သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ အော်စကာဆုပေးပွဲမှာ Oppenheimer ဇာတ်ကား ဆုအများဆုံးရ


၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲ (မတ် ၁၀၊ ၂၀၂၄)
၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲ (မတ် ၁၀၊ ၂၀၂၄)

၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့မှာ မတ်လ ၁၀ ရက် တနင်္ဂနွေနေ့ကကျင်းပခဲ့တာမှာ Oppenheimer ရုပ်ရှင်ကားက အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၇ ခု သိမ်းပိုက်ခဲ့ပါတယ်။ ဒီဇာတ်ကားက ဒုတိယကမ္ဘာစစ်အတွင်းက အဏုမြူဗုံးကို ဦးဆောင်ဖန်တီးခဲ့တဲ့ အမေရိကန်သိပ္ပံပညာရှင် J. Robert Oppenheimer ရဲ့ အတ္ထုပ္ပတ္တိကို အခြေခံရိုက်ကူးထားတာပါ။ Oppenheimer ဇာတ်ရုပ်နဲ့ အိုင်ယာလန်ဖွား Cillian Murphyက ဒီဇာတ်ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု ဆွတ်ခူးရခဲ့ပါတယ်။

96th Academy Awards - Oscars photo room - Hollywood
96th Academy Awards - Oscars photo room - Hollywood

အဏုမြူဗုံးကို ဖန်တီးခဲ့သူအကြောင်း ရုပ်ရှင်ကို သူရိုက်ကူးခဲ့တဲ့ အကြောင်းနဲ့ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဒီနေ့ကမ္ဘာကြီးဟာ ဒီအကျိုးဆက်တွေနဲ့ ရင်ဆိုင်နေကြတာကြောင့် ကမ္ဘာကြီးငြိမ်းချမ်းရေး လုပ်ဆောင်နေသူအားလုံးကို ဒီဇာတ်ကားနဲ့ ရည်ရွယ်ဂုဏ်ပြုပါတယ်လို့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရှင် Cillian Murphy ကပြောဆိုပါတယ်။ ဒီဇာတ်ကားမှာပဲ တွဲဖက်သရုပ်ဆောင် Robert Downey Junior က ဇာတ်ပို့ဆု၊ Christopher Nolan က အကောင်းဆုံး ဒါရိုက်တာဆုတွေကို ရရှိခဲ့ကြသလို တည်းဖြတ်ဆု အပါအဝင် နောက်ထပ် ၃ ဆုလည်း ရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ Oppenheimer ရုပ်ရှင်ဇာတ်ကားနဲ့ Barbie ဇာတ်ကားနှစ်ကားက ဒေါ်လာဘီလီယံနဲ့ ချီဝင်ငွေရခဲ့တာပါ။ စိတ်ကူးယဉ် အခြေခံ Barbie ဇာတ်ကားက အကောင်းဆုံး တေးသီချင်းဆုတခုပဲ ဆွတ်ခူးခဲ့ပါတယ်။ ဒီနှစ် အော်စကာဆုရှင်တွေထဲမှာ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ “Poor Things” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ Emma Stone ရရှိခဲ့သလို၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ “The Holdovers” ဇာတ်ကားက Da’Vine Joy Randolp ရရှိခဲ့ကြပါတယ်။

၂၀၂၄ အော်စကာဆုပေးပွဲမှာ Oppenheimer ဇာတ်ကား ဆုအများဆုံးရ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG