သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး အေမရိကန္နဲ႔ ႐ုရွားသမၼတ ၂ ဦး တယ္လီဖုန္းဆက္ေဆြးေႏြး 


In this image provided by the White House, President Joe Biden speaks with Russian President Vladimir Putin on the phone from his private residence in Wilmington, Del., Dec. 30, 2021. (Adam Schultz/The White House via AP)

ယူကရိန္းအေရး အေမရိကန္နဲ႔ ႐ုရွားသမၼတ ၂ ဦး တယ္လီဖုန္းဆက္ေဆြးေႏြး

{{Zawgyi/Unicode}}

ယူကရိန္းနဲ႔ တင္းမာေနတဲ့ အေျခအေနေတြကို ေလွ်ာ့ခ်ဖို႔ ႐ုရွားသမၼတ Vladimir Putin ကို အေမရိကန္သမၼတ Joe Biden က ၾကာသပေတးေန႔ တယ္လီဖုန္းဆက္ ေဆြးေႏြးရာမွာ ေျပာဆိုလိုက္ေၾကာင္း အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္လိုက္ပါတယ္။ ယူကရိန္းနဲ႔ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔နဲ႔ က်ဳးေက်ာ္မႈေတြ လုပ္လာခဲ့မယ္ဆိုရင္ အေမရိကန္နဲ႔ မဟာမိတ္ေတြဖက္က ျပတ္ျပတ္သားသား တုံ႔ျပန္မွာျဖစ္ေၾကာင္း သတိေပးခဲ့တယ္လို႔လည္း ၾကာသပေတးေန႔က မိနစ္၅၀ ၾကာ ေတြ႕ဆုံမႈအၿပီး အိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

႐ုရွားသမၼတ႐ုံးကေတာ့ ႐ုရွားအေပၚ ေနာက္ထပ္ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ လုပ္လာမယ္ဆိုရင္ ႀကီးမားတဲ့ အမွားျဖစ္လိမ့္မယ္လို႔ ၾကာသပေတးေန႔က ေခါင္းေဆာင္ ၂ ဦး ေဆြးေႏြးပဲြအၿပီးမွာပဲ ေျပာဆိုထားပါတယ္။

ယူကရိန္းႏိုင္ငံ နယ္စပ္မွာ ႐ုရွားက တပ္အင္အားတိုးခ်ထားတာေၾကာင့္ တင္းမာမႈေတြ ေပၚေပါက္ေနခ်ိန္မွာပဲ အေမရိကန္နဲ႔ ႐ုရွားသမၼတတို႔ တယ္လီဖုန္းဆက္ ေဆြးေႏြးခဲ့ၾကတာပါ။

အေမရိကန္နဲ႔ ႐ုရွားအစိုးရ တာ၀န္ရွိသူေတြ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ ဇန္နဝါရီလ ၁၀ ရက္ေန႔ မေတြ႕ခင္ ေခါင္းေဆာင္ ၂ ဦး ေတြ႕ဆုံဖို႔ ႐ုရွားသမၼတက ကမ္းလွမ္းခဲ့ၿပီးေနာက္ ၾကာသပေတးေန႔က ဆြးေႏြးခဲ့ၾကတာလည္း ျဖစ္ပါတယ္။

႐ုရွားကေတာ့ ယူကရိန္းႏိုင္ငံကို NATO အဖဲြ႕၀င္အျဖစ္ လက္မခံဖို႔၊ မဟာမိတ္အဖဲြ႕ရဲ႕ စစ္လက္နက္ေတြ မထားဖို႔ အပါအ၀င္ လုံျခံဳေရးဆိုင္ရာ တရား၀င္ အာမခံခ်က္ေပးဖို႔ ေတာင္းဆိုထားေပမဲ့ အေမရိကန္ကေတာ့ လက္မခံပါဘူး။

ဒါေပမဲ့လည္း ႐ုရွားက စစ္အင္အား ခန္႔မွန္းေျခ ၁ သိန္းေလာက္ ခ်ထားတဲ့ ယူကရိန္းႏိုင္ငံနဲ႔ တင္းမာမႈကိစၥအတြက္ သံတမန္ေရးအရ ေဆြးေႏြးဖို႔ လမ္းဖြင့္ထားေၾကာင္း ေခါင္းေဆာင္ ၂ ေယာက္ ေဆြးေႏြးပဲြ မတိုင္ခင္မွာပဲ ေျပာဆိုထားပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းအရေး အမေရိကန်နဲ့ ရုရှားသမ္မတ ၂ ဦး တယ်လီဖုန်းဆက်ဆွေးနွေး

{{Unicode}}

ယူကရိန်းနဲ့ တင်းမာနေတဲ့ အခြေအနေတွေကို လျှော့ချဖို့ ရုရှားသမ္မတ Vladimir Putin ကို အမေရိကန်သမ္မတ Joe Biden က ကြာသပတေးနေ့ တယ်လီဖုန်းဆက် ဆွေးနွေးရာမှာ ပြောဆိုလိုက်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ယူကရိန်းနဲ့ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ ကျုးကျော်မှုတွေ လုပ်လာခဲ့မယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေဖက်က ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့လည်း ကြာသပတေးနေ့က မိနစ်၅၀ ကြာ တွေ့ဆုံမှုအပြီး အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ရုရှားသမ္မတရုံးကတော့ ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်လာမယ်ဆိုရင် ကြီးမားတဲ့ အမှားဖြစ်လိမ့်မယ်လို့ ကြာသပတေးနေ့က ခေါင်းဆောင် ၂ ဦး ဆွေးနွေးပွဲအပြီးမှာပဲ ပြောဆိုထားပါတယ်။

ယူကရိန်းနိုင်ငံ နယ်စပ်မှာ ရုရှားက တပ်အင်အားတိုးချထားတာကြောင့် တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ အမေရိကန်နဲ့ ရုရှားသမ္မတတို့ တယ်လီဖုန်းဆက် ဆွေးနွေးခဲ့ကြတာပါ။

အမေရိကန်နဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇန်နဝါရီလ ၁၀ ရက်နေ့ မတွေ့ခင် ခေါင်းဆောင် ၂ ဦး တွေ့ဆုံဖို့ ရုရှားသမ္မတက ကမ်းလှမ်းခဲ့ပြီးနောက် ကြာသပတေးနေ့က ဆွးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရုရှားကတော့ ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်အဖြစ် လက်မခံဖို့၊ မဟာမိတ်အဖွဲ့ရဲ့ စစ်လက်နက်တွေ မထားဖို့ အပါအဝင် လုံခြုံရေးဆိုင်ရာ တရားဝင် အာမခံချက်ပေးဖို့ တောင်းဆိုထားပေမဲ့ အမေရိကန်ကတော့ လက်မခံပါဘူး။

ဒါပေမဲ့လည်း ရုရှားက စစ်အင်အား ခန့်မှန်းခြေ ၁ သိန်းလောက် ချထားတဲ့ ယူကရိန်းနိုင်ငံနဲ့ တင်းမာမှုကိစ္စအတွက် သံတမန်ရေးအရ ဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်း ခေါင်းဆောင် ၂ ယောက် ဆွေးနွေးပွဲ မတိုင်ခင်မှာပဲ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG