သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nevada ပြည်နယ်မှာ သမ္မတ Biden မဲဆွယ် စည်းရုံး


 သမ္မတ Joe  Biden
သမ္မတ Joe  Biden

ရီပတ်ဘလစ်ကန်ပါတီ ပါတီညီလာခံ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့ အင်္ဂါနေ့က အခုနှစ် ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ခြေရှိတဲ့ Nevada ပြည်နယ်မှာ သမ္မတ Joe Biden မဲဆွယ်စည်းရုံးပွဲ ကျင်းပပါတယ်။ နိုင်ငံအတွင်း အကြမ်းဖက်မှုကို အားပေး အားမြှောက်ပြုတဲ့ ပြောဆိုမှုတွေကို ပြစ်တင် ရှုတ်ချဖို့လိုအပ်ကြောင်း သမ္မတ Biden က ပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှုပေါင်းစုံ ဖြစ်ပေါ်လာအောင် ပြောဆို၊ လုပ်ဆောင်မှုတွေ လျော့နည်းသွားအောင်၊ အဲဒီလို လုပ်ရပ်တွေကို ပြစ်တင် ရှုတ်ချကြဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်” - လို့ သမ္မတ Biden က ပြောသွားတာပါ။

ဒါဟာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး သမ္မတ Biden အနေနဲ့ ပထမဆုံး ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ တိုက်ခိုက်မှုဟာ လူမျိုးရေးနဲ့ ဆက်နွယ်တဲ့ သေနတ်ကိုင် အကြမ်းဖက်မှုလို့ Joe Biden က ဆက်နွယ် ပြောဆိုပါတယ်။ ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ဆန့်ကျင်ရှုတ်ချဖို့လည်း မေတ္တာရပ်ခံပါတယ်။

အတွဲလိုက်ပစ်လို့ရတဲ့ တိုက်ခိုက်ရေး လက်နက် AR-15 လို သေနတ်မျိုး ကိုင်ဆောင်ခွင့်ပိတ်ပင်ရေး တောင်းဆိုသွားတဲ့တချိန်တည်းမှာ လူမဲ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရဖို့လည်း သမ္မတ Biden က အဓိက စည်းရုံး ပြောဆိုသွားပါတယ်။

Nevada ပြည်နယ်မှာ သမ္မတ Biden မဲဆွယ် စည်းရုံး
please wait

No media source currently available

0:00 0:02:37 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG