သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Bolivia ျပႆနာေျဖ႐ွင္းေရး ကုလ ကိုယ္စားလွယ္ေစလႊတ္


(Zawgyi/Unicode)

ဘုိလီးဗီးယားႏုိင္ငံ လက္ရွိရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းအတြက္ “ၿငိမ္းခ်မ္းတဲ့ ေျဖရွင္းနည္း” တခုရရွိေရး ကူညီလုပ္ေဆာင္ဖို႔ ကုလသမဂၢအထူးကိုယ္စားလွယ္တဦးကို လႊတ္မယ္လုိ႔ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ႐ံုးက ေၾကညာပါတယ္။

ဘိုလီးဗီးယားေရြးေကာက္ပြဲမွာ မသမာမႈေတြရွိခဲ့တဲ့အတြက္ သမၼတႏုတ္ထြက္ေပးဖို႔ စစ္ဘက္ေခါင္းေဆာင္ေတြက ေတာင္းဆိုၿပီး တဲ့ေနာက္ အက်ပ္အတည္းနဲ႔ ရင္ဆိုင္ ေနရတာျဖစ္ပါတယ္။

Colombia ႏုိင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ေဟာင္း Jean Arnault ဟာ ဘိုလီးဗီးယားႏုိင္္ငံဆိုင္ရာ အထူး ကိုယ္စားလွယ္အျဖစ္ ဘုိလီးဗီးယားက သက္ဆိုင္သူအားလံုးနဲ႔ ေဆြးေႏြးၿပီး ၿငိမ္းခ်မ္းတဲ့ ေရြးေကာက္ပြဲေတြကို ကူညီပံ့ပုိုးဖို႔ ႀကိဳးစား မွာျဖစ္ပါတယ္။ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က “ဘုိလီးဗီးယားက အေျခအေနေတြအေပၚ အတြင္းေရးမွဴး ခ်ဳပ္အေနနဲ႔ သိပ္ကိုစိုးရိမ္ဆဲရွိပါတယ္။ အၾကမ္းဖက္လုပ္ရပ္ေတြကို ေရွာင္ရွားၿပီး အဆံုးစြန္ ထိန္းခ်ဳပ္ လုပ္ေဆာင္ ၾကဖို႔ ဘိုလီးဗီးယားႏုိင္ငံသားအားလံုးကုိ အတြင္းေရးမွဴးခ်ဳပ္က ထပ္ၿပီးပန္ၾကားပါတယ္” လို႔ ေျပာပါတယ္။

ဘိုလီးဗီးယားသမၼတေဟာင္း Evo Morales ဟာ ၁၄ ႏွစ္ၾကာ သမၼတရာထူးယူူခဲ့သူျဖစ္ပါတယ္။ သူဟာ ႏုိ္င္ငံသမိုင္းမွာ လူမ်ဳိးစု ေတြထဲက ပထမဆံုးသမၼတျဖစ္ၿပီး အာဏာရ Movement toward Socialism ပါတီ (MAS) ရဲဲ႕ ေခါင္းေဆာင္ျဖစ္ပါတယ္။

Morales ႏုတ္ထြက္သြားၿပီးတဲ့ေနာက္ သမၼတရာထူးကိုဆက္ခံရမယ့္ ဒုတိယအဆင့္အျမင့္ဆံုး တာဝန္ရွိသူ အထက္လႊတ္ေတာ္ ဒုတိယဥကၠ႒ Jeanine Anez က ေရြးေကာက္ပြဲသစ္ေတြကို အေျခခံဥပေဒအရ ရက္ ၉၀ အတြင္းက်င္းပမယ္လုိ႔ ေၾကညာထားပါ တယ္။

Bolivia ျပႆနာေျဖ႐ွင္းေရး ကုလ ကိုယ္စားလွယ္ေစလႊတ္
please wait

No media source currently available

0:00 0:01:05 0:00
တိုက္႐ိုက္ လင့္ခ္


.................

Bolivia ပြဿနာဖြေရှင်းရေး ကုလ ကိုယ်စားလှယ်စေလွှတ်

(Zawgyi/Unicode)

ဘိုလီးဗီးယားနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းအတွက် “ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်း” တခုရရှိရေး ကူညီလုပ်ဆောင်ဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တဦးကို လွှတ်မယ်လို့ အတွင်းရေးမှူးချုပ် Antonio Guterres ရုံးက ကြေညာပါတယ်။

ဘိုလီးဗီးယားရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့တဲ့အတွက် သမ္မတနုတ်ထွက်ပေးဖို့ စစ်ဘက်ခေါင်းဆောင်တွေက တောင်းဆိုပြီး တဲ့နောက် အကျပ်အတည်းနဲ့ ရင်ဆိုင် နေရတာဖြစ်ပါတယ်။

Colombia နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်း Jean Arnault ဟာ ဘိုလီးဗီးယားနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် ဘိုလီးဗီးယားက သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲတွေကို ကူညီပံ့ပိုးဖို့ ကြိုးစား မှာဖြစ်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က “ဘိုလီးဗီးယားက အခြေအနေတွေအပေါ် အတွင်းရေးမှူး ချုပ်အနေနဲ့ သိပ်ကိုစိုးရိမ်ဆဲရှိပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားပြီး အဆုံးစွန် ထိန်းချုပ် လုပ်ဆောင် ကြဖို့ ဘိုလီးဗီးယားနိုင်ငံသားအားလုံးကို အတွင်းရေးမှူးချုပ်က ထပ်ပြီးပန်ကြားပါတယ်” လို့ ပြောပါတယ်။

ဘိုလီးဗီးယားသမ္မတဟောင်း Evo Morales ဟာ ၁၄ နှစ်ကြာ သမ္မတရာထူးယူူခဲ့သူဖြစ်ပါတယ်။ သူဟာ နိုင်ငံသမိုင်းမှာ လူမျိုးစု တွေထဲက ပထမဆုံးသမ္မတဖြစ်ပြီး အာဏာရ Movement toward Socialism ပါတီ (MAS) ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

Morales နုတ်ထွက်သွားပြီးတဲ့နောက် သမ္မတရာထူးကိုဆက်ခံရမယ့် ဒုတိယအဆင့်အမြင့်ဆုံး တာဝန်ရှိသူ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeanine Anez က ရွေးကောက်ပွဲသစ်တွေကို အခြေခံဥပဒေအရ ရက် ၉၀ အတွင်းကျင်းပမယ်လို့ ကြေညာထားပါ တယ်။

XS
SM
MD
LG