သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

BIMSTEC အစည္းအေဝး ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး တက္ေရာက္မည္


ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္။ (ေအာက္တုိဘာ ၂၊ ၂၀၁၅)

(Zawgyi / Unicode)

BIMSTEC လို႔ အဂၤလိပ္လို အတိုအားျဖင့္သိၾကတဲ့ ဘဂၤလားပင္လယ္ေအာ္ေဒသ ႏိုင္ငံမ်ား နည္းပညာနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈအဖြဲ႔ အစည္းအေဝးကို အလွည့္က်ဥကၠ႒ သီရိလကၤာႏိုင္ငံရဲ႕ ဖိတ္ၾကားခ်က္အရ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး တက္ေရာက္မွာ ျဖစ္ပါတယ္။ ဒီအစည္းအေဝးကို မတ္လ ၂၈ ကေန ၃၀ ရက္ေန႔အထိ က်င္းပမွာ ျဖစ္ပါတယ္။

ခုလိုဖိတ္ၾကားတာေၾကာင့္ BIMSTEC ရဲ႕ မူဝါဒက အာဆီယံရဲ႕ မူဝါဒနဲ႔ ကြဲျပားသြားပါတယ္။

ျမန္မာကို အထီးက်န္ထားတာထက္ ဆက္ဆံလုပ္ကိုင္တာက ပိုေကာင္းပါတယ္လို႔ သီရိလကၤာ ႏိုင္ငံျခားေရးဝန္ႀကီး အၿငိမ္းစားေရတပ္ဗိုလ္ခ်ဳပ္ႀကီး Jayanath Colombage က ေျပာပါတယ္။

ခုလိုဖိတ္ၾကားတဲ့အတြက္ ျမန္မာႏိုင္ငံအတြင္းမွာ ျဖစ္ပ်က္ေနတာေတြကို သီရိလကၤာႏိုင္ငံက အသိအမွတ္ျပဳတာ မဟုတ္ဘူးလို႔လည္း သူက ဆိုပါတယ္။ စစ္တပ္ေခါင္းေဆာင္ေတြနဲ႔ ဆက္ဆံရတာ ခက္ခဲတယ္လို႔လည္း သူက ဝန္ခံပါတယ္။

ဒါေပမဲ့ ေဆြးေႏြးလုပ္ကိုင္ျခင္းအားျဖင့္ လက္ေတြ႔က်က် အေျဖေတြ ရရွိႏိုင္တယ္လို႔ သီရိလကၤာ ႏိုင္ငံျခားေရးဝန္ႀကီးက ယူဆေၾကာင္း The Hindu သတင္းစာက ဆိုပါတယ္။

ခုလို စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးကို ဖိတ္ၾကားမယ့္ ဆုံးျဖတ္ခ်က္ကို အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ နီေပါ၊ ထိုင္းႏိုင္ငံတို႔နဲ႔ တိုင္ပင္ၿပီးမွ ခ်မွတ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ျမန္မာစစ္ေကာင္စီကို မႏွစ္တုန္းကလည္း ခုလို ဖိတ္ၾကားခဲ့ပါတယ္။

ဒီအစည္းအေဝးမွာ BIMSTEC ပဋိညာဥ္ကို အတည္ျပဳၾကၿပီး လာမယ့္ႏွစ္ အလွည့္က်ဥကၠ႒ တာဝန္ကို ထိုင္းႏိုင္ငံကို လႊဲေျပာင္းေပးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

BIMSTEC အစည်းအဝေး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်

BIMSTEC လို့ အင်္ဂလိပ်လို အတိုအားဖြင့်သိကြတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို မတ်လ ၂၈ ကနေ ၃၀ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ခုလိုဖိတ်ကြားတာကြောင့် BIMSTEC ရဲ့ မူဝါဒက အာဆီယံရဲ့ မူဝါဒနဲ့ ကွဲပြားသွားပါတယ်။

မြန်မာကို အထီးကျန်ထားတာထက် ဆက်ဆံလုပ်ကိုင်တာက ပိုကောင်းပါတယ်လို့ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး Jayanath Colombage က ပြောပါတယ်။

ခုလိုဖိတ်ကြားတဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာတွေကို သီရိလင်္ကာနိုင်ငံက အသိအမှတ်ပြုတာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ စစ်တပ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရတာ ခက်ခဲတယ်လို့လည်း သူက ဝန်ခံပါတယ်။

ဒါပေမဲ့ ဆွေးနွေးလုပ်ကိုင်ခြင်းအားဖြင့် လက်တွေ့ကျကျ အဖြေတွေ ရရှိနိုင်တယ်လို့ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးက ယူဆကြောင်း The Hindu သတင်းစာက ဆိုပါတယ်။

ခုလို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမယ့် ဆုံးဖြတ်ချက်ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ ထိုင်းနိုင်ငံတို့နဲ့ တိုင်ပင်ပြီးမှ ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်ကောင်စီကို မနှစ်တုန်းကလည်း ခုလို ဖိတ်ကြားခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ BIMSTEC ပဋိညာဉ်ကို အတည်ပြုကြပြီး လာမယ့်နှစ် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထိုင်းနိုင်ငံကို လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG