သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုံးမိုကာ မြန်မာကို ဝင်နိုင်ခြေရှိ


Cyclone Mocha (Photo Credit: www.meteologix.com/in)
Cyclone Mocha (Photo Credit: www.meteologix.com/in)



မြန်မာနိုင်ငံမှာ လာမယ့်သီတင်းပတ် မေလ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ဆိုင်ကလုံးမုန်တိုင်း မိုကာဒဏ်ကိုခံရနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒေသတွင်းမှာ အပူရှိန်မြင့်တက်လာတာကနေ ရုတ်တရက်အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်တဲ့ ဆိုင်ကလုံးမုန်တိုင်း ဖြစ်လာစေနိုင်တယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့ပြင် အိန္ဒိယကမ်းရိုးတန်းနဲ့အနောက်ဘန်ဂေါအပါအဝင် ဝန်းကျင်ဒေသတခုလုံးမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းလည်း ပြောပါတယ်။

မေလ ၆ ရက်၊ စနေနေ့ အိန္ဒိယစံတော်ချိန် မနက် ၈ နာရီခွဲမှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းကနေ ဆိုင်ကလုံးမုန်တိုင်း စတင်ဖြစ်တည်လာပြီး တနင်္လာနေ့မှာတော့ ဒေသတွင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်တယ်လို့ အိန္ဒိယမိုးလေဝဿဌာနက တွက်ချက်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းက ဒီလေဖိအားနည်းရပ်ဝန်းဟာ ဗုဒ္ဓဟူးနေ့လောက်မှာ ဆိုင်ကလုံးမုန်တိုင်းအသွင်ပြောင်းသွားပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းဒေသဘက် ဦးတည်ရွေ့လျားနိုင်သလို မေလ ၁၃ စနေနေ့လောက်မှာတော့ အားပြင်းမုန်တိုင်းအဖြစ်နဲ့ မြန်မာကို ဝင်နိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံတွေမှာလည်း ဒီဆိုင်ကလုံးမုန်တိုင်းကြောင့် မိုးပြင်းထန်စွာရွာသွန်းနိုင်သလို့ ငါးဖမ်းသမားတွေအတွက် လှိုင်းကြီးမယ့်အန္တရာယ်တွေရှိနေတာကြောင့် မေလ ၁၁ နေ့အထိ ပင်လယ်ပြင်ကိုမသွားကြဖို့ အိန္ဒိယမိုးလေဝသဌာနက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုံးမိုကာ မြန်မာကို ဝင်နိုင်ခြေရှိ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG