တေသာင္း ေလာက္ကို ေဘးလြတ္ရာ ေနရာေတြဆီ ေ႐ႊ႕ေျပာင္းေပးခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္အရာရွိေတြက ေျပာပါတယ္။ သီတင္းတပတ္ေလာက္ မိုးျပင္းျပင္းထန္ထန္ ႐ြာေနခဲ့တာေၾကာင့္ ျမန္မာနယ္စပ္နားမွာရွိေနတဲ့ ဒုကၡသည္စခန္းေတြမွာ ေရႀကီး၊ ေျမၿပိဳတဲ့ ေဘးဒဏ္ကို အႀကီးအက်ယ္ခံေနရၿပီး လူ ၁၄ ေယာက္ထက္ မနည္း ေသဆုံးခဲ့သလို စခန္းထဲက ေထာင္နဲ႔ခ်ီတဲ့ တဲအိမ္ေတြ ေရနစ္ျမဳပ္ေနပါတယ္။

မေန႔က ဗုဒၶဟူးေန႔ တရက္တည္းမွာတင္ Cox’s Bazar ခ႐ိုင္တြင္းက ဒုကၡသည္စခန္းေတြမွာ မိုးေရခ်ိန္ ၁၂ လက္မနီးပါးအထိ ႐ြာသြန္းခဲ့တာလို႔ ဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ကုလသမဂၢေအဂ်င္စီက ေျပာပါတယ္။ ကိုဗစ္ကပ္ေဘးဒဏ္ခံေနရတဲ့အခ်ိန္ ခုလို ေရႀကီးတာကိုပါ ႀကဳံရတဲ့အတြက္ ေရာဂါကူးစက္မႈေတြ ပိုၿပီး ဆိုးလာႏိုင္တယ္လို႔လည္း ကုလသမဂၢအဖြဲ႕က ေျပာပါတယ္။ ေရေဘးဒဏ္ခံေနရသူ အမ်ားစုဟာ ၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္မွာ ျမန္မာ စစ္တပ္က ႐ိုဟင္ဂ်ာေတြအေပၚ အင္အားသုံး ႏွိမ္ႏွင္းမႈေတြေၾကာင့္ ထြက္ေျပးခဲ့တဲ့ ဒုကၡသည္ေတြျဖစ္ပါတယ္။

႐ိုဟင္ဂ်ာ ဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏိုင္ငံဘက္က ဒုကၡသည္ေတြကို ျပန္စိစစ္လက္ခံမယ္လို႔ေတာ့ ေျပာဆိုထားပါတယ္။ ဒီအေတာအတြင္း ဒုကၡသည္ေတြဟာ သဘာဝေဘးဒဏ္ မၾကာခဏ ခံရေလ့ရွိတဲ့ Cox’s Bazar ခ႐ိုင္အတြင္းက ဒုကၡသည္ စခန္းေတြမွာပဲ ေနထိုင္ေနၾကရတာပါ။ လာမယ့္ သီတင္းပတ္ေတြအတြင္း Cox’s Bazar ခ႐ိုင္မွာ မိုး ဆက္ၿပီးမ်ားမယ္လို႔ ဘဂၤလားေဒ့ရွ္ မိုးေလဝသဌာနက ခန႔္မွန္းထားပါတယ္။

...................................................................................

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ ရေဘေးဒဏ်သင့်နေ

(Unicode)

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ မုတ်သုန်မိုး ပြင်းပြင်းထန်ထန် ရွာသွန်းတဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည် တသောင်း လောက်ကို ဘေးလွတ်ရာ နေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေက ပြောပါတယ်။ သီတင်းတပတ်လောက် မိုးပြင်းပြင်းထန်ထန် ရွာနေခဲ့တာကြောင့် မြန်မာနယ်စပ်နားမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေမှာ ရေကြီး၊ မြေပြိုတဲ့ ဘေးဒဏ်ကို အကြီးအကျယ်ခံနေရပြီး လူ ၁၄ ယောက်ထက် မနည်း သေဆုံးခဲ့သလို စခန်းထဲက ထောင်နဲ့ချီတဲ့ တဲအိမ်တွေ ရေနစ်မြုပ်နေပါတယ်။

မနေ့က ဗုဒ္ဓဟူးနေ့ တရက်တည်းမှာတင် Cox’s Bazar ခရိုင်တွင်းက ဒုက္ခသည်စခန်းတွေမှာ မိုးရေချိန် ၁၂ လက်မနီးပါးအထိ ရွာသွန်းခဲ့တာလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီက ပြောပါတယ်။ ကိုဗစ်ကပ်ဘေးဒဏ်ခံနေရတဲ့အချိန် ခုလို ရေကြီးတာကိုပါ ကြုံရတဲ့အတွက် ရောဂါကူးစက်မှုတွေ ပိုပြီး ဆိုးလာနိုင်တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ ရေဘေးဒဏ်ခံနေရသူ အများစုဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် အင်အားသုံး နှိမ်နှင်းမှုတွေကြောင့် ထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေဖြစ်ပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို ပြန်စိစစ်လက်ခံမယ်လို့တော့ ပြောဆိုထားပါတယ်။ ဒီအတောအတွင်း ဒုက္ခသည်တွေဟာ သဘာဝဘေးဒဏ် မကြာခဏ ခံရလေ့ရှိတဲ့ Cox’s Bazar ခရိုင်အတွင်းက ဒုက္ခသည် စခန်းတွေမှာပဲ နေထိုင်နေကြရတာပါ။ လာမယ့် သီတင်းပတ်တွေအတွင်း Cox’s Bazar ခရိုင်မှာ မိုး ဆက်ပြီးများမယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG