သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ခရီးသည်တင်လှေ တိမ်းမှောက်မှု ၂၀ ကျော်သေ


အိန္ဒိယနိုင်ငံ Kerala ပြည်နယ် Tanur မြို့မှာ နစ်မြုပ်သွားတဲ့ ခရီးသည်တင်လှေကို ပြန်လည်ဆယ်ယူနေကြစဉ် (မေ ၇၊ ၂၀၂၃)
အိန္ဒိယနိုင်ငံ Kerala ပြည်နယ် Tanur မြို့မှာ နစ်မြုပ်သွားတဲ့ ခရီးသည်တင်လှေကို ပြန်လည်ဆယ်ယူနေကြစဉ် (မေ ၇၊ ၂၀၂၃)

အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala (ကဲရလာ) ပြည်နယ် Malappuram (မလာပူရမ်) ခရိုင် Tanur (တနူးရ်) မြို့မှာ ခရီးသည်တင်သင်္ဘောတစင်း တိမ်းမှောက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အနည်းဆုံး ခရီးသည် ၂၂ ဦး သေဆုံးခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၇ နာရီလောက်က တိမ်းမှောက်ခဲ့တဲ့ ဒီနှစ်ထပ် သင်္ဘောပေါ်မှာ ခရီးသည်မတန်တဆ လိုက်ပါလာတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရေငုပ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သင်္ဘောထဲ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ Kerala ပြည်နယ် ခရီးသွားလုပ်ငန်းမှာ တရားမဝင် လှေ၊ သင်္ဘောတွေ ပြေးဆွဲနေတာရှိတာကြောင့် အခုလို ဖြစ်ရပ်ဆိုးတွေကြုံလာရနိုင်တာကို အခုနှစ်အစောပိုင်းတုန်းက ပြည်နယ် ခရီးသွားလုပ်ငန်း ဒါရိုက်တာ P.B. Nooh ကသတိပေးခဲ့ဖူးပါတယ်။ အခု ဖြစ်ရပ်နဲ့ ပတ်သက်လို့ နာကြင်ဝမ်းနည်းရတဲ့ အကြောင်းနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးသွားမယ်လို့အိန္ဒိယ၀န်ကြီးချုပ် Narendra Modi က တွစ်တာစာမျက်နှာမှာရေးသားထားပါတယ်။

XS
SM
MD
LG