{{Zawgyi/Unicode}}
ပင္လယ္ျပင္ကိုျဖတ္ၿပီး အီတလီကိုတရားမဝင္-ဝင္ေရာက္လာတဲ့ ေလွစီးေရႊ႕ေျပာင္းဝင္ေရာက္သူ ၁,၀၀၀ ေက်ာ္ကို အီတလီကမ္းေျခေစာင့္တပ္က စေနေန႔တုန္းကကယ္ဆယ္ခဲ့ရတယ္လို႔တာဝန္ရွိသူေတြကေျပာပါတယ္။
ေလွစီးဝင္ေရာက္လာသူ ၅၈၄ ေယာက္ကို Reggio Calabria ၿမိဳ႕ဆီပို႔ခဲ့သလို ေနာက္ထပ္ ၄၈၇ ေယာက္ကို Crotone ၿမိဳ႕ကို ပို႔ေဆာင္ခဲ့တယ္လို႔ဆိုပါတယ္။
Crotone ၿမိဳ႕အနီးပင္လယ္ျပင္မွာ ေဖေဖၚဝါရီလ ၂၆ ရက္ေန႔က ေရႊ႕ေျပာင္းဝင္ေရာက္လာသူေတြစီးနင္းလာတဲ့ စက္ေလွ နစ္ျမဳပ္ခဲ့တာေၾကာင့္ ၇၄ ဦးေသဆံုးၿပီး အေယာက္ ၃၀ ေပ်ာက္ဆုံးေနဆဲဲ ျဖစ္ပါတယ္။ ၇၉ ဦးကေတာ့ အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကေန စေနေန႔အထိ တရားမဝင္ ဝင္ေရာက္လာသူ ၄,၀၀၀ ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။ ေနာက္ထပ္ အသက္ဆုံးရႈံးမႈေတြကို ကာကြယ္ႏိုင္ဖို႔ ၿပီးခဲ့တဲ့ေသာၾကာေန႔က အီတလီကမ္းေျခေစာင့္တပ္က သေဘၤာ ၈ စီးနဲ႔ ေနရာ အေတာ္မ်ားမ်ားမွာ ကယ္ဆယ္ေရးလုပ္ခဲ့ပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပီး လူကုန္ကူးသူေတြကိုခ်ည္းပဲ အျပစ္တင္တာကိုေတာ့ အီတလီ ဝန္ႀကီးခ်ဳပ္ Giorgia Meloni လက္မခံပါဘူး။ ဒါေပမဲ့ လူကုန္ကူးသူေတြကို ပိုမိုျပင္းထန္တဲ့အျပစ္ဒဏ္ေတြခ်မွတ္ဖို႔နဲ႔ တရားဝင္ေရႊ႕ေျပာင္းဝင္ေရာက္မႈေတြအတြက္ လမ္းဖြင့္ေပးတာေတြလုပ္ေဆာင္ဖို႔ကို အီတလီအစိုးရက ၾကာသပေတးေန႔တုန္းကကတိျပဳေျပာၾကားခဲ့ပါတယ္။
ဒီႏွစ္အတြင္း အီတလီကို ပင္လယ္ျပင္ကေနဝင္ေရာက္လာသူ စုစုေပါင္း ၁၇,၀၀၀ ေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။ ဒီလိုအခ်ိန္အတိုင္းအတာအတြင္း ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္က ၆,၀၀၀ ေက်ာ္ ဝင္ေရာက္ခဲ့ပါတယ္။
================
{{Unicode}}
လှေစီးပြေး ဒုက္ခသည် ၁,၀၀၀ ကျော် အီတလီ ကယ်ဆယ်
ပင်လယ်ပြင်ကိုဖြတ်ပြီး အီတလီကိုတရားမဝင်-ဝင်ရောက်လာတဲ့ လှေစီးရွှေ့ပြောင်းဝင်ရောက်သူ ၁,၀၀၀ ကျော်ကို အီတလီကမ်းခြေစောင့်တပ်က စနေနေ့တုန်းကကယ်ဆယ်ခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။
လှေစီးဝင်ရောက်လာသူ ၅၈၄ ယောက်ကို Reggio Calabria မြို့ဆီပို့ခဲ့သလို နောက်ထပ် ၄၈၇ ယောက်ကို Crotone မြို့ကို ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
Crotone မြို့အနီးပင်လယ်ပြင်မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ရွှေ့ပြောင်းဝင်ရောက်လာသူတွေစီးနင်းလာတဲ့ စက်လှေ နစ်မြုပ်ခဲ့တာကြောင့် ၇၄ ဦးသေဆုံးပြီး အယောက် ၃၀ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ၇၉ ဦးကတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ တရားမဝင် ဝင်ရောက်လာသူ ၄,၀၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။ နောက်ထပ် အသက်ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ဖို့ ပြီးခဲ့တဲ့သောကြာနေ့က အီတလီကမ်းခြေစောင့်တပ်က သင်္ဘော ၈ စီးနဲ့ နေရာ အတော်များများမှာ ကယ်ဆယ်ရေးလုပ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လူကုန်ကူးသူတွေကိုချည်းပဲ အပြစ်တင်တာကိုတော့ အီတလီ ဝန်ကြီးချုပ် Giorgia Meloni လက်မခံပါဘူး။ ဒါပေမဲ့ လူကုန်ကူးသူတွေကို ပိုမိုပြင်းထန်တဲ့အပြစ်ဒဏ်တွေချမှတ်ဖို့နဲ့ တရားဝင်ရွှေ့ပြောင်းဝင်ရောက်မှုတွေအတွက် လမ်းဖွင့်ပေးတာတွေလုပ်ဆောင်ဖို့ကို အီတလီအစိုးရက ကြာသပတေးနေ့တုန်းကကတိပြုပြောကြားခဲ့ပါတယ်။
ဒီနှစ်အတွင်း အီတလီကို ပင်လယ်ပြင်ကနေဝင်ရောက်လာသူ စုစုပေါင်း ၁၇,၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ ဒီလိုအချိန်အတိုင်းအတာအတွင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ၆,၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။