သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚလာေငြလဲႊစနစ္ ကန္႔သတ္မႈမရွိေၾကာင္း ျမန္မာဗဟိုဘဏ္ေျပာ


ရန္ကုန္ၿမိဳ႕ရွိ CB ဘဏ္ ATM တြင္ ေငြထုတ္ရန္ေစာင့္ေနသူမ်ား။ ေမ ၁၃၊ ၂၀၂၁။

{{Zawgyi/Unicode}}

ႏိုင္ငံတကာသုံး ေငြေပးေခ်စနစ္တခုျဖစ္တဲ့ Visa စနစ္သံုး ဘဏ္ကဒ္ေတြထဲကို ျမန္မာက်ပ္ေငြစာရင္းကေန အေမရိကန္ေဒၚလာအျဖစ္ လႊဲေျပာင္းယူတဲ့ အြန္လိုင္းဝန္ေဆာင္မႈကို ျပည္တြင္းဘဏ္တခ်ိဳ႕က ယာယီကန႔္သတ္လိုက္ၿပီဆိုတဲ့ သတင္းေတြ ဒီရက္ပိုင္းထြက္ေပၚခဲ့ပါတယ္။ ျမန္မာႏိုင္ငံဗဟိုဘဏ္ရဲ႕ အႀကီးတန္း တာဝန္ရွိသူကေတာ့ ဒီလိုကန္႔သတ္ဖုိ႔ ညြန္ၾကားမထားဘဲ အရင္အတိုင္းပဲ ဆက္ၿပီးအသုံးျပဳႏိုင္မယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကိုေတာ့ ဗြီအိုေအသတင္းေထာက္ ကိုရဲမြန္ က ေျပာျပမွာပါ။

ျမန္မာႏိုင္ငံမွာ ဗီဇာကဒ္သံုးသူေတြအေနနဲ႔ ျမန္မာက်ပ္ေငြ ဘဏ္စာရင္းကေန ႏိုင္ငံျခားေငြေၾကးသံုးစဲြႏုိင္တဲ့ ဗီဇာကဒ္ထဲ အြန္လိုင္းက ေငြျဖည့္သြင္းတာကို ဘဏ္တခ်ိဳ႕က ယာယီကန႔္သတ္ ထားတယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ ဒီလိုကန္႔သတ္ဖို႔ ဗဟိုဘဏ္က ညြန္ၾကား မထားဘူးလို႔ ဗဟိုဘဏ္တာဝန္ရွိသူက ေျပာၾကားလိုက္ပါတယ္။

အေမရိကန္ေဒၚလာေငြလဲႏႈန္း ဗဟိုဘဏ္သတ္မွတ္ေစ်း ၁၆၆၀ ဝန္းက်င္႐ွိေနခ်ိန္ အျပင္ေစ်းကြက္မွာ တေဒၚလာကို ျမန္မာေငြ ၁၇၅၀ ဝန္းက်င္ေပါက္ခဲ့ၿပီးေနာက္ အခုလို ကန႔္သတ္လိုက္တယ္ဆိုတဲ့ သတင္းေတြ ဒီရက္ပိုင္းမွာ ထြက္ေပၚခဲ့တာပါ။ ဗဟိုဘဏ္ဒုဥကၠ႒ ဦးဝင္းေသာ္ကေတာ့ ဗဟိုဘဏ္က ဒီလိုလုပ္ဖုိ႔ ၫႊန္ၾကားထားတာမရွိသလို၊ အရင္ ဝန္ေဆာင္မႈေတြအတိုင္းပဲ ဆက္ၿပီး အသုံးျပဳႏိုင္တယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

“ ဒါ ဘဏ္တဘဏ္ကေနၿပီးေတာ့ လိုအပ္ခ်က္အရ သူ႔ရဲ႕ဘဏ္ management အရ ကန႔္သတ္တာပါ။ အဲဒီကန႔္သတ္တဲ့အေပၚမွာ မူတည္ၿပီးမွ သတင္းက ေလွ်ာက္ပြသြားတာ။ အဲဒီကန႔္သတ္ခ်က္ကလည္းအခု မဟုတ္ေတာ့ပါဘူး။ ၿပီးသြားပါၿပီ။ ကန႔္သတ္တဲ့ အခ်ိန္ေလးတခုမွာ အကုန္လုံးကန႔္သတ္သလိုလို၊ အစိုးရကပဲ ကန႔္သတ္ခိုင္းသလိုလို၊ သတင္းအမွားေတြ ေလွ်ာက္ျဖန႔္ၿပီးေတာ့ ေဖ့စ္ဘြတ္မွာတက္သြားတာ။ ဗဟိုဘဏ္လည္း အဲဒီကိစၥကို ကန႔္သတ္တာ မရွိပါဘူး။”

ေဒၚလာေငြလဲႏႈန္းအတြက္ ဗဟိုဘဏ္က ရည္ၫႊန္းတန္ဖိုးတခုကို ေန႔တိုင္း သတ္မွတ္ပါတယ္။ ဗဟိုဘဏ္သတ္မွတ္ထားတဲ့ တေဒၚလာတန္ဖိုး ၁၆၆၀ ဝန္းက်င္ထက္ ျပင္ပေပါက္ေစ်းက ၁ ေဒၚလာ က်ပ္ ၁ ရာေလာက္ကြာေနခ်ိန္၊ ဗီဇာကဒ္ေတြထဲ ေငြျဖည့္ဖုိ႔ အြန္လိုင္းအစား ဘဏ္မွာ ေငြသားေပး လာျဖည့္ရမယ္လို႔ဘဏ္တခ်ဳိ႕က သတ္မွတ္တဲ့သတင္းေတြ ထြက္ေပၚခဲ့တာပါ။ ျမန္မာေငြ ဘဏ္စာရင္းကေန ဗီဇာကတ္ထဲ ေဒၚလာအျဖစ္ ေျပာင္းၿပီးထည့္တာကို တရားဝင္ႏႈန္းနဲ႔ လဲမေပးႏိုင္တဲ့ ဘဏ္တခ်ိဳ႕က ကန႔္သတ္လိုက္တာ ျဖစ္ႏိုင္ေၾကာင္း ဗီဇာကတ္သုံးေနတဲ့ လုပ္ငန္းရွင္တဦးက ေျပာျပပါတယ္။

“ က်ေနာ္က က်ပ္ေငြအေကာင့္ထဲကေနဝယ္ၿပီး ဗီဇာထဲထည့္မယ္ဆိုရင္ အဲဒီသတ္မွတ္ေစ်းအတိုင္း ေရာင္းေပးရမလိုျဖစ္ေတာ့ သူကဘဏ္က မေရာင္းေပးေတာ့ဘူး။ ဒီလိုျဖစ္လိမ့္မယ္။ ကြာေနတာကိုး၊ ၅၀-၁၀၀ ၾကား ၈၀-၉၀-၁၀၀ အထိ တေဒၚလာအေပၚမွာ ကြာေနတာကိုး လက္ေတြ႕ေစ်းနဲ႔ေလ။ အဲဒီျပႆနာက ဗီဇာကတ္ထဲကို ေဒၚလာထည့္ဖို႔တင္မကဘူး ေဒၚလာနဲ႔ေခ်ရတယ္၊ လဲရမယ္ဆိုတာေတြမွာ ျပႆနာ တက္ေနတယ္ဆိုပါေတာ့ အဲလိုျဖစ္ေနတယ္။”

ေဒၚလာေငြလဲႏႈန္း တည္ၿငိမ္ဖို႔အတြက္ ဗဟိုဘဏ္က ေဒၚလာေငြကို ေစ်းၿပိဳင္စနစ္နဲ႔ ေရာင္းခ်ေနၿပီး ဩဂုတ္လ ၂၃ ရက္မွာ ၁၀ သန္း၊ ဩဂုတ္လ ၂၅ ရက္မွာ ၅ သန္း ေရာင္းခ်ထားတာေတြ႕ရပါတယ္။ ဩဂုတ္လ ၂၇ ရက္မွာ ေသာၾကာေန႔ကလည္း ဗဟိုဘဏ္နဲ႔ ျပည္တြင္းပုဂၢလိကဘဏ္ေတြ၊ လုပ္ငန္းရွင္ေတြ အစည္းအေဝးလုပ္ခဲ့ၿပီး လုပ္ငန္းရွင္ေတြနဲ႔ ဘဏ္ေတြအၾကား အဆင္မေျပမႈေတြရွိမရွိ၊ သြင္းကုန္လုပ္ငန္းရွင္ေတြလိုအပ္တဲ့ ေဒၚလာေငြပမာဏ၊ ဘဏ္ေတြေရာင္းေပးႏိုင္တဲ့ အေျခအေန ဒါေတြကိုေဆြးေႏြးခဲ့တယ္လို႔ ဗဟိုဘဏ္တာဝန္ရွိသူက ဗြီအိုေအကို ေျပာၾကားခဲ့ပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

နိုင်ငံတကာသုံး ငွေပေးချေစနစ်တခုဖြစ်တဲ့ Visa စနစ်သုံး ဘဏ်ကဒ်တွေထဲကို မြန်မာကျပ်ငွေစာရင်းကနေ အမေရိကန်ဒေါ်လာအဖြစ် လွှဲပြောင်းယူတဲ့ အွန်လိုင်းဝန်ဆောင်မှုကို ပြည်တွင်းဘဏ်တချို့က ယာယီကန့်သတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းထွက်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ အကြီးတန်း တာဝန်ရှိသူကတော့ ဒီလိုကန့်သတ်ဖို့ ညွန်ကြားမထားဘဲ အရင်အတိုင်းပဲ ဆက်ပြီးအသုံးပြုနိုင်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုရဲမွန် က ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ဗီဇာကဒ်သုံးသူတွေအနေနဲ့ မြန်မာကျပ်ငွေ ဘဏ်စာရင်းကနေ နိုင်ငံခြားငွေကြေးသုံးစွဲနိုင်တဲ့ ဗီဇာကဒ်ထဲ အွန်လိုင်းက ငွေဖြည့်သွင်းတာကို ဘဏ်တချို့က ယာယီကန့်သတ် ထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဒီလိုကန့်သတ်ဖို့ ဗဟိုဘဏ်က ညွန်ကြား မထားဘူးလို့ ဗဟိုဘဏ်တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။

အမေရိကန်ဒေါ်လာငွေလဲနှုန်း ဗဟိုဘဏ်သတ်မှတ်ဈေး ၁၆၆၀ ဝန်းကျင်ရှိနေချိန် အပြင်ဈေးကွက်မှာ တဒေါ်လာကို မြန်မာငွေ ၁၇၅၀ ဝန်းကျင်ပေါက်ခဲ့ပြီးနောက် အခုလို ကန့်သတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းမှာ ထွက်ပေါ်ခဲ့တာပါ။ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်ကတော့ ဗဟိုဘဏ်က ဒီလိုလုပ်ဖို့ ညွှန်ကြားထားတာမရှိသလို၊ အရင် ဝန်ဆောင်မှုတွေအတိုင်းပဲ ဆက်ပြီး အသုံးပြုနိုင်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ဒါ ဘဏ်တဘဏ်ကနေပြီးတော့ လိုအပ်ချက်အရ သူ့ရဲ့ဘဏ် management အရ ကန့်သတ်တာပါ။ အဲဒီကန့်သတ်တဲ့အပေါ်မှာ မူတည်ပြီးမှ သတင်းက လျှောက်ပွသွားတာ။ အဲဒီကန့်သတ်ချက်ကလည်းအခု မဟုတ်တော့ပါဘူး။ ပြီးသွားပါပြီ။ ကန့်သတ်တဲ့ အချိန်လေးတခုမှာ အကုန်လုံးကန့်သတ်သလိုလို၊ အစိုးရကပဲ ကန့်သတ်ခိုင်းသလိုလို၊ သတင်းအမှားတွေ လျှောက်ဖြန့်ပြီးတော့ ဖေ့စ်ဘွတ်မှာတက်သွားတာ။ ဗဟိုဘဏ်လည်း အဲဒီကိစ္စကို ကန့်သတ်တာ မရှိပါဘူး။”

ဒေါ်လာငွေလဲနှုန်းအတွက် ဗဟိုဘဏ်က ရည်ညွှန်းတန်ဖိုးတခုကို နေ့တိုင်း သတ်မှတ်ပါတယ်။ ဗဟိုဘဏ်သတ်မှတ်ထားတဲ့ တဒေါ်လာတန်ဖိုး ၁၆၆၀ ဝန်းကျင်ထက် ပြင်ပပေါက်ဈေးက ၁ ဒေါ်လာ ကျပ် ၁ ရာလောက်ကွာနေချိန်၊ ဗီဇာကဒ်တွေထဲ ငွေဖြည့်ဖို့ အွန်လိုင်းအစား ဘဏ်မှာ ငွေသားပေး လာဖြည့်ရမယ်လို့ဘဏ်တချို့က သတ်မှတ်တဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ မြန်မာငွေ ဘဏ်စာရင်းကနေ ဗီဇာကတ်ထဲ ဒေါ်လာအဖြစ် ပြောင်းပြီးထည့်တာကို တရားဝင်နှုန်းနဲ့ လဲမပေးနိုင်တဲ့ ဘဏ်တချို့က ကန့်သတ်လိုက်တာ ဖြစ်နိုင်ကြောင်း ဗီဇာကတ်သုံးနေတဲ့ လုပ်ငန်းရှင်တဦးက ပြောပြပါတယ်။

“ ကျနော်က ကျပ်ငွေအကောင့်ထဲကနေဝယ်ပြီး ဗီဇာထဲထည့်မယ်ဆိုရင် အဲဒီသတ်မှတ်ဈေးအတိုင်း ရောင်းပေးရမလိုဖြစ်တော့ သူကဘဏ်က မရောင်းပေးတော့ဘူး။ ဒီလိုဖြစ်လိမ့်မယ်။ ကွာနေတာကိုး၊ ၅၀-၁၀၀ ကြား ၈၀-၉၀-၁၀၀ အထိ တဒေါ်လာအပေါ်မှာ ကွာနေတာကိုး လက်တွေ့ဈေးနဲ့လေ။ အဲဒီပြဿနာက ဗီဇာကတ်ထဲကို ဒေါ်လာထည့်ဖို့တင်မကဘူး ဒေါ်လာနဲ့ချေရတယ်၊ လဲရမယ်ဆိုတာတွေမှာ ပြဿနာ တက်နေတယ်ဆိုပါတော့ အဲလိုဖြစ်နေတယ်။”

ဒေါ်လာငွေလဲနှုန်း တည်ငြိမ်ဖို့အတွက် ဗဟိုဘဏ်က ဒေါ်လာငွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချနေပြီး ဩဂုတ်လ ၂၃ ရက်မှာ ၁၀ သန်း၊ ဩဂုတ်လ ၂၅ ရက်မှာ ၅ သန်း ရောင်းချထားတာတွေ့ရပါတယ်။ ဩဂုတ်လ ၂၇ ရက်မှာ သောကြာနေ့ကလည်း ဗဟိုဘဏ်နဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ၊ လုပ်ငန်းရှင်တွေ အစည်းအဝေးလုပ်ခဲ့ပြီး လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေအကြား အဆင်မပြေမှုတွေရှိမရှိ၊ သွင်းကုန်လုပ်ငန်းရှင်တွေလိုအပ်တဲ့ ဒေါ်လာငွေပမာဏ၊ ဘဏ်တွေရောင်းပေးနိုင်တဲ့ အခြေအနေ ဒါတွေကိုဆွေးနွေးခဲ့တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG