သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက် အကြမ်းဖက်သမား ငါးထောင်ကျော် ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး


Dhaka ထောင် အပြင်ဘက်တွင် လုံခြုံရေးရဲမှားကိုတွေ့ရစဉ်
Dhaka ထောင် အပြင်ဘက်တွင် လုံခြုံရေးရဲမှားကိုတွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဘာသာမတူတဲ့ လူနည်းစုတွေနဲ့ ဘာသာစွဲမထားတဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အစွန်းရောက် အကြမ်းဖက် လုပ်ဆောင်မှုတွေမှာ တာဝန်ရှိသူတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရှာဖွေရှင်းလင်းနေပြီး အခု ပထမ ၃ ရက်အတွင်းမှာပဲ ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယရှိသူ ၅ ထောင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတွေက ပြောပါတယ်။

ဖမ်းဆီးခဲ့တဲ ထဲမှာ စစ်သွေးကြွ ၈၅ ယောက် ပါဝင်ကြောင်းနဲ့ အခုဖမ်းဆီးထားသူတွေ အားလုံးကို တိကျတဲ့ စွဲချက်တွေ တင်ခဲ့တယ်လို့ ရဲချုပ် Shahidul Hoque က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ဆန်းကစပြီး အခုလို သေဆုံးရသူ ၃၀ ကျော်ဟာ စစ်သွေးကြွတွေရဲ့ လက်ချက်လို့ အပစ်တင်ခဲ့တာ ဖြစ်ပြီး သေဆုံးရသူတွေ အထဲမှာ ဘလေ့ာဂါတွေ၊ လိင်တူချစ်သူ ရပိုင်ခွင့် လှုပ်ရှားသူတွေ၊ ခရစ်ယံတွေနဲ့ ဟိန္ဒူဘာသာဝင်တွေ ပါဝင်ပါတယ်။ အဲဒီထဲက လူပေါင်း ၂၀ ကျော်သတ်ဖြတ်မှုအတွက် သူတို့လုပ်ဆောင်တာလို့ အိုင်အက်စ် စစ်သွေးကြွတွေက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာပဲ ဟိန္ဒူ ဘုရာကျောင်းက အလုပ်သမားတဦး၊ ဟိန္ဒူ ဘုန်းကြီး အိုကြီးတပါးနဲ့ ခရစ်ယာန်ကုန်သည်တဦးတို့ သေဆုံးခဲ့ တာဟာ သူတို့ရဲ့ လက်ချက်လို့ အိုင်အက်စ် စစ်သွေးကြွတွေက ကြေညာပါတယ်။ သူတို့ ၃ ဦးစလုံးဟာ ဓါးနဲ့ ခုတ်အသတ်ခံ ခဲ့ရတာပါ။ ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိကြီးတဦးရဲ့ ဇနီးဖြစ်သူ မူစလင် အမျိုးသမီး တဦးကိုလည်း ဓါးနဲ့ ထိုးပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

IS စစ်သွေးကြွတွေက သူတို့ လုပ်ဆောင်တယ်လို့ ကြေညာခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ သူတို့နိုင်ငံတွင်းမှာ နိုင်ငံခြား အကြမ်းဖက်အဖွဲ့တခုမှ မရှိဘူးလို့ အခုထိပဲ ခိုင်ခိုင်မာမာ ပြောဆိုနေတာပါ။ ဒါတင်မကပဲ အခုလို အကြမ်းဖက် လုပ်ရပ်တွေဟာ ပြည်တွင်း စစ်သွေးကြွတွေရဲ့ လုပ်ရပ်ဖြစ်ပြီး တချို့ဖြစ်ရပ်တွေမှာ အတိုက်အခံအဖွဲ့က လုပ်ဆောင်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ဘာသာစွဲမထားတဲ့ နိုင်ငံအဖြစ် တရားဝင် ရပ်တည်နေပေမယ့် မူစလင် ၉၀ % ရှိတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG