သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်သမ္မတတွေ့ဆုံ (ဇွန် ၁၉၊၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်သမ္မတတွေ့ဆုံ (ဇွန် ၁၉၊၂၀၂၃)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ သူ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဒုတိယနေ့ ဒီနေ့ တနင်္လာနေ့မှာပဲ တရုတ်သမ္မတ Xi Jinping နဲ့ Beijing မြို့တော်မှာ တွေ့ဆုံပါတယ်။ နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မှုတွေ အပြန်အလှန်လေးစားဖို့နဲ့ ရိုးသားမှုကို အခြေခံဖို့၊ ဝန်ကြီး ဘလင်ကန်အနေနဲ့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးတည်ငြိမ်ဖို့အတွက်ပိုပြီး အပြုသဘောဆောင် ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်သမ္မတ Xi Jinping ပြောဆိုသွားတာပါ။

ဝန်ကြီး ဘလင်ကန်ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံကို သွားရောက်တဲ့ အဆင့်အမြင့်ဆုံး သံတမန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် အမေရိကန် လေကြောင်းပိုင်နက်မှာ သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူပေါင်း တွေ့ခဲ့တဲ့ ကိစ္စကြောင့် ခရီးစဉ်ကို ရွေ့ဆိုင်းခဲ့တာပါ။ ဒီနေ့ မနက်စောစောမှာပဲ ဝန်ကြီး ဘလင်ကန်ဟာ တရုတ် ထိပ်တန်းသံတမန် Wang Yi နဲ့လည်း သုံးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တွေ့ဆုံဆွေးနွေးပွဲတွေဟာ ပွင့်လင်းပြီး အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ယှဉ်ပြိုင်မှုတွေဟာ ပဋိပက္ခဆီကို လမ်းလွဲသွားတာမျိုး မဖြစ်ဖို့နဲ့ ဆက်သွယ်ပြောဆိုတဲ့ လမ်းကြောင်းတွေက တဆင့် တာဝန်သိသိ စီမံနိုင်ဖို့ အရေးကြီးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ပြောဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က ပြောဆိုသွားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်သမ္မတတွေ့ဆုံ (ဇွန် ၁၉၊၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်သမ္မတတွေ့ဆုံ (ဇွန် ၁၉၊၂၀၂၃)

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဝန်ကြီး ဘလင်ကန်နဲ့ တွေ့ဆုံမှုတွေဟာ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး အရေးကြီးတဲ့အချိန်မှာ ကျင်းပတာ ဖြစ်ပြီး၊ နှစ်နိုင်ငံ ဆက်ဆံရေး အောက်ကို ထိုးကျနေတဲ့ အနေအထားကို ပြန်လည် ပြောင်းလဲ ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေး
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG