သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ Harris ကို သမ္မတဟောင်း အိုဘားမား ညီလာခံမှာ ထောက်ခံပြောကြား


ဒီမိုကရက်တစ်ပါတီညီလာခံ ဒုတိယနေ့ညမှာ မိန့်ခွန်းပြောနေတဲ့ သမ္မတဟောင်း ဘားရက် အိုးဘားမား (ဩဂုတ် ၂၁၊ ၂၀၂၄)
ဒီမိုကရက်တစ်ပါတီညီလာခံ ဒုတိယနေ့ညမှာ မိန့်ခွန်းပြောနေတဲ့ သမ္မတဟောင်း ဘားရက် အိုးဘားမား (ဩဂုတ် ၂၁၊ ၂၀၂၄)

ဒီမိုကရက်တစ်ပါတီညီလာခံ ဒုတိယနေ့ညမှာ သမ္မတဟောင်း Obama တို့ ဇနီးမောင်နှံက ဒုသမ္မတ Kamala Harris ကို ထောက်ခံ အားပေးတဲ့စကားတွေ ပြောကြားခဲ့ကြတဲ့ တချိန်ထဲမှာဘဲ ပြိုင်ဘက် Donald Trump ကိုလည်း ထိုးနှက် တိုက်ခိုက်ခဲ့ကြပါတယ်။

သမ္မတလောင်း Harris နဲ့ ဒုသမ္မတလောင်း Walz တို့ကတော့ ညီလာခံကျင်းပနေတဲ့ Illinois ပြည်နယ်နဲ့ကပ်လျှက်မှာရှိတဲ့ Wisconsin ပြည်နယ်၊ Milwaukee မြို့ကိုသွားပြီး ထောက်ခံသူတွေကို မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။ ဒီမိုကရက်ပါတီဝင်တွေက ပျော်ရွှင်စွာနဲ့ ညီလာခံကို ကျင်းပနေကြတဲ့ တချိန်ထဲမှာဘဲ ဒီနှစ် ရွေးကောက်ပွဲဟာ တဘက်နဲ့တဘက် အပြတ်အသတ် အသာစီးရမနေဘဲ နောက်ဆုံးအချိန်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် ရွေးကောက်ပွဲဆိုတာကို ဒီမိုကရက်ပါတီဝင်တွေက သဘောပေါက်နေကြပါတယ်။

ရီပတ်ဘလီကန်ပါတီ ညီလာခံကျင်းပချိန်က Donald Trump တဦးထဲအတွက် ဦးစားပေး ပြောဆိုခဲ့ကြပေမယ့် ဒီမိုကရက်တွေကတော့ ဒုသမ္မတ Harris ကို အရင် သမ္မတဟောင်းတွေနဲ့ နိုင်းယှဉ်ပြီး ချီးမွမ်းထောပနာ ပြုခဲ့ကြပါတယ်။


အဓိက ထောက်ခံ အားပေးစကား ပြောကြားခဲ့ကြသူတွေကတော့ သမ္မတဟောင်း Barack Obama နဲ့ သမ္မတကတော့ Michelle Obama တို့ ဖြစ်ပါတယ်။ Michelle Obama က “အမေရိကန်တို့ရဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန် နိုးကြားလာပြီ” - လို့ သူမရဲ့ ခင်ပွန်း သမ္မတဟောင်း Obama စကားနဲ့ နှိုင်းယှဉ်ပြီး ဒုသမ္မတ Harris ကို ထောက်ခံ အားပေးစကား ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်း Obama ကလည်း၂၀၀၄ ခုနှစ် လွန်ခဲ့တဲ့ အနှစ် ၂၀ က ကျင်းပခဲ့တဲ့ ဒီမိုကရက်ပါတီညီလာခံမှာ သူ ပထမဆုံးအကြိမ် စကားပြောခွင့်ရတဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး - ဒီပါတီညီလာခံက ဒီတိုင်းပြည်မှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ ယုံကြည်တဲ့ ထူးဆန်းတဲ့နံမည်ရှိသူ လူငယ်တွေကို ချီးမြှောက်ပေးလေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Obama တို့ ဇနီးမောင်နှံအပြင် အရင် အမေရိကန်သမ္မတဟောင်းတွေဖြစ်ကြတဲ့ Jimmy Carter နဲ့ John F. Kennedy တို့ရဲ့ မြေးတွေကလည်း Harris ဟာ ဒီမိုကရက်ခေါင်းဆောင်တွေရဲ့ အရိုက်အရာကို အမွေဆက်ခံထိုက်သူအဖြစ် ချီးမွမ်း ပြောကြားခဲ့ပါတယ်။

ဒုသမ္မတ Harris ကို သမ္မတဟောင်း အိုဘားမား ညီလာခံမှာ ထောက်ခံပြောကြား
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG