သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာမယ့်ရွေးကောက်ပွဲ သမ္မတဘိုင်ဒန် ဝင်ပြိုင်ခြေ နည်းပါးလာနေ


ဇူလိုင်လ ၁၆ ရက်နေ့က လက်စ်ဘေးဂတ် (Las Vegas) NAACP ညီလာခံမှာမိန့်ခွန်းပြောကြားစဉ်။ NAACP National Convention in Las Vegas, July 16, 2024.
ဇူလိုင်လ ၁၆ ရက်နေ့က လက်စ်ဘေးဂတ် (Las Vegas) NAACP ညီလာခံမှာမိန့်ခွန်းပြောကြားစဉ်။ NAACP National Convention in Las Vegas, July 16, 2024.

သမ္မတဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်ခြေသိပ်မရှိဘူးလို့ ဒီမိုကရက်ပါတီဝင်တွေ လူသိရှင်ကြား ပြောဆိုလာကြသလို ပါတီ မဲဆွယ်ပွဲအတွက် အဓိက ရံပုံငွေထည့်သူတွေကပါ မထည့်ချင်ပဲဖြစ်လာတဲ့အတွက် သူဝင်မပြိုင်ပဲ နေဖို့ နီးစပ်လာပြီလို့ သတင်းတွေ ထွက်နေတာပါ။

သမ္မတဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်ခြေသိပ်မရှိဘူးလို့ ဒီမိုကရက်ပါတီဝင်တွေ လူသိရှင်ကြား ပြောဆိုလာကြသလို ပါတီ မဲဆွယ်ပွဲအတွက် အဓိက ရံပုံငွေထည့်သူတွေကပါ မထည့်ချင်ပဲဖြစ်လာတဲ့အတွက် သူဝင်မပြိုင်ပဲ နေဖို့ နီးစပ်လာပြီလို့ သတင်းတွေ ထွက်နေတာပါ။ ဒါပေမယ့် သောကြာနေ့ အထိတော့ သမ္မတဘိုင်ဒန်က ဝင်မပြိုင်ဘူးလို့ မပြောသေးပါဘူး။


ဘိုင်ဒန့် ရွေးကောက်ပွဲမဲဆွယ်ပွဲ ဆိုင်ရာ တာဝန်ခံ Dan Kanninen ကတော့ သူဟာ ပြိုင်ပွဲဝင်နေဆဲ ဖြစ်သလို နိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမည်စာရင်းမှာ ပါနေဆဲ ဖြစ်ပြီး တခြားလူကို အမည်စာရင်းတင်သွင်းဖို့ အစီစဉ်မရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ သူဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် နဲ့ ယှဉ်ပြိုင်လို့ နိုင်မယ့် တဦးထည်းသော ပုဂ္ဂိုလ် ဖြစ် တဲ့အတွက် အချင်းချင်း တိုက်ခိုက်မနေကြဖို့လည်း သူက သတိပေးလိုက်ပါတယ်။

တကယ်လို့ သမ္မတဘိုင်ဒန်က ဝင်မပြိုင်ပဲ နေမယ်ဆိုရင်လည်း ဒီမိုကရက်တစ်ပါတီဝင်တွေ အနေနဲ့ သူ့အစား ဘယ်သူ့ကို ဘယ်လို ဝင်ပြိုင်ခိုင်းမယ် ဆိုတာကို အရင်ဆုံး စဉ်းစားကြရမှာဖြစ်ပါတယ်။ တချက်က သမ္မတဘိုင်ဒန် အတွက် သူ့ကိုယ်စား ဘယ်သူ့ကို ဝင်ပြိုင်ခိုင်းမလဲ ဆိုတာပါ။ ဒါ့အပြင် ဒီဝင်ပြိုင်ခိုင်းမယ့် သူကို လာမယ့် လထဲ Illinois ပြည်နယ် ချီကာဂိုမှာ ပြုလုပ်မယ့် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေး DNC မှာ ဘိုင်ဒန့်ကို မဲပေးမယ်လို့ ကတိပြုထားသူတွေက သူတို့ပေးမယ့် မဲကိုထည့်မထည့် ဆိုတာပဲ ဖြစ်ပါတယ်။

ထုံးစံအားဖြင့်တော့ ပြည်နယ်တွေမှာ ပါတီရဲ့ သမ္မတလောင်း အဖြစ်ဝင်ရောက် အရွေးခံရာမှာ မဲအနိုင်ရသူကိုသာ DNC အစည်းဝေး တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မဲပေးလေ့ရှိပြီး အခု ဒီမိုကရက် ကိုယ်စားလှယ် ၃၈၉၆ မဲ အားလုံးလိုလို ကလည်း ပြည်နယ်ရွေးကောက်ပွဲ တွေမှာ မဲအားလုံးရခဲ့တဲ့ ဘိုင်ဒန်ကို မဲပေးဖို့ ကတိပြုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ DNC ဥပဒေအရ အပြောင်းအလဲတော့ လုပ်ခွင့်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG