သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသားတွေအတွက် သန်းခေါင်စာရင်းကောက်


ဒါကာမြို့တောင်ဘက်ရှိ Cox's Baza အနီးကျူးကျော်ရပ်ကွက် (မေ ၂၁၊ ၂၀၁၅)
ဒါကာမြို့တောင်ဘက်ရှိ Cox's Baza အနီးကျူးကျော်ရပ်ကွက် (မေ ၂၁၊ ၂၀၁၅)

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ နေထိုင်တဲ့ တရားမဝင် မြန်မာနိုင်ငံသား အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကို သိရဖို့ အစိုးရက ပထမဆုံး စာရင်းကောက်ယူမှုတွေ ပြီးဆုံးခဲ့တဲ့အတွက် တနင်္လာနေ့မှာ နိုင်ငံခြား သံတမန်တွေကို ပြောကြားဖို့ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တဦးရဲ့ ပြောကြားချက်ကို တနင်္ဂနွေနေ့ထုတ် Dhaka Tribune မှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် သန်းကောင်စာရင်းဌာနက ဘန်ဒရာဘင်၊ Cox’s Bazar, Patus khali ၊ စစ်တကောင်း တောင်တန်း၊ Khagra chari နဲ့ စစ်တကောင်း ဒေသတွေမှာ ကောက်ခံခဲ့တာဖြစ်ကြောင်း တွေ့ရှိချက်တွေကို ဥရောပနဲ့ အမေရိကတိုက် နိုင်ငံတွေအပြင် အရှေ့တောင်အာရှ နိုင်ငံတွေက သံတမန်တွေ ကိုပါ ဖိတ်ခေါ်ပြောကြားဖို့ ရှိတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ ရိုဟင်ဂျာ ၅ သိန်းလောက် ရှိနေတယ်လို့ အများက ပြောနေပေမယ့် အရေအတွက် အတိအကျကို မသိရပဲ အခုတော့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ သန်းကောင်စာရင်းကို ကောက်ယူပြီးပြီ ဖြစ်သလို နောက်ဆုံး အချောသတ် အဆင့်ကိုတော့ လာမယ့် ၂ လ၊ ၃ လအတွင်း ရရှိမှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံခြားရေး အတွင်းဝန် M Shahidul Haque ဟာ ဒီလကုန်လောက်မှာ ဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရဲ့ အထူးစေလွှတ်ချက်အရ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ဖို့ရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအရာရှိကြီးတွေနဲ့ တွေ့ဆုံဖို့ ရှိကြောင်း ဖေါ်ပြထားပါတယ်။ ဒါဟာ ၂ နိုင်ငံကြား ဆယ်စုနှစ်ပေါင်း များစွာ ယုံကြည်မှုမရှိပဲ ဖြစ်နေတာကို ဖယ်ရှားနိုင်ဖို့နဲ့ ချစ်ကြည်မှု ရအောင်လုပ်ဖို့ ကျိုးစားမှု တခုလို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ် Hasina ဟာ ၂၀၁၁ ခုနှစ် တုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG