သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံဥပဒေ အဟောင်းကိုပြန်ပြင်မလား အသစ်ရေးဆွဲမလား


ဘင်္ဂလားဒေ့ရှ်ယာယီဝန်ကြီးချုပ် မိုဟာမက်ယူနွတ်စ်
ဘင်္ဂလားဒေ့ရှ်ယာယီဝန်ကြီးချုပ် မိုဟာမက်ယူနွတ်စ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲဖို့လုပ်ဆောင်နေချိန် အားလုံးသဘောတူညီမှုကို အခြေခံမှသာ အဓွန့်ရှည် ခိုင်မြဲပြီး နိုင်ငံရေးတည်ငြိမ်မှုကိုရရှိနိုင်မှာဖြစ်တယ်လို့ နိုင်ငံတကာဥပ‌ဒေပညာရှင်တွေက ပြောနေကြပါတယ်။

ဒီလို ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးမှာ အဓိကကျတဲ့သူကို ဖယ်ချန်ခဲ့မလားဆိုတာ ရှိတ်ဟာစီနာနဲ့ သူမရဲ့အဝါမီအဖွဲ့ချုပ်ကို ဖယ်ရှားခဲ့ကြတဲ့ ဆန္ဒပြသမားတွေကြား စိုးရိမ်နေကြတာပါ။ ရက်သတ္တပတ် ၉ ပတ် ရှိလာခဲ့ပြီဖြစ်တဲ့ နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ် အစိုးရကတော့ အခြေခံအဆောက်အအုံတွေခိုင်မာရေးနဲ့ အာဏာပြအုပ်စိုးသူပြန်လည်မပေါ်ပေါက်စေဖို့ကြိုးမမ်းမှု တစိတ်တပိုင်းအဖြစ် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး အဖွဲ့တခုကို ဖွဲ့စည်းပေးထားပါတယ်။ ဒါပေမဲ့ ၅၂ နှစ်တာသက်တမ်း ရှိခဲ့ပြီးဖြစ်တဲ့ ဖွဲ့စည်းပုံ ဥပဒေဟောင်းကို ပြန်လည်ပြုပြင်မလား အသစ်ရေးဆွဲမလားဆိုတာ အခက်ကြုံနေရဆဲပါ။

အသစ်ပြန်ရေးရင် ဆန္ဒပြသမားတွေရဲ့ လိုလားချက်တွေကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အဟောင်းကိုပြန်ပြင်ရင်မြန်ဆန်မှာဖြစ်ပေမဲ့ ပြန်ပြင်ရုံနဲ့ မရနိုင်တဲ့ရှုပ်ထွေးတဲ့ အချက်တွေလည်းရှိနေတယ်လို့ ဆိုကြပါတယ်။ ပြုပြင်ရေးမှာသက်ဆိုင်တဲ့ ဘက်ပေါင်းစုံပါဝင်ဖို့ လိုတယ်လို့ ကျွမ်းကျင်သူတွေကဆိုကြသလို ဖွဲ့စည်းပုံရဲ့ အဓိကတာဝန်ဟာ နိုင်ငံရေးဆုံးဖြတ်ချက်ကို အကြမ်းဖက်မှုနဲ့ ကင်းရှင်းစေရေးဖြစ်တယ်လို့လည်း တချို့က ဆိုကြပြန်ပါတယ်။ အဝါမီအဖွဲ့ချုပ်နဲ့ BNP ခေါ် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီတို့ကြား နက်နက်ရှိုင်းရှိုင်းသဘောကွဲနေတဲ့ အတွက်လည်း ဖွဲ့စည်းပုံသစ်တရပ်အပေါ် သဘောတူညီမှုရရှိရေးဟာ များစွာ ခက်ခဲနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG