သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ကမ္ဘာ့အကြီးဆုံးဒီရေတောနေရာ ပလပ်စတစ်အသုံးပြုမှု တားမြစ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးဒီရေတော Sundarbans (မတ်လ ၃၁၊ ၂၀၀၉ )
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးဒီရေတော Sundarbans (မတ်လ ၃၁၊ ၂၀၀၉ )

{{Zawgyi/Unicode}}

ခရီးသွားဧည့်သည်တွေရဲ့ ပလပ်စတစ်စွန့်ပစ်မှုကြောင့် ကမ္ဘာ့အကြီးဆုံး ဒီရေတောရှိတဲ့နေရာမှာ ဂေဟစနစ်တွေ ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်-ဆိုပြီး ပလပ်စတစ်အသုံးပြုမှုတားမြစ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘာဝထိန်းသိမ်းရေးသမားတွေက အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ Sundarban သစ်တောဟာဆိုရင် ကမ္ဘာ့အရှားပါးဆုံးသတ္တဝါတချို့ဖြစ်တဲ့ ဘင်္ဂလားကျားနဲ့ ဧရာဝတီလင်းပိုင်တို့ ကျင်လည်ကျက်စားတဲ့ နေရာဖြစ်သလို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နေရာလည်း ဖြစ်ပါတယ်။

အစိုးရရဲ့ထုတ်ပြန်ချက်တွေအရ ဒီနေရာကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၂ သိန်းလောက် လာရောက်လည်ပတ်ကြပါတယ်။ အဲဒီ့ ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲတွေကို ဆိုးဆိုးဝါးဝါး ပျက်စီးစေနေလို့ သစ်တောဧရိယာ စတုန်းမိုင်၂,၅၀၀ ကို တခါသုံး ပလပ်စတစ်တားမြစ်နယ်မြေအဖြစ် တနင်္လာနေ့နှောင်းပိုင်းက ကြေညာထားတာပါ။ ဒီအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက အားရကျေနပ်မှုရှိပေမယ့် ပိုမိုတင်းကျပ်တဲ့ အရေးယူမှုတွေ လိုတယ်လို့ ဆိုပါတယ်။

ခရီးသွားတွေ တောထဲကိုသွားတဲ့အခါမှာ တခါသုံးရေဗူးတွေ၊ အစာဗူးတွေ၊ အချိုရည်ဗူးတွေနဲ့ သံဗူးတွေယူလာတတ်ပြီး ဒါတွေကြောင့် ပတ်ဝန်းကျင်ထိမ်းသိမ်းဖို့ အလွန်ခက်တယ်လို့ အစိုးရသစ်တောတွေကို ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။

ဒီ Sundarban သစ်တောရဲ့ အစိတ်အပိုင်းတချို့ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်ဖြစ်နဲ့ ၁၉၉၇ ခုနှစ်ကတည်းက သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

============
{{Unicode}}

ဘငျ်ဂလားဒေ့ရျှ ကမ်ဘာ့အကွီးဆုံးဒီရတေောနရော ပလပျစတဈအသုံးပွုမှု တားမွဈ





============

XS
SM
MD
LG