သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း အိုဘားမား DNC ဒုတိယနေ့ညမိန့်ခွန်းပြောမည်

DNC ဒုတိယနေ့မှာ မိန့်ခွန်းပြောမယ့် သမ္မတဟောင်း ဘာရက် အိုဘားမား
DNC ဒုတိယနေ့မှာ မိန့်ခွန်းပြောမယ့် သမ္မတဟောင်း ဘာရက် အိုဘားမား

ဒီမိုကရက်ပါတီညီလာခံ ဒုတိယနေ့မှာ ယခင် သမ္မတ Barack Obama, သူ့ ဇနီး Michelle Obama နဲ့ ဒုတိယသမ္မတ ကင်မလာ ဟဲရစ်ရဲ့ ခင်ပွန်း Doug Emhoff တို့ စကားပြောကြမှာ ဖြစ်ပါတယ်။

ဒုတိယနေ့ စကားပြောမယ့်အထဲ ထူးထူးခြားခြား ပါဝင်လာသူကတော့ ရီပါဘလီကန် ပါတီက အရီဇိုးနား ပြည်နယ် Mesa မြို့တော်ဝန်၊ John Giles ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီသမ္မတလောင်းအတွက် စကားပြောပေးမယ့် ရီပတ်ဘလီကန် Mesa မြို့တော်ဝန် John Giles
ဒီမိုကရက်ပါတီသမ္မတလောင်းအတွက် စကားပြောပေးမယ့် ရီပတ်ဘလီကန် Mesa မြို့တော်ဝန် John Giles

သူဟာ အရီဇိုးနားက ကင်မလာ ဟဲရစ်အတွက် ရီပါဘလီကန်များကော်မီတီရဲ့ ပူးတွဲ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဒီမိုကရက် ပါတီညီလာခံမှာ စကားပြောတာအပါအဝင် ကင်မလာ ဟဲရစ်အရွေးခံရဖို့ အရာရာလုပ်ပေးဖို့ စီစဥ်ထားကြောင်း John Giles က ကြေညာချက် ထုတ်ပြန်ထားတယ်လို့ အရီဇိုးနားက အင်တာနက်သတင်းစာ AZCentral က ဆိုပါတယ်။ သူက ထရမ့်နဲ့ ရီပါဘလီကန်ပါတီတွင်းမှာ သဘောထား ကွဲတဲ့သူပါ။

ဒုတိယနေ့ အပါအဝင် ကျန် ၃ ရက်မှာ အကြိတ်အနယ်ယှဥ်ပြိုင်ကြရမယ့်ပြည်နယ်တွေက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေက စကားပြောကြမှာ ဖြစ်တယ်လို့ ကင်မလာ ဟဲရစ် မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။ ဒီစာရင်းမှာ နီဗားဒါး၊ မစ်ရှီဂန်၊ ပင်န်ဆယ်ဗေးနီးယား နဲ့ အရီဇိုးနား ပြည်နယ်တွေက အထက်နဲ့ အောက်လွှတ်တော်အမတ်တွေပါဝင်ကြသလို မစ်ရှီဂန် ပြည်နယ်ကအုပ်ချုပ်ရေးမှူး Gretchen Whitmer လည်းပါဝင်ပါတယ်။ အင်္ဂါနေ့မနက်မှာ အစ္စရေး ထောက်ခံသူများက ရှီကာဂို မြို့လည်မှာ ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတဟောင်း အိုဘားမား DNC ဒုတိယနေ့ညမိန့်ခွန်းပြောမည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG