သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားသူႀကီး Barrett ခန္႔ထားေရး ဒီကေန႔ ေနာက္ဆံုးၾကားနာမယ္


အေမရိကန္တရား႐ုံးခ်ဳပ္တရားသူႀကီးအျဖစ္နဲ႔ အဆုိတင္သြင္းခံထားရတဲ့ တရားသူႀကီး Amy Coney Barrett (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ အထက္လႊတ္ေတာ္ တရားေရးေကာ္မတီအဖဲြ႔၀င္ေတြဟာ ဒီေန႔မွာေတာ့ အေမရိကန္တရား႐ုံးခ်ဳပ္တရားသူႀကီးအျဖစ္နဲ႔ အဆုိတင္သြင္းခံထားရတဲ့ တရားသူႀကီး Amy Coney Barrett ကို ေထာက္ခံသူေတြနဲ႔ ကန္႔ကြက္တဲ့သူေတြ ႏွစ္ဘက္လံုးရဲ႕ ေျပာဆိုခ်က္ေတြကို ၾကားနာသြားမွာျဖစ္ပါတယ္။

တရားသူႀကီး Barrett ကို အတည္ျပဳခန္႔ထားေရး ေနာက္ဆံုးအဆင့္ မဲခြဲဆံုးျဖတ္ဖို႔ကို ေအာက္တိုဘာလ ၂၂ ရက္ သီတင္းပတ္မွာလုပ္ဖို႔အတြက္ ဒီမိုကရက္ေတြက အထက္လႊတ္ေတာ္ တရားေရးေကာ္မတီရဲ႕ စည္းကမ္းသတ္မွတ္ခ်က္ေတြကို သံုးၿပီး တြန္းအားေပးမယ္လုိ႔ ခန္႔မွန္းထားပါတယ္။ အထက္လႊတ္ေတာ္တခုလုံံး မဲခြဲဖို႔ကိစၥကေတာ့ အခုလအကုန္ေလာက္မွာ ျဖစ္လာႏုိင္ပါတယ္။

ဗုဒၶဟူးေန႔ကေတာ့ တတိယေျမာက္ေန႔အျဖစ္နဲ႔ ၾကားနာခဲ့တာမွာ ဒီမုိကရက္ေတြက လာမယ့္ အေရးႀကီးတဲ့ အမႈကိစၥနဲ႔ ပတ္သက္ၿပီး အဓိက ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ တကယ္လို႔ အဲဒီအမႈမွာ တရား႐ုံးခ်ဳပ္က အမိန္႔ကို ေျပာင္းလဲၿပီးေတာ့ ဆုံးျဖတ္လိုက္လို႔ အေမရိကန္ျပည္သူ သန္းေပါင္းမ်ားစြာအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ အာမခံနဲ႔ပတ္သက္ၿပီး ထိခုိက္မႈရွိလာႏုိင္မလားဆုိၿပီး အဓိက ေမးခဲ့ၾကတာျဖစ္ပါတယ္။ တရားသူႀကီး Barrett ကေတာ့ သူ႔အေနနဲ႔ အိုဘားမားအစိုးရလက္ထက္က အတည္ျပဳခဲ့တဲ့ Affordable Care Act လို႔ေခၚတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈဥပေဒကို အျပင္းအထန္ဆန္႔က်င္သူမဟုတ္ေၾကာင္း ထပ္ေလာင္းေျပာၾကားလိုက္ပါတယ္။ ဒီဥပေဒကိုေတာ့ လာမယ့္ ႏုိ၀င္ဘာ ၁၀ ရက္ေန႔မွာ အေမရိကန္တရား႐ုံးခ်ဳပ္မွာ ၾကားနာမွာျဖစ္ပါတယ္။ တရားသူႀကီး Barrett ကို အဂၤါေန႔က အထက္လႊတ္ေတာ္မွာ ၁၂ နာရီၾကာ ေမးခြန္းေတြထုတ္ခဲ့ၾကၿပီးတဲ့ေနာက္ မေန႔က ဒုတိယေျမာက္ေန႔အျဖစ္နဲ႔ ထပ္ၿပီး ေမးခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီၾကားနာမႈအတြင္း တရားသူႀကီး Barrett ဟာ ေမးခြန္းေတြအေတာ္မ်ားမ်ားကိုလည္း ေျဖဆုိသြားျခင္းမရွိခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရားသူကြီး Barrett ခန့်ထားရေး ဒီကနေ့ နောက်ဆုံးကြားနာမယ်

အမေရိကန် အထက်လွှတ်တော် တရားရေးကော်မတီအဖွဲ့ဝင်တွေဟာ ဒီနေ့မှာတော့ အမေရိကန်တရားရုံးချုပ်တရားသူကြီးအဖြစ်နဲ့ အဆိုတင်သွင်းခံထားရတဲ့ တရားသူကြီး Amy Coney Barrett ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်တဲ့သူတွေ နှစ်ဘက်လုံးရဲ့ ပြောဆိုချက်တွေကို ကြားနာသွားမှာဖြစ်ပါတယ်။

တရားသူကြီး Barrett ကို အတည်ပြုခန့်ထားရေး နောက်ဆုံးအဆင့် မဲခွဲဆုံးဖြတ်ဖို့ကို အောက်တိုဘာလ ၂၂ ရက် သီတင်းပတ်မှာလုပ်ဖို့အတွက် ဒီမိုကရက်တွေက အထက်လွှတ်တော် တရားရေးကော်မတီရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို သုံးပြီး တွန်းအားပေးမယ်လို့ ခန့်မှန်းထားပါတယ်။ အထက်လွှတ်တော်တခုလုံံး မဲခွဲဖို့ကိစ္စကတော့ အခုလအကုန်လောက်မှာ ဖြစ်လာနိုင်ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ တတိယမြောက်နေ့အဖြစ်နဲ့ ကြားနာခဲ့တာမှာ ဒီမိုကရက်တွေက လာမယ့် အရေးကြီးတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး အဓိက မေးခွန်းထုတ်ခဲ့ကြပါတယ်။ တကယ်လို့ အဲဒီအမှုမှာ တရားရုံးချုပ်က အမိန့်ကို ပြောင်းလဲပြီးတော့ ဆုံးဖြတ်လိုက်လို့ အမေရိကန်ပြည်သူ သန်းပေါင်းများစွာအတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံနဲ့ပတ်သက်ပြီး ထိခိုက်မှုရှိလာနိုင်မလားဆိုပြီး အဓိက မေးခဲ့ကြတာဖြစ်ပါတယ်။ တရားသူကြီး Barrett ကတော့ သူ့အနေနဲ့ အိုဘားမားအစိုးရလက်ထက်က အတည်ပြုခဲ့တဲ့ Affordable Care Act လို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို အပြင်းအထန်ဆန့်ကျင်သူမဟုတ်ကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။ ဒီဥပဒေကိုတော့ လာမယ့် နိုဝင်ဘာ ၁၀ ရက်နေ့မှာ အမေရိကန်တရားရုံးချုပ်မှာ ကြားနာမှာဖြစ်ပါတယ်။ တရားသူကြီး Barrett ကို အင်္ဂါနေ့က အထက်လွှတ်တော်မှာ ၁၂ နာရီကြာ မေးခွန်းတွေထုတ်ခဲ့ကြပြီးတဲ့နောက် မနေ့က ဒုတိယမြောက်နေ့အဖြစ်နဲ့ ထပ်ပြီး မေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီကြားနာမှုအတွင်း တရားသူကြီး Barrett ဟာ မေးခွန်းတွေအတော်များများကိုလည်း ဖြေဆိုသွားခြင်းမရှိခဲ့ပါဘူး။

XS
SM
MD
LG