ယူကရိန်းရဲ့အရေးပေါ်လိုအပ်တဲ့အခြေအနေကို အမေရိကန်ပြည်ထောင်စုကနားလည်ပြီး ယူကရိန်းတပ်တွေ လိုအပ်နေတဲ့ပံ့ပိုးမှုကိုရမှာဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့ က ပြောလိုက်ပါတယ်။
ဧပြီနှောင်းပိုင်းကအတည်ပြုလိုက်တဲ့ အကူအညီအသစ်တွေကို မြန်နိုင်သမျှအမြန်ဆုံးပေးနိုင်အောင် အစိုးရက လုပ်ဆောင်နေပါကြောင်း ကိဗ်မြို့က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အစည်းအဝေးမှာ ဝန်ကြီးအန်ထော်နီဘလင်ကန်က ပြောခဲ့တာပါ။ ထောက်ခံမှုကို ပြသတာ တစိတ်တပိုင်းအနေနဲ့ ဒီမှာ ရောက်နေတာဖြစ်ကြောင်း၊ ဒါပေမဲ့ ခရီးစဥ်ထက်ပိုပြီးအရေးကြီးတာကတော့ အကူအညီအသစ်တွေ လာနေတာပဲဖြစ်ပါတယ်လို့ မစ္စတာဘလင်ကန်က ဆိုပါတယ်။
Kharkiv ဒေသတက နေရာ ၂ နေရာကို သိမ်းလိုက်ကြောင်း ရုရှားက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ယူကရိန်းအရှေ့မြောက်ကို ရုရှားကထိုးစစ်ဆင်နေတာကြောင့် နိုင်ငံခြားခရီးစဥ်အားလုံးကို ဖျက်လိုက်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီရဲ့ရုံးက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ရဲ့ခရီးစဥ်ဟာ အလွန့်ကို အချိန်ကိုက်ခရီးစဥ်ဖြစ်ပြီး ပြည်သူတွေနဲ့ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ အရှေ့မြောက် ခါကိဗ်ဒေသမှာ ရုရှားကိုတိုက်နေတဲ့ ယူကရိန်းတပ်သားတွေအတွက် အားတက်စရာဖြစ်ကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး Kuleba က ဆိုပါတယ်။
Forum