သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံအႏွံ႔ ေပါက္ကဲြမႈေတြခပ္စိပ္စိပ္ျဖစ္လာလို႔ လံုျခံဳေရးစိုးရိမ္မႈတိုး


ေတာင္ႀကီးၿမိဳ႕ ဗုံးေပါက္ကြဲမႈ CCTV မွတ္တမ္း (CJ) ၊ ေမလ ၂ဝ၊ ၂ဝ၂၁

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ရန္ကုန္ၿမိဳ႕အပါအဝင္ ၿမိဳ႕ႀကီးေတြ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အေသးစား ေပါက္ကြဲမႈေတြ ခပ္စိပ္စိပ္ျဖစ္လာတာေၾကာင့္ ျပည္သူေတြဟာ သူတို႔ရဲ႕လုံၿခဳံေရးကို စိုးရိမ္ေနၾကပါတယ္။ လမ္းေတြေပၚ စစ္ေဆးေမးျမန္းမႈေတြ မ်ားလာတဲ့အတြက္ အိမ္ျပင္ထြက္ရင္ သတိနဲ႔ သြားလာေနၾကရတယ္လို႔ ျပည္သူအမ်ားက ေျပာၾကပါတယ္။ လံုၿခံဳေရးအတြက္ စိုးရိမ္ေနၾကတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံကိုေတာ့ အလိမၼာ ေျပာျပသြားမွာပါ။

ေဖေဖာ္ဝါရီလ ၁ရက္ေန႔က စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံတဝန္းမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ကန႔္ကြက္ဆႏၵျပမႈေတြ ရွိေနၿပီး၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ ဆန႔္က်င္သူေတြၾကား လက္နက္ကိုင္ ပဋိပကၡေတြလည္း ရွိလာပါတယ္။ ဒီလို ျပည္တြင္းမွာ မၿငိမ္သက္မႈေတြရွိေနခ်ိန္ ရန္ကုန္ၿမိဳ႕အပါအဝင္ ေနရာေဒသ ေတာ္ေတာ္မ်ားမ်ားမွာ ေပါက္ကြဲမႈေတြျဖစ္လာပါတယ္။ ဘယ္သူ႔လက္ခ်က္မွန္း မသိရတဲ့ ေပါက္ကြဲမႈေတြ ခပ္စိပ္စိပ္ျဖစ္လာေနတာေၾကာင့္ ျပည္သူေတြဖက္ကလည္း သတိနဲ႔ သြားလာေနၾကရပါတယ္။

လက္႐ွိေပါက္ကြဲမႈေတြထဲမွာ ရန္ကုန္ၿမိဳ႕မွာ ေပါက္ကြဲမႈေတြ အမ်ားဆုံးျဖစ္ေနၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး အနီးတဝိုက္ေနရာေတြနဲ႔ ေက်ာင္းေတြ၊ လူသြားလူလာမ်ားတဲ့ လမ္းဆုံေနရာေတြမွာလည္း ေပါက္ကြဲတာေတြ ျဖစ္ေနပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ ရဲေတြေစာင့္ၾကပ္ ကင္းလွည့္ေနတဲ့ၾကားမွာပဲ ေပါက္ကြဲေနတာျဖစ္ပါတယ္။ ေပါက္ကြဲမႈျဖစ္ၿပီးတာနဲ႔ ခ်က္ခ်င္းဆိုသလို စစ္တပ္နဲ႔ ရဲေတြေရာက္လာၿပီး အဲဒီနားမွာ ပိတ္ဆို႔စစ္ေဆးတာေတြရွိေနလို႔ ၿမိဳ႕တြင္းသြားလာေရးကို အရင္ကထက္ ပိုၿပီးဂ႐ုစိုက္ေနရတယ္လို႔ ရန္ကုန္ၿမိဳ႕ခံတဦးက VOA ကိုေျပာပါတယ္။

“စစ္ေဆးတာ ဘာညာရွိတဲ့ဆိုတဲ့ ေနရာေတြကို က်ေနာ္တို႔က ေရွာင္ကြင္းၿပီးသြားတာေပါ့။ သူတို႔စစ္ေဆးတယ္လို႔ သတင္းၾကားတဲ့ေနရာေတြကို ေလ့လာၿပီးေတာ့ မေတြ႕ေအာင္သြားတာေပါ့ေနာ္။ က်ေနာ္တို႔က ဘာမွလုပ္လို႔ေတာ့ မဟုတ္ဘူး၊ ကိုယ့္မွာ သံသယျဖစ္စရာ ဘာပစၥည္းမွလည္း မရွိဘူး။ ဒါေပမဲ့ တတ္ႏိုင္ရင္ေတာ့ သူတို႔ေတြနဲ႔ မေတြ႕ခ်င္ဘူး။ အျပင္မွာ အဲဒီကိစၥေတြ ျဖစ္ေနတဲ့အခါက်ေတာ့ တတ္ႏိုင္သေလာက္ အျပင္သြားတာကို ေလွ်ာ့လိုက္တယ္။ ကိုယ့္ကိုယ္ကိုယ္ လုံၿခဳံေအာင္ ေစာင့္ေရွာက္ေနရတဲ့ အေနအထားေပါ့။”

အေသးစား ေပါက္ကြဲမႈတခ်ဳိ႕ျဖစ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ တဖက္ကမ္း တြံေတးၿမိဳ႕မွာလည္း စစ္တပ္နဲ႔ရဲေတြ အသြားအလာစိပ္ေနတယ္လို႔ တြံေတးေဒသခံတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ အျပင္မသြားခင္ေတာ့ တခ်က္လွမ္းျဖတ္ၾကည့္ရတယ္။ အေရွ႕မွာရွိတဲ့ဆိုရင္ တျခားလမ္းက ပတ္ၿပီးေတာ့သြားတယ္။ ထိပ္တိုက္လုံးဝ ရင္မဆိုင္ဘူး။ အရင္က သူတို႔ကင္းလွည့္တယ္ဆိုရင္ အေရွ႕မွာ ရဲကားတစီးပါတယ္။ ၿပီးရင္ စစ္ကားတစီးပါတယ္၊ ဆိုင္ကယ္ ၃ - ၄စီး ပါတယ္။ မေန႔ကညက်ေတာ့ အဲလိုမဟုတ္ဘူး။ အေရွ႕မွာ ရဲကားတစီးေလာက္ပဲ အရင္ကင္းလွည့္သြားလိုက္တယ္။ ေနာက္ ၅မိနစ္ - ၁၀မိနစ္ေလာက္ေနမွ ဆိုင္ကယ္ ၁စီး - ၂စီး သြားတယ္။ လူျဖန႔္ၿပီးေတာ့ ကင္းလွည့္တာလည္း နည္းနည္းစိပ္တယ္။”

မြန္ျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကစၿပီး ေပါက္ကြဲမႈေတြျဖစ္ခဲ့ပါတယ္။ ေမလ ၁၇ ရက္ေန႔က ေမာ္လၿမိဳင္၊ သံျဖဴဇရပ္နဲ႔ သထုံၿမိဳ႕နယ္တို႔မွာ ေပါက္ကြဲမႈေတြဆက္တိုက္ဆိုသလို ျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးနဲ႔ ၾကာသပေတးေန႔တုန္းကလည္း ေရးၿမိဳ႕နယ္မွာ ဗုံးေပါက္ကြဲမႈရွိခဲ့ၿပီး လူတခ်ဳိ႕ ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။ အခုလို မြန္ျပည္နယ္ထဲက ေပါက္ကဲြမႈေတြေၾကာင့္ အစစ္အေဆးအေမးအျမန္းေတြ ပိုမ်ားလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“စာသင္ေက်ာင္းတို႔၊ ေနအိမ္နားတဝိုက္တို႔ဆိုရင္ သူတို႔ဗုံးေတြဘာေတြ လိုက္စစ္တာေတြ႕ရတယ္။ ဒီလတ္တေလာမွာဆိုရင္ စာသင္းေက်ာင္းနားတဝိုက္ သြားမယ္ဆိုရင္ နည္းနည္းသတိထားရတယ္။ ဥပမာ - ဆိုင္ကယ္နဲ႔သြားမယ္ဆိုရင္ ဆိုင္ကယ္ထဲမွာ ဘာပစၥည္းေတြပါလဲေပါ့။ အဲလို ကိုယ့္ဆိုင္ကယ္ကို ျပန္စစ္ရတာေပါ့။ စစ္ၿပီးေတာ့ စာ႐ြက္စာတမ္းေတြ၊ ၿငိစြန္းႏိုင္တာေတြ ရွိလားေပါ့။ အဲဒါေတြကို နည္းနည္းသတိထားရတယ္။ သူတို႔ ဆိုင္ကယ္ Box ေတြကို ဖြင့္မယ္ဆိုရင္ တခုခုမသကၤာစရာ ေတြ႕ရင္ေတာ့ အေရးယူမွာေၾကာက္ေတာ့ အဲဒါေတြကို သတိထားၿပီးေတာ့ သြားလာရတယ္။”

စစ္တပ္နဲ႔ ရဲေတြရဲ႕ ကင္းလွည့္သြားလာေနတဲ့ၾကားမွာ လက္သည္မေပၚတဲ့ ေပါက္ကြဲမႈေတြျဖစ္ေနၿပီး ဒါေတြေၾကာင့္ လမ္းေပၚသြားလာေနတဲ့ ယာဥ္ေတြကို တားဆီးရွာေဖြ စစ္ေဆးတာနဲ႔ မသကၤာသူေတြကို ဖမ္းဆီးတာေတြလည္း ရွိေနပါတယ္။ ျမန္မာႏိုင္ငံမွာ ျဖစ္ခဲ့တဲ့ ေပါက္ကြဲမႈတခ်ဳိ႕ကိုေတာ့ ဆူပူမႈျဖစ္ေအာင္ ရည္႐ြယ္သူေတြက လုပ္ေနတာျဖစ္တယ္လို႔ စစ္ေကာင္စီက ေျပာၾကားထားပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

နိုင်ငံအနှံ့ ပေါက်ကွဲမှုတွေခပ်စိပ်စိပ်ဖြစ်လာလို့ လုံခြုံရေးစိုးရိမ်မှုတိုး

မြန်မာနိုင်ငံမှာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေ နေရာတော်တော်များများမှာ အသေးစား ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ပြည်သူတွေဟာ သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်နေကြပါတယ်။ လမ်းတွေပေါ် စစ်ဆေးမေးမြန်းမှုတွေ များလာတဲ့အတွက် အိမ်ပြင်ထွက်ရင် သတိနဲ့ သွားလာနေကြရတယ်လို့ ပြည်သူအများက ပြောကြပါတယ်။ လုံခြုံရေးအတွက် စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ အလိမ္မာ ပြောပြသွားမှာပါ။

ဖေဖော်ဝါရီလ ၁ရက်နေ့က စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဆန့်ကျင်သူတွေကြား လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိလာပါတယ်။ ဒီလို ပြည်တွင်းမှာ မငြိမ်သက်မှုတွေရှိနေချိန် ရန်ကုန်မြို့အပါအဝင် နေရာဒေသ တော်တော်များများမှာ ပေါက်ကွဲမှုတွေဖြစ်လာပါတယ်။ ဘယ်သူ့လက်ချက်မှန်း မသိရတဲ့ ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာကြောင့် ပြည်သူတွေဖက်ကလည်း သတိနဲ့ သွားလာနေကြရပါတယ်။

လက်ရှိပေါက်ကွဲမှုတွေထဲမှာ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေ အများဆုံးဖြစ်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးတဝိုက်နေရာတွေနဲ့ ကျောင်းတွေ၊ လူသွားလူလာများတဲ့ လမ်းဆုံနေရာတွေမှာလည်း ပေါက်ကွဲတာတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေစောင့်ကြပ် ကင်းလှည့်နေတဲ့ကြားမှာပဲ ပေါက်ကွဲနေတာဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတာနဲ့ ချက်ချင်းဆိုသလို စစ်တပ်နဲ့ ရဲတွေရောက်လာပြီး အဲဒီနားမှာ ပိတ်ဆို့စစ်ဆေးတာတွေရှိနေလို့ မြို့တွင်းသွားလာရေးကို အရင်ကထက် ပိုပြီးဂရုစိုက်နေရတယ်လို့ ရန်ကုန်မြို့ခံတဦးက VOA ကိုပြောပါတယ်။

“စစ်ဆေးတာ ဘာညာရှိတဲ့ဆိုတဲ့ နေရာတွေကို ကျနော်တို့က ရှောင်ကွင်းပြီးသွားတာပေါ့။ သူတို့စစ်ဆေးတယ်လို့ သတင်းကြားတဲ့နေရာတွေကို လေ့လာပြီးတော့ မတွေ့အောင်သွားတာပေါ့နော်။ ကျနော်တို့က ဘာမှလုပ်လို့တော့ မဟုတ်ဘူး၊ ကိုယ့်မှာ သံသယဖြစ်စရာ ဘာပစ္စည်းမှလည်း မရှိဘူး။ ဒါပေမဲ့ တတ်နိုင်ရင်တော့ သူတို့တွေနဲ့ မတွေ့ချင်ဘူး။ အပြင်မှာ အဲဒီကိစ္စတွေ ဖြစ်နေတဲ့အခါကျတော့ တတ်နိုင်သလောက် အပြင်သွားတာကို လျှော့လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် စောင့်ရှောက်နေရတဲ့ အနေအထားပေါ့။”

အသေးစား ပေါက်ကွဲမှုတချို့ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ တဖက်ကမ်း တွံတေးမြို့မှာလည်း စစ်တပ်နဲ့ရဲတွေ အသွားအလာစိပ်နေတယ်လို့ တွံတေးဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ အပြင်မသွားခင်တော့ တချက်လှမ်းဖြတ်ကြည့်ရတယ်။ အရှေ့မှာရှိတဲ့ဆိုရင် တခြားလမ်းက ပတ်ပြီးတော့သွားတယ်။ ထိပ်တိုက်လုံးဝ ရင်မဆိုင်ဘူး။ အရင်က သူတို့ကင်းလှည့်တယ်ဆိုရင် အရှေ့မှာ ရဲကားတစီးပါတယ်။ ပြီးရင် စစ်ကားတစီးပါတယ်၊ ဆိုင်ကယ် ၃ - ၄စီး ပါတယ်။ မနေ့ကညကျတော့ အဲလိုမဟုတ်ဘူး။ အရှေ့မှာ ရဲကားတစီးလောက်ပဲ အရင်ကင်းလှည့်သွားလိုက်တယ်။ နောက် ၅မိနစ် - ၁၀မိနစ်လောက်နေမှ ဆိုင်ကယ် ၁စီး - ၂စီး သွားတယ်။ လူဖြန့်ပြီးတော့ ကင်းလှည့်တာလည်း နည်းနည်းစိပ်တယ်။”

မွန်ပြည်နယ်က မြို့နယ်တချို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ မေလ ၁၇ ရက်နေ့က မော်လမြိုင်၊ သံဖြူဇရပ်နဲ့ သထုံမြို့နယ်တို့မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တုန်းကလည်း ရေးမြို့နယ်မှာ ဗုံးပေါက်ကွဲမှုရှိခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အခုလို မွန်ပြည်နယ်ထဲက ပေါက်ကွဲမှုတွေကြောင့် အစစ်အဆေးအမေးအမြန်းတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စာသင်ကျောင်းတို့၊ နေအိမ်နားတဝိုက်တို့ဆိုရင် သူတို့ဗုံးတွေဘာတွေ လိုက်စစ်တာတွေ့ရတယ်။ ဒီလတ်တလောမှာဆိုရင် စာသင်းကျောင်းနားတဝိုက် သွားမယ်ဆိုရင် နည်းနည်းသတိထားရတယ်။ ဥပမာ - ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ဆိုင်ကယ်ထဲမှာ ဘာပစ္စည်းတွေပါလဲပေါ့။ အဲလို ကိုယ့်ဆိုင်ကယ်ကို ပြန်စစ်ရတာပေါ့။ စစ်ပြီးတော့ စာရွက်စာတမ်းတွေ၊ ငြိစွန်းနိုင်တာတွေ ရှိလားပေါ့။ အဲဒါတွေကို နည်းနည်းသတိထားရတယ်။ သူတို့ ဆိုင်ကယ် Box တွေကို ဖွင့်မယ်ဆိုရင် တခုခုမသင်္ကာစရာ တွေ့ရင်တော့ အရေးယူမှာကြောက်တော့ အဲဒါတွေကို သတိထားပြီးတော့ သွားလာရတယ်။”

စစ်တပ်နဲ့ ရဲတွေရဲ့ ကင်းလှည့်သွားလာနေတဲ့ကြားမှာ လက်သည်မပေါ်တဲ့ ပေါက်ကွဲမှုတွေဖြစ်နေပြီး ဒါတွေကြောင့် လမ်းပေါ်သွားလာနေတဲ့ ယာဉ်တွေကို တားဆီးရှာဖွေ စစ်ဆေးတာနဲ့ မသင်္ကာသူတွေကို ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတချို့ကိုတော့ ဆူပူမှုဖြစ်အောင် ရည်ရွယ်သူတွေက လုပ်နေတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG