သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ကုန္သည္ဆီက မူးယစ္ေဆး အမ်ားအျပား ဖိလစ္ပိုင္မွာ ဖမ္းမိ


မွတ္တမ္းဓာတ္ပံု - ဖိလစ္ပိုင္မွာ ဖမ္းမိထားတဲ႔ စိတ္ၾကြေဆးျပားေတြကို သတင္းစာရွင္းလင္းပြဲမွာ ျပသ။

ဖိလစ္ပိုင္ႏိုင္ငံအတြင္း တရားမဝင္ မူးယစ္ေဆးဝါး အေျမာက္အျမားကို ဖမ္းဆီး သိမ္းဆည္း ရမိခဲ့ၿပီး သံသယ ရွိဖြယ္ တ႐ုတ္ အမ်ိဳးသား မူးယစ္ေဆးဝါး ေမွာင္ခို ေရာင္းဝယ္သူ တစ္ေယာက္ကို ဖမ္းဆီးခဲ့ေၾကာင္း ဖိလစ္ပိုင္ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ ေဆးဝါးေတြဟာ methamphetamine အမ်ိဳးအစား မူးယစ္ေဆးေတြျဖစ္ၿပီး စုစုေပါင္း ကီလို ၃၇၀ (ေပါင္နဲ႔ဆိုရင္) ၈၁၅ ေပါင္ ရွိၿပီး ေပါက္ေဈး အရ အေမရိကန္ ေဒၚလာ ၄၉ သန္း တန္ဖိုးရွိတယ္လို႔ ဆိုပါတယ္။

Makati ၿမိဳ႕မွာ တ႐ုတ္အမ်ိဳးသား Liu Chao ေနထိုင္တဲ့ တိုက္ခန္းထဲမွာ လက္ဖက္ေျခာက္အိတ္ ေတြထဲ မူးယစ္ေဆးေတြ ရွာေဖြ ေတြ႕ရွိခဲ့တာလို႔လည္း ဖိလစ္ပိုင္ ရဲတပ္ဖြဲ႕က ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ Bernard Banac က ေျပာပါတယ္။ တ႐ုတ္အမ်ိဳးသား Liu Chao အတြက္ အလုပ္လုပ္ကိုင္ေနတယ္လို႔ ယူဆရတဲ့ ဖိလစ္ပိုင္ အမ်ိဳးသား ၂ ဦးကိုလည္း မူးယစ္ေဆး ၃၇ ေပါင္နဲ႔အတူ ဖမ္းဆီးထိန္းသိမ္းခဲ့ တယ္လို႔လည္း AP သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္အမ်ိဳးသား Liu ကို ရဲတပ္ဖြဲ႕က ႏွစ္ပတ္ၾကာ လ်ိဳ႕ဝွက္ေစာင့္ၾကည့္ေနစဥ္မွာပဲ Liu ဟာ မူးယစ္ေဆး ဝယ္ယူသူ အေယာင္ေဆာင္ လာေရာက္သူ ရဲတဦးကို ခန႔္မွန္းမိတာေၾကာင့္ ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ရာမွာ ရဲတပ္ဖြဲ႕က သူ႔ကို အဂၤါေန႔မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
မူးယစ္ေဆးေတြ ဘယ္က ဝင္လာသလဲဆိုတာကိုေတာ့ စုံစမ္း စစ္ေဆးေနဆဲ ျဖစ္ပါတယ္။ ဖိလစ္ပိုင္ သမၼတ Rodrigo Duterte ဟာ သူ အာဏာရလာတဲ့ ၂၀၁၆ ခုႏွစ္က စၿပီး မူးယစ္ေဆး ႏွိမ္နင္းေရးေတြ လုပ္ေဆာင္ခဲ့ရာမွာ ရဲတပ္ဖြဲ႕နဲ႔ အျပန္အလွန္ ပစ္ခတ္တာေၾကာင့္ ဆင္းရဲႏြမ္းပါးသူ အမ်ားစု ပါဝင္တဲ့ မူးယစ္ေဆးနဲ႔ ဆက္ႏြယ္တဲ့ သံသယရွိသူ လူ ၆၀၀၀ ေလာက္ ေသဆုံးခဲ့ၿပီးျဖစ္ပါတယ္။

အဲဒီလို ေသဆုံးတာေတြေၾကာင့္ အေနာက္ႏိုင္ငံေတြနဲ႔ ကုလသမဂၢ အဖြဲ႕အစည္းေတြအၾကား သူ႔အေပၚ ေဝဖန္မႈေတြ ေပၚထြက္ခဲ့သလို ႏိုင္ငံတကာ ရာဇဝတ္ ခုံ႐ုံး ICC ကလည္း လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈနဲ႔ စစ္ေဆးေန တာေၾကာင့္ ဒူတာေတးက ICC က ႏုတ္ထြက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တရုတ်ကုန်သည်ဆီက မူးယစ်ဆေး အများအပြား ဖိလစ်ပိုင်မှာ ဖမ်းမိ

ဖိလစ်ပိုင်နိုင်ငံအတွင်း တရားမဝင် မူးယစ်ဆေးဝါး အမြောက်အမြားကို ဖမ်းဆီး သိမ်းဆည်း ရမိခဲ့ပြီး သံသယ ရှိဖွယ် တရုတ် အမျိုးသား မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူ တစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ် ဆေးဝါးတွေဟာ methamphetamine အမျိုးအစား မူးယစ်ဆေးတွေဖြစ်ပြီး စုစုပေါင်း ကီလို ၃၇၀ (ပေါင်နဲ့ဆိုရင်) ၈၁၅ ပေါင် ရှိပြီး ပေါက်ဈေး အရ အမေရိကန် ဒေါ်လာ ၄၉ သန်း တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

Makati မြို့မှာ တရုတ်အမျိုးသား Liu Chao နေထိုင်တဲ့ တိုက်ခန်းထဲမှာ လက်ဖက်ခြောက်အိတ် တွေထဲ မူးယစ်ဆေးတွေ ရှာဖွေ တွေ့ရှိခဲ့တာလို့လည်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောခွင့်ရ ဗိုလ်မှူးချုပ် Bernard Banac က ပြောပါတယ်။ တရုတ်အမျိုးသား Liu Chao အတွက် အလုပ်လုပ်ကိုင်နေတယ်လို့ ယူဆရတဲ့ ဖိလစ်ပိုင် အမျိုးသား ၂ ဦးကိုလည်း မူးယစ်ဆေး ၃၇ ပေါင်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ တယ်လို့လည်း AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

တရုတ်အမျိုးသား Liu ကို ရဲတပ်ဖွဲ့က နှစ်ပတ်ကြာ လျို့ဝှက်စောင့်ကြည့်နေစဉ်မှာပဲ Liu ဟာ မူးယစ်ဆေး ဝယ်ယူသူ အယောင်ဆောင် လာရောက်သူ ရဲတဦးကို ခန့်မှန်းမိတာကြောင့် ထွက်ပြေးဖို့ ကြိုးစားခဲ့ရာမှာ ရဲတပ်ဖွဲ့က သူ့ကို အင်္ဂါနေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးတွေ ဘယ်က ဝင်လာသလဲဆိုတာကိုတော့ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ဟာ သူ အာဏာရလာတဲ့ ၂၀၁၆ ခုနှစ်က စပြီး မူးယစ်ဆေး နှိမ်နင်းရေးတွေ လုပ်ဆောင်ခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်တာကြောင့် ဆင်းရဲနွမ်းပါးသူ အများစု ပါဝင်တဲ့ မူးယစ်ဆေးနဲ့ ဆက်နွယ်တဲ့ သံသယရှိသူ လူ ၆၀၀၀ လောက် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလို သေဆုံးတာတွေကြောင့် အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအကြား သူ့အပေါ် ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့သလို နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC ကလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ဆေးနေတာကြောင့် ဒူတာတေးက ICC က နုတ်ထွက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG