သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီ G7 ထိပ်သီးအစည်းဝေး ဝန်ကြီး Blinken တက်ရောက်မည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken တက်ရောက်မယ့် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အီတလီိနိုင်ငံ Fiuggi နှင့် Anagni တို့မှာ နိုဝင်ဘာ ၂၅ ရက်ကနေ ၂၆ ရက်အထိ ကျင်းပဖို့စီစဥ်ထားပါတယ်။ ဓာတ်ပုံ - File/ AP /Jose Luis Magana

ယူကရိန်းစစ်ပွဲ အခြေနေတွေ တင်းမာမှု တိုးလာနေချိန်မှာပဲ ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် G7 ဒီမိုကရေစီနိုင်ငံကြီး ၇ နိုင်ငံရဲ့ အစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken အီတလီကို သွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားကို စီးပွါးရေးဒဏ်ခတ်မှုတွေ၊ ထုတ်ကုန်ဆိုင်ရာ ထိန်းချုပ်မှုတွေအပြင် တခြား အရေးယူမှုတွေ လုပ်ပြီး ရုရှားတိုက်ခိုက်နေသရွေ့ ယူကရိန်းကို ကူညီပံ့ပိုးဖို့ G7 ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ စနေနေ့မှာပဲ ထပ်လောင်း ကတိပြုခဲ့ကြတာဖြစ်ပါတယ်။

အီတလီမှာ ပြုလုပ်မယ့် ဒီအစည်းအဝေးမှာ ဝန်ကြီး Blinken က အရှေ့အလယ်ပိုင်းအရေး၊ ရုရှားကျူးကျော်စစ်၊ အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးအပြေင် ဟေတီနဲ့ ဆူဒန်ပြဿနာ တွေကိုပါ ဆွေးနွေးဖို့ ရှိတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

နိုဝင်ဘာ ၂၃ ကနေ ၂၇ ရက် ခရီးစဉ်အတွင်း ဝန်ကြီး Blinken ဟာ G7 အစည်းအဝေးအပြီးမှာ Vatican ကို သွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

အီတလီဟာ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတွေ ပါဝင်တဲ့ G7 အဖွဲ့မှာ ၂၀၂၄ ခုနှစ်အတွက် အလှည့်ကျ သဘာပတိ တာဝန်ယူထားသူ ဖြစ်ပါတယ်။

အီတလီ G7 ထိပ်သီးအစည်းဝေး ဝန်ကြီး Blinken တက်ရောက်မည်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG