သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Bollywood ထိပ္တန္း မင္းသမီး ၃ ဦး မူးယစ္ေဆးကိစၥ ေခၚယူစစ္ေဆးခံရ


မြမ္ဘုိင္းၿမိဳ႕ မူးယစ္ထိန္းခ်ဳပ္ေရး ဗဟိုဌာနမွာ စစ္ေဆးခံဖုိ႔ ေရာက္ရွိလာတဲ့ Bollywood မင္းသမီး Deepika Padukone. (စက္တင္ဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယ Bollywood နာမည္ေက်ာ္ ႐ုပ္ရွင္မင္းသမီး Deepika Padukone အပါအဝင္ အိႏၵိယ႐ုပ္ရွင္သ႐ုပ္ေဆာင္ ၃ ေယာက္ကို စေနေန႔က အိႏၵိယ မူးယစ္စုံစမ္းေရးဌာနက ဆင့္ေခၚ ေမးျမန္းခဲ့ပါတယ္။

အိႏၵိယ ႐ုပ္ရွင္ေလာကနဲ႔ မူးယစ္ေဆးဝါး လက္လီေရာင္းဝယ္သူေတြ၊ မူးယစ္ဂိုဏ္းႀကီးေတြနဲ႔ အဆက္အသြယ္ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္မႈေတြနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးခဲ့တာလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

Padukone ကို အရင္ဆုံး မြမ္ဘုိင္းၿမိဳ႕ မူးယစ္ထိန္းခ်ဳပ္ေရး ဗဟိုဌာနမွာ ေခၚယူစစ္ေဆးခဲ့တာပါ။ သူက ဂိုအာၿမိဳ႕အေနာက္ပိုင္း ကမ္းေျခတခုမွာ ႐ုပ္ရွင္႐ုိက္ကူးေနတာျဖစ္ၿပီး စစ္ေဆးေမးျမန္းဖို႔ ဒီသီတင္းပတ္ အေစာပိုင္းတုန္းက ဆင့္ေခၚခဲ့တာ ျဖစ္ပါတယ္။

တျခားမင္းသမီးေတြျဖစ္တဲ့ Shraddha Kapoor နဲ႔ Sara Ali Khan တို႔ႏွစ္ေယာက္ မူးယစ္စုံစမ္းေရးဌာနကို စစ္ေဆးခံဖို႔ ေရာက္လာတာကိုလည္း အိႏၵိယ သတင္းဌာနတခုက တိုက္႐ုိက္ထုတ္လႊင့္ခဲ့ပါတယ္။ သူတို႔ကို ဘာေတြေမးျမန္း စစ္ေဆးခဲ့တယ္ဆိုတာ အေသးစိတ္ေတာ့ ေဖာ္ျပမထားပါဘူး။

ၿပီးခဲ့တဲ့ ဇြန္လတုန္းက အိႏၵိယ လူငယ္သ႐ုပ္ေဆာင္မင္းသား Sushant Singh Rajput သူ႔ေနအိမ္မွာ ေသဆုံးခဲ့တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး အခုလို Bollywood သ႐ုပ္ေဆာင္ေတြကို ေခၚယူစစ္ေဆးေနတာ ျဖစ္တယ္လို႔ မူးယစ္ဌာနက ေၾကညာထားပါတယ္။

ၿပီးခဲ့တဲ့ ၂ ပတ္အတြင္း ေခၚယူစစ္ေဆးခံရတဲ့သူ တဒါဇင္ေက်ာ္ထဲ မင္းသမီး Padukone တေယာက္လည္း ပါဝင္တာပါ။ သူ႔ရဲ႕မန္ေနဂ်ာ Karishma Prakash ကိုေတာ့ ၿပီးခဲ့တဲ့ ေသာၾကာေန႔က စစ္ေဆးေမးျမန္းခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ Bollywood ထိပ္တန္း ႐ုပ္ရွင္ထုတ္လုပ္သူ Karan Johan ကလည္း ဇူလိုင္လအတြင္း သူ႔အိမ္ပါတီပြဲမွာ မူးယစ္ေဆးဝါးသုံးစြဲမႈ ရွိခဲ့တယ္လို႔ စြပ္စြဲထားတာေတြဟာ အေျခအျမစ္မရွိ၊ မမွန္ကန္တဲ့ စြပ္စြဲခ်က္ေတြသာ ျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။ သူ႔ေနအိမ္မွာ က်င္းပတဲ့ ပါတီပြဲ ဗီြဒီယိုတခု လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာၿပီးတဲ့ေနာက္မွာ Karan Johan က အခုလို ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

Bollywood ထိပ်တန်း မင်းသမီး ၃ ဦး မူးယစ်ဆေးကိစ္စ ခေါ်ယူစစ်ဆေးခံရ

အိန္ဒိယ Bollywood နာမည်ကျော် ရုပ်ရှင်မင်းသမီး Deepika Padukone အပါအဝင် အိန္ဒိယရုပ်ရှင်သရုပ်ဆောင် ၃ ယောက်ကို စနေနေ့က အိန္ဒိယ မူးယစ်စုံစမ်းရေးဌာနက ဆင့်ခေါ် မေးမြန်းခဲ့ပါတယ်။

အိန္ဒိယ ရုပ်ရှင်လောကနဲ့ မူးယစ်ဆေးဝါး လက်လီရောင်းဝယ်သူတွေ၊ မူးယစ်ဂိုဏ်းကြီးတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Padukone ကို အရင်ဆုံး မွမ်ဘိုင်းမြို့ မူးယစ်ထိန်းချုပ်ရေး ဗဟိုဌာနမှာ ခေါ်ယူစစ်ဆေးခဲ့တာပါ။ သူက ဂိုအာမြို့အနောက်ပိုင်း ကမ်းခြေတခုမှာ ရုပ်ရှင်ရိုက်ကူးနေတာဖြစ်ပြီး စစ်ဆေးမေးမြန်းဖို့ ဒီသီတင်းပတ် အစောပိုင်းတုန်းက ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

တခြားမင်းသမီးတွေဖြစ်တဲ့ Shraddha Kapoor နဲ့ Sara Ali Khan တို့နှစ်ယောက် မူးယစ်စုံစမ်းရေးဌာနကို စစ်ဆေးခံဖို့ ရောက်လာတာကိုလည်း အိန္ဒိယ သတင်းဌာနတခုက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ သူတို့ကို ဘာတွေမေးမြန်း စစ်ဆေးခဲ့တယ်ဆိုတာ အသေးစိတ်တော့ ဖော်ပြမထားပါဘူး။

ပြီးခဲ့တဲ့ ဇွန်လတုန်းက အိန္ဒိယ လူငယ်သရုပ်ဆောင်မင်းသား Sushant Singh Rajput သူ့နေအိမ်မှာ သေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုလို Bollywood သရုပ်ဆောင်တွေကို ခေါ်ယူစစ်ဆေးနေတာ ဖြစ်တယ်လို့ မူးယစ်ဌာနက ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ခေါ်ယူစစ်ဆေးခံရတဲ့သူ တဒါဇင်ကျော်ထဲ မင်းသမီး Padukone တယောက်လည်း ပါဝင်တာပါ။ သူ့ရဲ့မန်နေဂျာ Karishma Prakash ကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က စစ်ဆေးမေးမြန်းခဲ့ပါတယ်။

တချိန်တည်းမှာပဲ Bollywood ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်သူ Karan Johan ကလည်း ဇူလိုင်လအတွင်း သူ့အိမ်ပါတီပွဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိခဲ့တယ်လို့ စွပ်စွဲထားတာတွေဟာ အခြေအမြစ်မရှိ၊ မမှန်ကန်တဲ့ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ သူ့နေအိမ်မှာ ကျင်းပတဲ့ ပါတီပွဲ ဗွီဒီယိုတခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးတဲ့နောက်မှာ Karan Johan က အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG