သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် မဲဆွယ်စည်းရုံးရေး ပြန်စတင်

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လပ်စ် ဗီးဂတ်စ်မှာကျင်းပတဲ့ ၁၁၅ ကြိမ်မြောက် 'အသားအရောင် အမျိုးမျိုးရှိသူများ တိုးတက်ရေး နိုင်ငံလုံးဆိုင်ရာအဖွဲ့' လို့ အဓိပ္ပါယ်ရနိုင်တဲ့ NAACP အဖွဲ့ရဲ့အစည်းအဝေးမှာ မိန့်ခွန်းပြောစဥ်။ (ဇူလိုင် ၁၆၊ ၂၀၂၄)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လပ်စ် ဗီးဂတ်စ်မှာကျင်းပတဲ့ ၁၁၅ ကြိမ်မြောက် 'အသားအရောင် အမျိုးမျိုးရှိသူများ တိုးတက်ရေး နိုင်ငံလုံးဆိုင်ရာအဖွဲ့' လို့ အဓိပ္ပါယ်ရနိုင်တဲ့ NAACP အဖွဲ့ရဲ့အစည်းအဝေးမှာ မိန့်ခွန်းပြောစဥ်။ (ဇူလိုင် ၁၆၊ ၂၀၂၄)

သမ္မတဂျိုးဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံ နီးဗားဒါးပြည်နယ်မှာ အမေရိကန်အချိန် အင်္ဂါနေ့ နေ့လည်မဲဆွယ်စည်းရုံးရာမှာ တနိုင်ငံလုံးညီညွတ်ကြဖို့ ထပ်မံဆော်ဩသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေးက ပြင်းထန်လွန်းလာတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

'အသားအရောင် အမျိုးမျိုးရှိသူများ တိုးတက်ရေး နိုင်ငံလုံးဆိုင်ရာအဖွဲ့' လို့ အဓိပ္ပါယ်ရနိုင်တဲ့ NAACP အဖွဲ့ရဲ့အစည်းအဝေးမှာ သမ္မတဘိုင်ဒန်က ခုလို ပြောခဲ့တာပါ။ သူ့အစိုးရက လူမည်းတွေကိုထောက်ခံခဲ့တာကိုလည်း မီးမောင်းထိုး ပြောသွားခဲ့ပါတယ်။ “အမေရိကန် ဒီမိုကရေစီမှာ သဘောမတူတာ ရှောင်လို့မရပါဘူး။ ဒါပေမဲ့ နိုင်ငံရေးဟာ စစ်မြေပြင် ဒါမှမဟုတ် လူသတ်ကွင်း ဘယ်တော့မှမဖြစ်ရပါဘူး”လို့ တနင်္ဂနွေနေ့က အိမ်ဖြူတော်ကနေ သမ္မတဘိုင်ဒန်က ပြောခဲ့ပါသေးတယ်။

သမ္မတဟောင်းထရမ့်အပေါ် မအောင်မြင်တဲ့လုပ်ကြံမှုတရပ်ဖြစ်ပွါးခဲ့ပြီးတဲ့နောက် သမ္မတဘိုင်ဒန် မဲဆွယ်စည်းရုံးရေးထွက်တာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အမေရိကန်အချိန် ဗုဒ္ဓဟူးနေ့မှာတော့ လက်တင်အမေရိကနွယ် အမေရိကန်တွေ ရဲ့အခွင့်အရေးနဲ့မူဝါဒ ဆော်ဩစည်းရုံးရေးအဖွဲ့ UnidosUS မှာ သမ္မတဘိုင်ဒန် မိန့်ခွန်းပြောဖို့လည်း ရှိပါတယ်။

အကြိတ်အနယ်ယှဥ်ပြိုင်ရမယ်လို့ယူဆထားကြတဲ့ နီဗားဒါးပြည်နယ် လူထု သဘောထားစစ်တမ်းတွေမှာတော့ ထရမ့်ကဘိုင်ဒန်ကို လူထုထောက်ခံမှု ၄.၇ ရာနှုန်း ကွာခြားချက်နဲ့ ဦးဆောင်နေပါတယ်။

သမ္မတဘိုင်ဒန် မဲဆွယ်စည်းရုံးရေး ပြန်စတင်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG