သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တလွှား နှင်းမုန်တိုင်းဒဏ် ခံနေရ


နှင်းမုန်တိုင်းကျပြီး ရာသီဥတုပြင်းထန်နေတဲ့ အမေရိကန်ပြည်ထောင်စု Iowa ပြည်နယ်က Holstein မြို့အနီး US 20 အမြန်လမ်းမကြီးပေါ်မှာဖြတ်မောင်းသွားတဲ့ ကုန်တင်ကားတစီးကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၃၊ ၂၀၂၄)
နှင်းမုန်တိုင်းကျပြီး ရာသီဥတုပြင်းထန်နေတဲ့ အမေရိကန်ပြည်ထောင်စု Iowa ပြည်နယ်က Holstein မြို့အနီး US 20 အမြန်လမ်းမကြီးပေါ်မှာဖြတ်မောင်းသွားတဲ့ ကုန်တင်ကားတစီးကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၃၊ ၂၀၂၄)

အမေရိကန်နိုင်ငံအနှံ့မှာ အန္တရာယ်များလှတဲ့ ဆောင်းမုန်တိုင်းနဲ့ ရင်ဆိုင်နေရပြီး၊ တချို့နေရာတွေမှာ ရေခဲမှတ်အောက် စံချိန်တင်အောင် အေးခဲနေပါတယ်။ ရာသီဥတု ဆိုးရွားလွန်းတာကြောင့် အမေရိကန်ဘောလုံး ချန်ပီယံလုပွဲ NFL ပွဲစဉ်တွေနဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ရွေးပွဲတွေကိုပါ ထိခိုက်မယ့် အလားအလာတွေ ရှိနေပါတယ်။

မုန်တိုင်းနဲ့အတူပါလာတဲ့ လေအေးတိုက်ခတ်မှုကြောင့် Northern Rockies ဒေသကနေ Kansas ပြည်နယ် မြောက်ပိုင်းတလျှောက် ရေခဲမှတ်အောက် ၃၄ ဒီဂရီ ဆဲလ်စီးယ်စ်ရောက်နိုင်တယ်လို့လည်း အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းရွေးပွဲ ကျင်းပမယ့် Iowa ပြည်နယ်မှာလည်း ရာသီဥတု ပြင်းထန်နေတာပါ။ ဆောင်းမုန်တိုင်းကြောင့် အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး၊ အနောက်မြောက်ဖက် ဒေသမှာ လူပေါင်း ထောင်သောင်းချီ လျှပ်စစ်မီးတွေမရပဲ ဖြစ်နေကြပါတယ်။ တောင်ပိုင်းဒေသမှာလည်း နှင်းမုန်တိုင်းကျနေပြီး အရှေ့မြောက်ဖက်ဒေသမှာလည်း မုန်တိုင်းဒဏ် အပြင်းအထန် ခံနေရတာကြောင့် New York ပြည်နယ်၊ Buffalo မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Pittsburgh Steelers နဲ့ Buffalo Bills အမေရိကန်ဘောလုံးပွဲစဉ်ကိုလည်း တနင်္ဂနွေနေ့အစား ဒီကနေ့ တနင်္လာနေ့ကို ရွှေ့ထားရတာပါ။

လေအေးတိုက်ခတ်မှုတွေကြောင့် Montana နဲ့ Dakota ပြည်နယ်တွေမှာ ရေခဲမှတ်အောက် ၄၅ ဒီဂရီဆဲလ်စီးယ်စ်အထိ ရောက်နေပါတယ်။ Rockies ဒေသကနေ Ohio ပြည်နယ်တွေမှာလည်း ပုံမှန်အချိန်အထက် ၂၅ ကနေ ၄၀ ဒီဂရီလောက် ကျဆင်းနေတာပါ။ အအေးဓာတ် လွန်ကဲနေတဲ့ Texas ပြည်နယ်မှာတော့ လျှပ်စစ်ဓာတ်အားကို ချွေတာကြဖို့ ပြည်နယ်အစိုးရက ဒီကနေ့ပဲ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG