(Zawgyi/Unicode)
Bolivia သမၼတ Evo Morales ရာထူးက ႏုတ္ထြက္သြားတာကို အေမရိကန္ အစိုးရက ႀကိဳဆိုလိုက္ပါတယ္။
Morales ႏုတ္ထြက္မႈဟာ အေနာက္ကမၻာျခမ္းက ဒီမိုကေရစီအတြက္ ထူးျခားတဲ့ သာမည ျဖစ္ေၾကာင္း၊ သမၼတ ရာထူးမွာ ၁၄ ႏွစ္ၾကာ ေနခဲ့သူ ျပည္သူ႔ ဆႏၵကို ဆန္႔က်င္ျပီး အေျခခံ ဥပေဒ ပယ္ဖ်က္ လႊမ္းမိုးလိုတဲ့ ႀကိဳးပမ္းမႈ လုပ္ခဲ့တဲ့ သမၼတတစ္ဦး ႏုတ္ထြက္တာဟာ ဒီမိုကေရစီကို တည္ျမဲေအာင္ ထိန္းသိမ္းထားႏုိင္မွာ ျဖစ္ၿပီး ဘုိလီးဗီယား ျပည္သူေတြရဲ႕ အသံနဲ႔ ဆႏၵေတြကို ျပန္လည္ ၾကားရေတာ့မွာျဖစ္ေၾကာင္း သမၼတ ထရမ့္က သူ႔ရဲ႕ ေၾကညာခ်က္မွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ အစိုးရဲ႕ ေျပာၾကားခ်က္ဟာ ဘုိလီးဗီယား သမၼတ အာဏာသိမ္းခံရတာေၾကာင္း ရာထူးက ထြက္ရတာဆိုတဲ့ တစ္ခ်ဳိဳ႕ ေျပာဆိုခ်က္ ေတြနဲ႔ ကြြဲလြဲလို႔ေတာ့ေနပါတယ္။ မကၠဆီ အပါအ၀င္ ႏုိင္ငံေတာ္ေတာ္ မ်ားမ်ားက အာဏာသိမ္းခံရတာလို႔ ယူဆေနၾကတာပါ။
Bolivia က ျဖစ္ရပ္ဟာ ဗင္နီဇြဲလားနဲ႔ ႏုိင္ကာရာဂြာက အုပ္ခ်ဳပ္ေနသူေတြအတြက္ ျပင္းျပင္းထန္ထန္ အခ်က္ေပးလိုက္တာ ျဖစ္ေၾကာင္း၊ အခုအခါ ကမၻာ့ အေနာက္ျခမ္းမွာ ဒီမိုကေရစီ အျပည့္အ၀ ရရွိဖို႔အတြက္ ေျခလွမ္းတစ္ရပ္ နီးစပ္လာတာျဖစ္ေၾကာင္းလည္း အိမ္ျဖဴေတာ္ရဲ႕ ေၾကညာခ်က္မွာ ပါရွိခဲ့ပါတယ္။
ဘိုလီးဗီးယား သမၼတ အာဏာ သိမ္းခံရတယ္လို႔ ေျပာၾကားခဲ့တဲ့ မကၠဆီႏိုင္ငံက သမၼတ Morales ရဲ႕ မကၠဆီကို ႏုိင္ငံအတြင္း ေနထိုင္ ခိုလွဳံခြင့္ ေတာင္းဆိုခ်က္ကို လက္ခံခဲ့ေၾကာင္း မကၠဆီကို ႏုိ္င္ငံျခားေရး ၀န္ၾကီး Marcelo Ebrard ဌာနက ေျပာပါတယ္။ ရာထူးက ႏုတ္ထြက္ခဲ့တဲ့ Morales အစိုးရ အဖြဲ႔၀င္ ၀န္ၾကီး တစ္ခ်ိဳ႕နဲ႔ အဆင့္ျမင့္ အရာရွိ တစ္ခ်ိဳ႕ဟာ အခုအခါ ဘုိလီးဗီယားႏုိင္ငံက မကၠဆီကို သံရုံးမွာ ခုိုလွဳံေနၾက ပါတယ္။
...................
Bolivia သမ္မတနုတ်ထွက်မှု ကန်ကြိုဆို
(Unicode)
Bolivia သမ္မတ Evo Morales ရာထူးက နုတ်ထွက်သွားတာကို အမေရိကန် အစိုးရက ကြိုဆိုလိုက်ပါတယ်။ Morales နုတ်ထွက်မှုဟာ အနောက်ကမ္ဘာခြမ်းက ဒီမိုကရေစီအတွက် ထူးခြားတဲ့ သာမည ဖြစ်ကြောင်း၊ သမ္မတ ရာထူးမှာ ၁၄ နှစ်ကြာ နေခဲ့သူ ပြည်သူ့ ဆန္ဒကို ဆန့်ကျင်ပြီး အခြေခံ ဥပဒေ ပယ်ဖျက် လွှမ်းမိုးလိုတဲ့ ကြိုးပမ်းမှု လုပ်ခဲ့တဲ့ သမ္မတတစ်ဦး နုတ်ထွက်တာဟာ ဒီမိုကရေစီကို တည်မြဲအောင် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပြီး ဘိုလီးဗီယား ပြည်သူတွေရဲ့ အသံနဲ့ ဆန္ဒတွေကို ပြန်လည် ကြားရတော့မှာဖြစ်ကြောင်း သမ္မတ ထရမ့်က သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် အစိုးရဲ့ ပြောကြားချက်ဟာ ဘိုလီးဗီယား သမ္မတ အာဏာသိမ်းခံရတာကြောင်း ရာထူးက ထွက်ရတာဆိုတဲ့ တစ်ချို့ ပြောဆိုချက် တွေနဲ့ ကွဲလွဲလို့တော့နေပါတယ်။ မက္ကဆီ အပါအဝင် နိုင်ငံတော်တော် များများက အာဏာသိမ်းခံရတာလို့ ယူဆနေကြတာပါ။
Bolivia က ဖြစ်ရပ်ဟာ ဗင်နီဇွဲလားနဲ့ နိုင်ကာရာဂွာက အုပ်ချုပ်နေသူတွေအတွက် ပြင်းပြင်းထန်ထန် အချက်ပေးလိုက်တာ ဖြစ်ကြောင်း၊ အခုအခါ ကမ္ဘာ့ အနောက်ခြမ်းမှာ ဒီမိုကရေစီ အပြည့်အ၀ ရရှိဖို့အတွက် ခြေလှမ်းတစ်ရပ် နီးစပ်လာတာဖြစ်ကြောင်းလည်း အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ဘိုလီးဗီးယား သမ္မတ အာဏာ သိမ်းခံရတယ်လို့ ပြောကြားခဲ့တဲ့ မက္ကဆီနိုင်ငံက သမ္မတ Morales ရဲ့ မက္ကဆီကို နိုင်ငံအတွင်း နေထိုင် ခိုလှုံခွင့် တောင်းဆိုချက်ကို လက်ခံခဲ့ကြောင်း မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီး Marcelo Ebrard ဌာနက ပြောပါတယ်။ ရာထူးက နုတ်ထွက်ခဲ့တဲ့ Morales အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ချို့နဲ့ အဆင့်မြင့် အရာရှိ တစ်ချို့ဟာ အခုအခါ ဘိုလီးဗီယားနိုင်ငံက မက္ကဆီကို သံရုံးမှာ ခိုလှုံနေကြ ပါတယ်။