သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mocha ဆိုင်ကလုန်း မြန်မာဘက်ဦးတည်


မိုးရွာနေချိန်အတွင်း ရန်ကုန်မြို့ပေါ်ရှိလမ်းသွားလမ်းလာတချို့ကိုတွေ့ရစဉ် (ဇူလိုင် ၁၈၊ ၂၀၁၉)
မိုးရွာနေချိန်အတွင်း ရန်ကုန်မြို့ပေါ်ရှိလမ်းသွားလမ်းလာတချို့ကိုတွေ့ရစဉ် (ဇူလိုင် ၁၈၊ ၂၀၁၉)

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနေတဲ့ Mocha ဆိုင်ကလုံး မုန်တိုင်း မြန်မာနိုင်ငံ ကမ်းရိုးတန်ဘက်ကို ဦးတည်နိုင်တဲ့ အကြောင်း အိန္ဒိယ မိုးလေဝသဌာနက ဒီနေ့ ထပ်မံ သတိပေးပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ထွန်းနေတဲ့ ဆိုင်ကလုံး Mocha အပူပိုင်းမုန်တိုင်း မေလ ၁၁ ရက်နောက်ပိုင်း ပြင်းထန်တဲ့မုန်တိုင်းတခုအဖြစ် မြန်မာကမ်းရိုးတန်းကို ဝင်ရောက်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက မကြာသေးခင်ရက်ပိုင်းကတည်းက သတိပေးပြီးဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ထွန်းနေတဲ့ အပူပိုင်းမုန်တိုင်းကြောင့် ဒီရက်ပိုင်း Andaman နဲ့ Nicobar ကျွန်းတွေမှာ မိုးသည်းထန်ပြီး၊ ဒီအပူပိုင်းမုန်တိုင်းငယ်ဟာ မကြာခင်မှာတော့ ဆိုက်ကလုံးမုန်တိုင်းတခုအဖြစ် အားကောင်းလာနိုင်တယ်ဆိုပြီး IMD အိန္ဒိယမိုးလေဝသဌာနက ကြေညာထားတာပါ။ မုန်တိုင်းဟာ မြောက်ပိုင်းကို ဦးတည်နေပြီး၊ အိန္ဒိယနိုင်ငံထက် မြန်မာနိုင်ငံဖက်ခြမ်းထဲ ကုန်းတွင်ပိုင်းကို ဝင်နိုင်တယ်လို့ ခန့်မှန်းထားတာပါ။ ဒါပေမယ့် လေကြောင်း ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ တွက်ဆချက်တွေ ရှိနေပါတယ်။ ကမ်းရိုးတန်းမှာရှိတဲ့ အိန္ဒိယပြည်နယ်တချို့ကိုတော့ အိန္ဒိယအာဏာပိုင်တွေက အရေးပေါ်အနေအထား ပြင်ဆင်ထားပါတယ်။

မြန်မာနိုင်ငံမှာလည်း သဘာဝကပ်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွေ ကျင်းပနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် မေလတုန်းကတော့ နာဂစ်ဆိုက်ကလုံးမုန်တိုင်းကြောင့် လူပေါင်းတသိန်းကျော်သေဆုံးခဲ့တဲ့အထိ အဆိုးဝါးဆုံး သဘာဝကပ်ဘေးအန္တရာယ်ဆိုက်ရောက်ခဲ့ဖူးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အားနည်းခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ကြုံခဲ့ရဖူးပါတယ်။

Mocha ဆိုင်ကလုန်း မြန်မာဘက်ဦးတည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG