သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ ေရႀကီးေျမၿပိဳမႈ ဒုကၡသည္အပါအဝင္ လူ ၂၀ ထက္မနည္းေသဆုံး


ဘဂၤလားေဒ့ရွ္နိုင္ငံတြင္းရွိ Kutupalong ရိုဟင္ဂ်ာ ဒုကၡသည္စခန္းတြင္း ေရၾကီးေန (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ မုန္သုန္မိုးမ်ားၿပီး ေရႀကီးေျမၿပိဳမႈေတြေၾကာင့္ လူ ၃ သိန္းေက်ာ္ေလာက္ ပိတ္မိေနၿပီး ႐ိုဟင္ဂ်ာ ဒုကၡသည္တခ်ိဳ႕အပါအဝင္ လူ ၂၀ ထက္မနည္း ေသဆုံးခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ အစိုးရအရာရွိေတြက ဒီကေန႔ ေျပာပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ကို လက္မခံတဲ့ ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလာသူ ၁ သန္းနီးပါးရွိေနတဲ့ ဘဂၤလားေဒ့ရွ္-ျမန္မာ နယ္စပ္ေဒသမွာ တနလၤာေန႔ကစလို႔ မုတ္သုန္မိုး အႀကီးအက်ယ္႐ြာၿပီး ေရႀကီး ေျမၿပိဳတာေတြ ႀကဳံေနရတာပါ။

"က်မအိမ္ထဲကို ေရေတြဝင္လာတဲ့အခ်ိန္မွာ က်မအိမ္မွာ ကူမယ့္သူ ဘယ္သူမရွိဘဲ က်မတေယာက္တည္းရွိေနတာပါ။ ဒါေပမဲ့ က်မပစၥည္းတခ်ိဳ႕ကိုေတာ့ ေဘးလြတ္ရာကိုေ႐ႊ႕ႏိုင္လိုက္ၿပီးေတာ့ အခုေတာ့ က်မလည္း ဒုကၡသည္စခန္းမွာရွိတဲ့ တျခားမိသားစုတခုနဲ႔ ေနပါတယ္" လို႔ ဒုကၡသည္စခန္းမွာေနထိုင္ေနတဲ့ ႐ိုဟင္ဂ်ာတဦးကေျပာပါတယ္။

ေရေဘးဒဏ္သင့္ ဒုကၡသည္ေတြကို ျပန္လည္ေနရာခ်ထားေပးဖို႔ အစိုးရမဟုတ္တဲ့အဖြဲ႕ေတြက လုပ္ကိုင္ေနတယ္လို႔ စခန္းအမွတ္ ၈ က ဒုကၡသည္တဦးျဖစ္သူ Zakir Ahmed က ဗြီအိုေအ ဘဂၤလားဘာသာဌာနကို ေျပာပါတယ္။

ေဘးဒဏ္သင့္သူေတြကို စာသင္ေက်ာင္းေတြမွာ ေ႐ႊ႕ထားၿပီးေတာ့ စားစရာနဲ႔ အဝတ္အထည္ေတြ ေပးထားတယ္လို႔လည္းေျပာပါတယ္။ ဒါေပမယ့္ လိုအပ္တဲ့ ေနအိမ္အသစ္ေတြကိုေတာ့ မေဆာက္ႏိုင္ေသးပါဘူး။ ေရေဘးဒဏ္သင့္ႏိုင္ေျခရွိတဲ့ ဒုကၡသည္ေတြ အိမ္ကထြက္ဖို႔ ေျပာခဲ့ၿပီး ထြက္သူရွိသလို မထြက္သူေတြလည္းရွိတယ္လို႔ Zakir ကေျပာပါတယ္။ ခုခ်ိန္ထိ မိုးႀကီး႐ြာေနဆဲျဖစ္ၿပီး ဒုကၡသည္ေတြအတြက္ အႏၲရာယ္ရွိေနဆဲပဲလို႔လည္း Zakir ကေျပာပါတယ္။

Cox's Bazar ခ႐ိုင္မွာ ေရေဘးေၾကာင့္ လူ ၃ သိန္း ၆ ေထာင္ေလာက္ ပိတ္မိေနၿပီး ေက်း႐ြာ ၇၀ ထက္မနည္း ေရျမႇဳပ္ေနတယ္လို႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး Mamunur Rashid က AFP သတင္းဌာနကို ေျပာပါတယ္။ ေရေဘးေၾကာင့္ ေသဆုံးသူ ၂၀ ထက္မနည္းမွာ ႐ိုဟင္ဂ်ာဒုကၡသည္ ၆ ဦးထက္မနည္း ပါတယ္လို႔လည္း သူက ေျပာပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္


ဘင်္ဂလားဒေ့ရှ် ရေကြီးမြေပြိုမှု ဒုက္ခသည်အပါအဝင် လူ ၂၀ ထက်မနည်းသေဆုံး

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မုန်သုန်မိုးများပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၃ သိန်းကျော်လောက် ပိတ်မိနေပြီး ရိုဟင်ဂျာ ဒုက္ခသည်တချို့အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေက ဒီကနေ့ ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူ ၁ သန်းနီးပါးရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသမှာ တနင်္လာနေ့ကစလို့ မုတ်သုန်မိုး အကြီးအကျယ်ရွာပြီး ရေကြီး မြေပြိုတာတွေ ကြုံနေရတာပါ။

"ကျမအိမ်ထဲကို ရေတွေဝင်လာတဲ့အချိန်မှာ ကျမအိမ်မှာ ကူမယ့်သူ ဘယ်သူမရှိဘဲ ကျမတယောက်တည်းရှိနေတာပါ။ ဒါပေမဲ့ ကျမပစ္စည်းတချို့ကိုတော့ ဘေးလွတ်ရာကိုရွှေ့နိုင်လိုက်ပြီးတော့ အခုတော့ ကျမလည်း ဒုက္ခသည်စခန်းမှာရှိတဲ့ တခြားမိသားစုတခုနဲ့ နေပါတယ်" လို့ ဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့ ရိုဟင်ဂျာတဦးကပြောပါတယ်။

ရေဘေးဒဏ်သင့် ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့ အစိုးရမဟုတ်တဲ့အဖွဲ့တွေက လုပ်ကိုင်နေတယ်လို့ စခန်းအမှတ် ၈ က ဒုက္ခသည်တဦးဖြစ်သူ Zakir Ahmed က ဗွီအိုအေ ဘင်္ဂလားဘာသာဌာနကို ပြောပါတယ်။

ဘေးဒဏ်သင့်သူတွေကို စာသင်ကျောင်းတွေမှာ ရွှေ့ထားပြီးတော့ စားစရာနဲ့ အဝတ်အထည်တွေ ပေးထားတယ်လို့လည်းပြောပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ နေအိမ်အသစ်တွေကိုတော့ မဆောက်နိုင်သေးပါဘူး။ ရေဘေးဒဏ်သင့်နိုင်ခြေရှိတဲ့ ဒုက္ခသည်တွေ အိမ်ကထွက်ဖို့ ပြောခဲ့ပြီး ထွက်သူရှိသလို မထွက်သူတွေလည်းရှိတယ်လို့ Zakir ကပြောပါတယ်။ ခုချိန်ထိ မိုးကြီးရွာနေဆဲဖြစ်ပြီး ဒုက္ခသည်တွေအတွက် အန္တရာယ်ရှိနေဆဲပဲလို့လည်း Zakir ကပြောပါတယ်။

Cox's Bazar ခရိုင်မှာ ရေဘေးကြောင့် လူ ၃ သိန်း ၆ ထောင်လောက် ပိတ်မိနေပြီး ကျေးရွာ ၇၀ ထက်မနည်း ရေမြှုပ်နေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး Mamunur Rashid က AFP သတင်းဌာနကို ပြောပါတယ်။ ရေဘေးကြောင့် သေဆုံးသူ ၂၀ ထက်မနည်းမှာ ရိုဟင်ဂျာဒုက္ခသည် ၆ ဦးထက်မနည်း ပါတယ်လို့လည်း သူက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG