သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကြယ္လြန္သူ ပုပ္ရဟန္းမင္းႀကီးေဟာင္း အတြက္ ကမာၻ႔ေခါင္းဆောင္ေတြ ဝမ္းနည္းစကားဆို


ျမန္မာ့ႏုိင္ငံေရး ဆက္လက္ ေတြ႔ဆုံေဆြးေႏြးဖုိ႔ ပုပ္ရဟန္းမင္း ႏုိးေဆာ္

ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict XVI ဟာ သက္ေတာ္ ၉၅ ႏွစ္ အရြယ္ စေနေန႔မွာ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

Zawgyi

ကြယ္လြန္သူ ပုပ္ရဟန္းမင္းႀကီးေဟာင္း အတြက္ ကမာၻ႔ေခါင္းဆောင္ေတြ ဝမ္းနည္းစကားဆို

ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict XVI ဟာ သက္ေတာ္ ၉၅ ႏွစ္ အရြယ္ စေနေန႔မွာ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။ကက္သလစ္ ဘာသာဝင္ေတြရဲ႕ ၾသဇာအႀကီးဆုံး ေခါင္းေဆာင္တဦးအျဖစ္ ၈ ႏွစ္ၾကာ တာဝန္ယူၿပီးတဲ့ေနာက္ ၂၀၁၃ မွာ က်န္းမာေရးေၾကာင့္ အနားယူခဲ့တာ ျဖစ္ပါတယ္။
ဘာသာတရား ကိုင္းရိႈင္းတဲ႔ ကက္သလစ္ ခရစ္ယာန္ တဦး ျဖစ္တဲ႔ အေမရိကန္ သမၼတ Joe Biden က ကက္သလစ္ ေက်ာင္းေတာ္ အတြက္ ျမႇဳပ္ႏွံ ေဆာင္ရြက္ခဲ႔မႈ အတြက္ ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict XVI ကို ဂုဏ္ျပဳလိုက္ၿပီး ကြယ္လြန္မႈ အတြက္ ၀မ္းနည္းေၾကာင္း စေနေန႔မွာ ေျပာပါတယ္။ အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi ကလည္း ပုပ္ရဟန္းမင္းႀကီး Benedict ဟာ ဘာသာေပါင္းစံု လူထုရဲ႕ ရင္ထဲမွာ ေမွ်ာ္လင့္ခ်က္ေတြ ေပးေ၀ႏိုင္တဲ႔ ကမ ၻာ့ေခါင္းေဆာင္ တဦး ျဖစ္တယ္လို႔လည္း ေၾကညာခ်က္ထုတ္ျပန္ ဂုဏ္ျပဳခဲ့ပါတယ္။
ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres ကလည္း ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္ေရးအတြက္ အားစိုက္ေဆာင္ရြက္ခဲ့တာကို ထုတ္ေဖၚဂုဏ္ျပဳခဲ့သလို အစၥေရလ္း ၀န္ႀကီးခ်ဳပ္ Benjamin Netanyahu ကလည္း ကြယ္လြန္သြားတဲ႔ ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict XVI ရဲ႕ ဘာသာေရးဆိုင္ရာ ဦးေဆာင္မႈကို စေနေန႔မွာ အမႊမ္းတင္ ဂုဏ္ျပဳခဲ့တာပါ။ ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Olaf Scholz ၊ ျပင္သစ္သမၼတ Emmanuel Macron ၊ အီတလီဝန္ႀကီးခ်ဳပ္ Giorgia Meloni ၊ ပိုလန္သမၼတ Andrzej Duda၊ ယူကရိန္းသမၼတ Volodymyr Zelenskyy ၊ Australia ဝန္ႀကီးခ်ဳပ္ Anthony Albanese တို႔ကလည္း ဝမ္းနည္းစကားေတြ ေျပာၾကားခဲ့ၾကပါတယ္။
ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict XVI ဟာဆိုရင္ ျမင့္ျမတ္ ၾကင္နာသူ အျဖစ္ ပုပ္ရဟန္းမင္းႀကီး Francis ကလည္း စေနေန႔မွာ ဂါရ၀ ျပဳခဲ႔ပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီးဟောင်း အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဝမ်းနည်းစကားဆို

ပုပ်ရဟန်းမင်းကြီးဟောင်း Benedict XVI ဟာ သက်တော် ၉၅ နှစ် အရွယ် စနေနေ့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ကက်သလစ် ဘာသာဝင်တွေရဲ့ သြဇာအကြီးဆုံး ခေါင်းဆောင်တဦးအဖြစ် ၈ နှစ်ကြာ တာဝန်ယူပြီးတဲ့နောက် ၂၀၁၃ မှာ ကျန်းမာရေးကြောင့် အနားယူခဲ့တာ ဖြစ်ပါတယ်။
ဘာသာတရား ကိုင်းရှိုင်းတဲ့ ကက်သလစ် ခရစ်ယာန် တဦး ဖြစ်တဲ့ အမေရိကန် သမ္မတ Joe Biden က ကက်သလစ် ကျောင်းတော် အတွက် မြှုပ်နှံ ဆောင်ရွက်ခဲ့မှု အတွက် ပုပ်ရဟန်းမင်းကြီးဟောင်း Benedict XVI ကို ဂုဏ်ပြုလိုက်ပြီး ကွယ်လွန်မှု အတွက် ဝမ်းနည်းကြောင်း စနေနေ့မှာ ပြောပါတယ်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ကလည်း ပုပ်ရဟန်းမင်းကြီး Benedict ဟာ ဘာသာပေါင်းစုံ လူထုရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေ ပေးဝေနိုင်တဲ့ ကမ ္ဘာ့ခေါင်းဆောင် တဦး ဖြစ်တယ်လို့လည်း ကြေညာချက်ထုတ်ပြန် ဂုဏ်ပြုခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ကလည်း ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးအတွက် အားစိုက်ဆောင်ရွက်ခဲ့တာကို ထုတ်ဖေါ်ဂုဏ်ပြုခဲ့သလို အစ္စရေလ်း ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict XVI ရဲ့ ဘာသာရေးဆိုင်ရာ ဦးဆောင်မှုကို စနေနေ့မှာ အမွှမ်းတင် ဂုဏ်ပြုခဲ့တာပါ။ ဂျာမဏီဝန်ကြီးချုပ် Olaf Scholz ၊ ပြင်သစ်သမ္မတ Emmanuel Macron ၊ အီတလီဝန်ကြီးချုပ် Giorgia Meloni ၊ ပိုလန်သမ္မတ Andrzej Duda၊ ယူကရိန်းသမ္မတ Volodymyr Zelenskyy ၊ Australia ဝန်ကြီးချုပ် Anthony Albanese တို့ကလည်း ဝမ်းနည်းစကားတွေ ပြောကြားခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟောင်း Benedict XVI ဟာဆိုရင် မြင့်မြတ် ကြင်နာသူ အဖြစ် ပုပ်ရဟန်းမင်းကြီး Francis ကလည်း စနေနေ့မှာ ဂါရ၀ ပြုခဲ့ပါတယ်။

XS
SM
MD
LG