သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ ဟဲရစ်ကို ထောက်ခံမှုပေးကြဖို့ သမ္မတဘိုင်ဒင် ပါတီညီလာခံမှာတိုက်တွန်း


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris နဲ့ သမ္မတ Joe Biden တို့ကို ဒီမိုကရက်တစ်ပါတီညီလာခံမှာ တွေ့ရစဉ် (ဩဂုတ် ၂၀၊ ၂၀၂၄)
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris နဲ့ သမ္မတ Joe Biden တို့ကို ဒီမိုကရက်တစ်ပါတီညီလာခံမှာ တွေ့ရစဉ် (ဩဂုတ် ၂၀၊ ၂၀၂၄)

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris အနေနဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump ကို အသာစီးရလာနေတဲ့အပေါ် သမ္မတ Joe Biden က မနေ့က စတင်တဲ့နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ DNC ညီလာခံမှာ ချီးကျူးပြောဆိုပါတယ်။

အမေရိကန် ဒီမိုကရေစီအတွက် Harris ဟာ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်တယ်လို့လည်း ပြောဆိုသလို အလုပ်အကိုင် အများအပြား ဖန်တီးပေးနိုင်ခဲ့တဲ့ သမ္မတ Biden အစိုးရအဖွဲ့ရဲ့ အောင်မြင်မှုတွေအပါအဝင် ဒုသမ္မတ Kamala Harris ကို ဝန်းရံထောက်ခံကြဖို့လည်း သမ္မတ Biden တိုက်တွန်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump ရဲ့ အားနည်းချက်တွေကို ထောက်ပြခဲ့သလို ဒုသမ္မတ Kamala Harris နဲ့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz တို့အတွက် သူအကောင်းဆုံး ကူညီသွားမှာဖြစ်တယ်လို့ သမ္မတ Biden က ပြောပါတယ်။

ဒုသမ္မတ Kamala Harris လည်း သမ္မတ Biden ရဲ့ ဦးဆောင်မှုကို ဂုဏ်ပြုပြောဆိုပြီး ဘဝတလျှောက် နိုင်ငံအကျိုး ထမ်းဆောင်ခဲ့ပုံကို ချီးကျုးပြောဆိုပါတယ်။ သမ္မတ Joe Biden ဟာ သမ္မတ ဒုတိယသက်တမ်းကို ဝင်မပြိုင်တော့ပဲ ဒုသမ္မတ Kamala Harris ဝင်ပြိုင်ဖို့အတွက် လမ်းဖေါက်ပေးခဲ့သူပါ။

သြဂုတ်လ ၁၉ ရက်နေ့မှာ စတင်တဲ့ ဒီမိုကရက်တစ်ပါတီ ညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ သမ္မတ Biden ဝင်ရောက်လာတဲ့အခါ ညီလာခံတက်ရောက်သူတွေက ၄ မိနစ်ကျော်ကြာ မတ်တပ်ရပ် လက်ခုပ်သြောဘာ ပေးခဲ့ကြပြီး သမ္မတ Bidenကို ကျေးဇူးတင်ပါကြောင်း ကြွေးကြော်ခဲ့ကြသလို သမ္မတ Joe Biden ကလည်း America I love you ဆိုပြီး ပြောကြားခဲ့ပါတယ်။ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီညီလာခံကို သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့မှာ ကျင်းပမှာ ဖြစ်ပြီး ဒီညီလာခံကနေ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ဒုသမ္မတ Kamala Harris နဲ့ ဒုသမ္မတလောင်းအဖြစ် မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz တို့ကို အတည်ပြုမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG