သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂနစၥတန္မွာ အေမရိကန္ အရပ္သား ၁၅၀၀ ေလာက္က်န္ရွိ


{{Zawgyi/Unicode}}

အာဖဂနစၥတန္ႏိုင္ငံကေန အေမရိကန္တပ္ေတြထြက္ခြာဖို႔ သီတင္းတပတ္ေတာင္ မလိုေတာ့တဲ့ အခ်ိန္မွာ အေမရိကန္အရပ္သား ၁၅၀၀ ေလာက္ ဆက္လက္ က်န္ရွိေနဆဲျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာလိုက္ပါတယ္။ က်န္ေနေသးတဲ့ အေမရိကန္ေတြ အာဖဂနစၥတန္ႏိုင္ငံကေန ထြက္ခြာႏိုင္ေအာင္ တာ၀န္ရွိသူေတြ ႀကိဳးပမ္းေနေၾကာင္းလည္း ဗုဒၶဟူးေန႔ ႏိုင္ငံျခားေရးဌာနမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာသြားပါတယ္။

"အာဖဂနစၥတန္ကေန ထြက္ခြာဖို႔ ႀကိဳးစားေကာင္း ႀကိဳးစားေနၾကတဲ့ ခန္႔မွန္းေျခက်န္ေနေသးတဲ့ အေမရိကန္ ၁၅၀၀ ေလာက္နဲ႔ က်ေနာ္တို႔ အဆက္အသြယ္ ရထားပါတယ္။ သူတို႔နဲ႔ ေန႔စဥ္ အႀကိမ္ေပါင္းမ်ားစြာ နည္းလမ္းေပါင္းစုံနဲ႔ က်ေနာ္တို႔ ဆက္သြယ္ ႀကိဳးပမ္းေနပါတယ္။ " လို႔ ၀န္ႀကီး Blinken ေျပာသြားတာပါ။ က်န္ေနေသးတဲ့ သူေတြထဲမွာ အေမရိကန္ႏိုင္ငံသား မဟုတ္တဲ့သူေတြ အာဖဂနစၥတန္ကေန မထြက္ခ်င္တဲ့သူေတြလည္း ရွိေကာင္းရွိႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ၾသဂုတ္လ ၁၄ ရက္ေန႔ မွာ အာဖဂနစၥတန္ႏိုင္ငံကို တာလီဘန္သူပုန္ေတြထိန္းခ်ဳပ္လိုက္တာေၾကာင့္ ေလေၾကာင္းကေန ကယ္ဆယ္ေရးလုပ္ငန္းေတြ အေမရိကန္ဘက္က စတင္ခ်ိန္ အာဖဂန္နစၥတန္ႏိုင္ငံမွာ အေမရိကန္ႏိုင္ငံသား ၆၀၀၀ ေလာက္ရွိခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Blinken ကေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္ကစၿပီး အခုေနာက္ဆုံးေန႔မွာ လူေပါင္း ၅၀၀ အပါအဝင္ အနည္းဆုံး အေမရိကန္ႏိုင္ငံသား ၄၅၀၀ ကို ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔လည္း သူကဆိုပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ အေမရိကန္ႏိုင္ငံသား ၅၀၀ ေလာက္နဲ႔ တိုက္႐ိုက္အဆက္အသြယ္ရခဲ့ၿပီး ေလဆိပ္ကို လံုျခံဳစြာသြားရမယ့္ နည္းလမ္းေတြနဲ႔ ပတ္သက္လို႔လည္း အတိအက် ၫြန္ၾကားခ်က္ေတြ ေပးခဲ့ေၾကာင္းလည္း ၀န္ႀကီး Blinken က မေန႔က သတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားခဲ့ပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဖဂနစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေထွက်ခွာဖို့ သီတင်းတပတ်တောင် မလိုတော့တဲ့ အချိန်မှာ အမေရိကန်အရပ်သား ၁၅၀၀ လောက် ဆက်လက် ကျန်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။ ကျန်နေသေးတဲ့ အမေရိကန်တွေ အာဖဂနစ္စတန်နိုင်ငံကနေ ထွက်ခွာနိုင်အောင် တာဝန်ရှိသူတွေ ကြိုးပမ်းနေကြောင်းလည်း ဗုဒ္ဓဟူးနေ့ နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

"အာဖဂနစ္စတန်ကနေ ထွက်ခွာဖို့ ကြိုးစားကောင်း ကြိုးစားနေကြတဲ့ ခန့်မှန်းခြေကျန်နေသေးတဲ့ အမေရိကန် ၁၅၀၀ လောက်နဲ့ ကျနော်တို့ အဆက်အသွယ် ရထားပါတယ်။ သူတို့နဲ့ နေ့စဉ် အကြိမ်ပေါင်းများစွာ နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ ဆက်သွယ် ကြိုးပမ်းနေပါတယ်။ " လို့ ဝန်ကြီး Blinken ပြောသွားတာပါ။ ကျန်နေသေးတဲ့ သူတွေထဲမှာ အမေရိကန်နိုင်ငံသား မဟုတ်တဲ့သူတွေ အာဖဂနစ္စတန်ကနေ မထွက်ချင်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်တယ်လို့လည်း ပြောပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ မှာ အာဖဂနစ္စတန်နိုင်ငံကို တာလီဘန်သူပုန်တွေထိန်းချုပ်လိုက်တာကြောင့် လေကြောင်းကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမေရိကန်ဘက်က စတင်ချိန် အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်နိုင်ငံသား ၆၀၀၀ လောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး အခုနောက်ဆုံးနေ့မှာ လူပေါင်း ၅၀၀ အပါအဝင် အနည်းဆုံး အမေရိကန်နိုင်ငံသား ၄၅၀၀ ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် အမေရိကန်နိုင်ငံသား ၅၀၀ လောက်နဲ့ တိုက်ရိုက်အဆက်အသွယ်ရခဲ့ပြီး လေဆိပ်ကို လုံခြုံစွာသွားရမယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့လည်း အတိအကျ ညွန်ကြားချက်တွေ ပေးခဲ့ကြောင်းလည်း ဝန်ကြီး Blinken က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG