သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဘိုင်ဒန် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမည်


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာမိန့်ခွန်းပြောနေစဉ် (မတ် ၅၊ ၂၀၂၄)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာမိန့်ခွန်းပြောနေစဉ် (မတ် ၅၊ ၂၀၂၄)

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကြာသပတေးနေ့ အမေရိကန်ဝါရှင်တန်စံတော်ချိန် ည ၉ နာရီမှာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး လွှတ်တော်မှာ ကျင်းပမယ့် ဒီပွဲအတွက် သမ္မတအိမ်ဖြူတော်နဲ့ လွှတ်တော်အမတ်တွေ ပြင်ဆင်နေကြပါတယ်။

ဒီနှစ်သမ္မတရွေးကောက်ပွဲမတိုင်ခင် ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကင် ပါတီကြီး ၂ ရပ်စလုံးက တင်ပြချင်တာတွေကို ဦးစားပေး စဉ်းစားပြီး တက်ရောက်မယ့် သူတေ့ွကို ဖိတ်ကြားထားတာပါ။ ဖိတ်ကြားထားသူတွေထဲမှာ အလုပ်သမားသမဂ္ဂတွေက ကိုယ်စားလှယ်တွေ၊ သန္ဓေသားဖျက်ချခွင့်ဆိုင်ရာ အခွင့်ရေးနဲ့ ဆက်နွယ်ပြီး သက်ရောက်မှု ရှိသူတွေ၊ ပြည်ပနိုင်ငံတွေက နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ အပြင် အမေရိကန် လူဝင်မှု ကြီးကြပ်ရေးစံနစ် ချို့ယွင်းနေတယ်လို့ ရှုမြင်နေတဲ့ ထိခိုက်ခံစားရသူတွေပါ ပါဝင်နေပါတယ်။

ဧည့်သည်တော်တွေဟာ အောက်လွှတ်တော်ထဲက အပေါ်ထပ် စင်တွေမှာ နေရာယူရမှာဖြစ်ပါတယ်။ သမ္မတကတော် Jill Biden နဲ့ လွှတ်တော်ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်တွေ ဖိတ်ကြားထားသူတွေ ကတော့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာအခွင့်ရေး ဦးစားပေးသူတွေ ဖြစ်ပါတယ်။ မကြာခင် ပြောကြားတော့မယ့် သမ္မတရဲ့ မိန့်ခွန်းမှာ နိုင်ငံရဲ့ စီးပွားရေး၊ သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ အခွင့်အရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ယူကရိန်းစစ်ပွဲနဲ့ ဂါဇာစစ်ပွဲ စတဲ့ ကိစ္စရပ်တွေမှာ သူ့အစိုးရက ဘယ်လို ကိုင်တွယ် ဆောင်ရွက်နေတယ် ဆိုတာတွေကို ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းပါ ကောက်နှုတ်ချက်တွေကို VOA မြန်မာပိုင်းက အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ပေးဖို့ ရှိတာမို့ စောင့်မျှော် နားဆင်ကြည့်ရှုနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG