သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန်ရဲ့ နေ့ချင်းပြန် ဂျာမနီခရီး

အမေရိကန်သမ္မတ Joe Biden ကို ဂျာမန်သမ္မတ Frank-Walter Steinmeier က ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ Order of Merit ဂုဏ်ပြုဆုတံဆိပ် ပေးအပ်နေစဉ် (အောက်တိုဘာ ၁၈၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden ကို ဂျာမန်သမ္မတ Frank-Walter Steinmeier က ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ Order of Merit ဂုဏ်ပြုဆုတံဆိပ် ပေးအပ်နေစဉ် (အောက်တိုဘာ ၁၈၊ ၂၀၂၄)

ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းကို ဆက်ပြီးတော့ ကူညီ ထောက်ပံ့ပေးသွားဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က NATO မဟာမိတ်အဖွဲ့ကို ထပ်မံ တိုက်တွန်း လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းနှစ်ပတ်ကျော်သာ လိုတော့တဲ့အချိန်၊ သူ့ရဲ့ သမ္မတ တာဝန်တွေ မပြီးဆုံးခင် သွားရောက်တဲ့ ဂျာမနီနိုင်ငံ ခရီးစဥ်အတွင်းမှာ သမ္မတဘိုင်ဒန်က ခုလို ပြောသွားတာပါ။

"အခုချိန်မှာ ရပ်ပစ်လိုက်လို့ မရပါဘူး။ ယူကရိန်းအတွက် ကူညီ ထောက်ပံ့မှုတွေ ဆက်ပေးသွားရပါ လိမ့်မယ်။ ကုလသမဂ္ဂ ပဋိညာဥ်စာတမ်းနဲ့ အညီ ယူကရိန်းအတွက် တရားမျှတပြီး ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့ အချိန်အထိ ကူညီ ပံ့ပိုးပေးသွားရပါလိမ့်မယ်” လို့ ဒီကနေ့ ဂျာမနီနိုင်ငံရောက်ချိန်မှာ ပြောကြားခဲ့တာပါ။

ဂျာမနီနိုင်ငံကို ဒီနေ့ရောက်လာတဲ့ အမေရိကန်သမ္မတ Joe Biden ကို ဂျာမန်သမ္မတ Frank-Walter Steinmeier က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကော်ဇောနီခင်း ကြိုဆိုခဲ့သလို၊ ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ Order of Merit ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ အတ္တလန်တိတ်သမုဒ္ဒရာ ရပ်ဝန်းနိုင်ငံတွေကြား ဆက်ဆံရေး ကောင်းမွန်အောင် အထူး ဆောင်ရွက်နိုင်သူအဖြစ် သမ္မတ ဘိုင်ဒန်ကို ဂုဏ်ပြု ချီးမြှင့်တာဖြစ်ပါတယ်။ ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz နဲ့လည်း သမ္မတ ဂျိုးဘိုင်ဒန် တွေ့ဆုံပြီး ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းအရေး၊ အီရန်အရေးတွေ ဆွေးနွေးခဲ့ပါတယ်။

ဂျာမနီနိုင်ငံကနေ ဒီနေ့ညမှာပဲပြန်မယ့် နေ့ချင်းပြန် ခရီးစဉ်အတွင်း သမ္မတ ဘိုင်ဒန်ဟာ ဂျာမနီဝန်ကြီးချုပ်နဲ့အတူ ပြင်သစ်သမ္မတ Emmanuel Macron ၊ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့နဲ့လည်း ညနေပိုင်းမှာ တွေ့ဆုံပြီး ကမ္ဘာ့ရေးရာတွေ ဆွေးနွေးဖို့ရှိပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ နေ့ချင်းပြန် ဂျာမနီခရီး
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG