သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-7 နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး အရှေ့အလယ်ပိုင်းအရေး ဦးစားပေးဆွေးနွေး​​​​​​​


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (ဝဲအစွန်) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ဒါရိုက်တာချုပ်တို့ ရောမမြို့က G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တွေ့ဆုံကြစဥ်။​(နိုဝင်ဘာ ၂၅၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (ဝဲအစွန်) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ဒါရိုက်တာချုပ်တို့ ရောမမြို့က G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တွေ့ဆုံကြစဥ်။​(နိုဝင်ဘာ ၂၅၊ ၂၀၂၄)

ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲတွေမှာအဆုံးအဖြတ်ပေးမယ့် အဆင့်ကိုရောက်လာနေပြီး အမေရိကန်မှာအစိုးရအပြောင်းအလဲမဖြစ်ခင် သံတမန်ရေးအရဖြေရှင်းဖို့ ဖိအားတွေ တိုးလာနေချိန်မှာပဲ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G-7 နိုင်ငံခြားရေးဝန်ကြီးတွေ အီတလီနိုင်ငံမှာ ဒီကနေ့ တွေ့ဆုံကြပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန် ၇ နိုင်ငံက ထိပ်တန်းသံတမန်တွေရဲ့ ရောမမြို့အနီးကအစည်းအဝေးမှာ အဓိကဆွေးနွေးမယ့်ကိစ္စတွေထဲ ဂါဇာဒေသနဲ့ လက်ဘနွန်နိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး အဓိက ပါဝင်မှာပါ။ ၂ ရက်ကြာ G-7 အစည်းအဝေး ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ဂျော်ဒန်၊ UAE နဲ့ကာတာနိုင်ငံတို့က နိုင်ငံခြားရေး ဝန်ကြီးတွေအပြင် အာရပ်အဖွဲ့ချုပ်အကြီးအကဲလည်း ပါဝင်တက်ရောက်ပါတယ်။

ဂါဇာဒေသနဲ့ လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရအောင် ကြိုးပမ်းမှုတွေကို အထောက်အကူဖြစ်စေဖို့ မိတ်ဖက်တွေနဲ့ ဆွေးနွေးမှာဖြစ်ပြီး ဒေသခံပြည်သူတွေကို ထောက်ပံ့ဖို့နဲ့ ဒေသတွင်း တည်ငြိမ်မှုအတွက် ခိုင်မာတဲ့နိုင်ငံရေး အခြေအနေတရပ် ပေါ်ပေါက်ရေး ဆွေးနွေးကြမှာ ဖြစ်ကြောင်းလည်း အီတလီ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဂါဇာဒေသ ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို အမေရိကန်၊ ဆော်ဒီ၊ ဂျော်ဒန်၊ အီဂျစ်နဲ့ UAE တို့ ပူးပေါင်း ရေးဆွဲနေပြီး အမေရိကန်မှာ ရွေးကောက်ခံသမ္မတ Donald Trump လာမယ့် ဇန်နဝါရီလကျရင် သမ္မတသစ်အဖြစ် တာဝန်မယူခင်တိုးတက်မှုရအောင် ကြိုးပမ်းဖို့လည်း အပူတပြင်းကြိုးပမ်းနေကြတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG