သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ဒုက္ခသည် ၁,၀၀၀ ကျော် အီတလီ ကယ်ဆယ်


အီတလီကိုရွှေ့ပြောင်းလာတဲ့ လှေစီးပြေး ၁,၀၀၀ ကျော်ပါ လှေနစ်မြုပ်ပြီး ၇၄ ယောက် သေဆုံးခဲ့ရတာအတွက် အီတလီဒေသခံတွေက ကျန်ရစ်သူမိသားစုတွေနဲ့အတူ ချီတက်ဆန္ဒဖော်ထုတ်ကြစဉ်။ (မတ် ၁၁၊ ၂၀၂၃) 

{{Zawgyi/Unicode}}

ပင်လယ်ပြင်ကိုဖြတ်ပြီး အီတလီကိုတရားမဝင်-ဝင်ရောက်လာတဲ့ လှေစီးရွှေ့ပြောင်းဝင်ရောက်သူ ၁,၀၀၀ ကျော်ကို အီတလီကမ်းခြေစောင့်တပ်က စနေနေ့တုန်းကကယ်ဆယ်ခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။

လှေစီးဝင်ရောက်လာသူ ၅၈၄ ယောက်ကို Reggio Calabria မြို့ဆီပို့ခဲ့သလို နောက်ထပ် ၄၈၇ ယောက်ကို Crotone မြို့ကို ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

Crotone မြို့အနီးပင်လယ်ပြင်မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ရွှေ့ပြောင်းဝင်ရောက်လာသူတွေစီးနင်းလာတဲ့ စက်လှေ နစ်မြုပ်ခဲ့တာကြောင့် ၇၄ ဦးသေဆုံးပြီး အယောက် ၃၀ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ၇၉ ဦးကတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ တရားမဝင် ဝင်ရောက်လာသူ ၄,၀၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။ နောက်ထပ် အသက်ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ဖို့ ပြီးခဲ့တဲ့သောကြာနေ့က အီတလီကမ်းခြေစောင့်တပ်က သင်္ဘော ၈ စီးနဲ့ နေရာ အတော်များများမှာ ကယ်ဆယ်ရေးလုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူကုန်ကူးသူတွေကိုချည်းပဲ အပြစ်တင်တာကိုတော့ အီတလီ ဝန်ကြီးချုပ် Giorgia Meloni လက်မခံပါဘူး။ ဒါပေမဲ့ လူကုန်ကူးသူတွေကို ပိုမိုပြင်းထန်တဲ့အပြစ်ဒဏ်တွေချမှတ်ဖို့နဲ့ တရားဝင်ရွှေ့ပြောင်းဝင်ရောက်မှုတွေအတွက် လမ်းဖွင့်ပေးတာတွေလုပ်ဆောင်ဖို့ကို အီတလီအစိုးရက ကြာသပတေးနေ့တုန်းကကတိပြုပြောကြားခဲ့ပါတယ်။

ဒီနှစ်အတွင်း အီတလီကို ပင်လယ်ပြင်ကနေဝင်ရောက်လာသူ စုစုပေါင်း ၁၇,၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ ဒီလိုအချိန်အတိုင်းအတာအတွင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ၆,၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။

လှေစီးပြေး ဒုက္ခသည် ၁,၀၀၀ ကျော် အီတလီ ကယ်ဆယ်.mp3
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

================

{{Unicode}}

လှစေီးပွေး ဒုက်ခသညျ ၁,၀၀၀ ကြောျ အီတလီ ကယျဆယျ







XS
SM
MD
LG