သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းသမား ၂ ဦး လွတ်မြောက်ရေး ကန်သံတမန် မြန်မာကိုတိုက်တွန်းမည်


အမေရိကန် ဝါရင့်သံတမန်ဟောင်း Bill Richardson (မေလ။၂၀၁၇)
အမေရိကန် ဝါရင့်သံတမန်ဟောင်း Bill Richardson (မေလ။၂၀၁၇)

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်ရေး သူ ကြိုးပမ်းမယ်လို့ အမေရိကန် ဝါရင့်သံတမန်ဟောင်း Bill Richardson က ပြောဆိုလိုက်ပါတယ်။

ရှေ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ပြီး မြန်မာပြည်ထဲရေး ဝန်ကြီးဌာနနဲ့ တွေ့ဆုံမယ်လို့ မစ္စတာ Richardson က ရိုက်တာသတင်းဌာနကို တနင်္လာနေ့က ပြောဆိုလိုက်တာပါ။ သူဟာ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီး အကြံပေးဖို့အတွက် မြန်မာခေါင်ဆောင်း ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တာခံရတဲ့ နိုင်ငံတကာ ဘုတ်အဖွဲ့ဝင် ၁၀ ဦးထဲမှာ တဦးအပါအဝင် ဖြစ်တယ်လို့ ပြောပါတယ်။

အခုဖမ်းဆီးခံရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေကို သတင်းရယူဖို့ ကြိုးစားရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နိုင်ငံတော်လျှို့ဝှက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

မစ္စတာ Richardson ကတော့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်ဟာ ဒီသတင်းထောက်နှစ်ဦး ပြန်လွှတ်ရေးအတွက် အဓိက ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ မစ္စတာ Richardson ဟာ သမ္မတဟောင်း ဘီကလင်တန်လက်ထက်က စွမ်းအင်ဝန်ကြီးအဖြစ်နဲ့ရော၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်က အီရတ်နဲ့ ကူဝိတ်နယ်စပ်မှာ သောင်တင်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် နိုင်ငံသားနှစ်ဦး ပြန်လည် လွတ်မြောက်ရေးအတွက် အဲဒီအချိန်က အီရတ်သမ္မတ Saddam Hussein နဲ့ အောင်အောင်မြင်မြင် စေ့စပ်ညှိနှိုင်း ခဲ့သူလည်း ဖြစ်ပါတယ်။

Reuters သတင်းသမား ၂ ဦး လွတ်မြောက်ရေး ကန်သံတမန် မြန်မာကိုတိုက်တွန်းမည်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG