သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှတ်တမ်းတင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် ယူကရိန်းနိုင်ငံ အော်စကာဆုရရှိ

အော်စကာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုရ "20 Days in Mariupol"
အော်စကာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုရ "20 Days in Mariupol"

အမေရိကန်ပြည်ထောင်စု၊ Los Angeles မြို့မှာ မတ်လ ၁၀ ရက်၊ မနေ့ညက ကျင်းပခဲ့တဲ့ ဟောလိဝုဒ် ရုပ်ရှင် အော်စကာ အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု ရရှိသွားတဲ့ ဒါရိုက်တာ Mstyslav Chernov က စစ်ပွဲတွေမရှိတော့ဖို့အတွက် အော်စကာဆုနဲ့ လဲလိုက်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်တဲ့ အစောပိုင်းရက်တွေအတွင်း အေပီ သတင်းဌာနအတွက် ဗွီဒီယို သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Mstyslav Chernov ဟာ ယူကရိန်းနိုင်ငံ၊ Mariupol မြို့မှာ ပိတ်မိနေခဲ့တဲ့ကာလတွေကို ရိုက်ကူးထားတဲ့ "20 Days in Mariupol" (Mariupol မှာ ရက် ၂၀) ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်နဲ့ အော်စကာဆု ရရှိခဲ့တာပါ။

ဒီ အော်စကာဆုဟာ ယူကရိန်းနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် ရရှိတဲ့ဆုဖြစ်တဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူကြောင်း ဆုလက်ခံရင်း ပြောကြားတဲ့ မိန့်ခွန်းမှာ Mstyslav Chernov က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆုရမဲ့အစား ရုရှားက သူတို့နိုင်ငံကို ကျူးကျော်မတိုက်ခိုက်တာ၊ သူတို့မြို့တွေကို မသိမ်းပိုက်တာတွေနဲ့ အစားထိုး လဲပစ်လိုက်ချင်တယ်လို့ ပြောဆိုတာ သူဟာ ပထမဆုံးလူဖြစ်မယ်လို့ ယူဆတဲ့အကြောင်း၊ ဒါပေမဲ့ သမိုင်းကို သူ့အနေနဲ့ ပြောင်းလဲပစ်လို့၊ အတိတ်ကို ပြန်ပြင်ဆင်လို့ မရနိုင်ကြောင်းလည်း သူက ပြောပါတယ်။

၂၀၂၂ ခုနှစ် မတ်လကနေ မေလအထိ Mariupol ဆိပ်ကမ်းမြို့ကို ရုရှားတို့ သိမ်းပိုက်ထားခဲ့တဲ့ ၃ လတာကာလအတွင်း သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို ဒေသခံတွေက လမ်းဘေးမှာ ကျင်းတူးပြီး မြေမြှုပ်ခဲ့ရတာ အပါအဝင် ဆိုးရွားလွန်းတဲ့ အနိဋ္ဌာရုံတွေအတွက် တကမ္ဘာလုံး အံ့အားသင့် တုန်လှုပ်ခဲ့ကြရပါတယ်။

မှတ်တမ်းတင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် ယူကရိန်းနိုင်ငံ အော်စကာဆုရရှိ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG