သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဗုံးပေါက်ကွဲမှု ရဲတဦးသေ ၅ ဦး ဒဏ်ရာရ


ဘင်္ဂလားဒေ့ရှ် ဗုံးပေါက်ကွဲမှု ရဲတဦးသေ ၅ ဦး ဒဏ်ရာရ။ (ဇူလိုင် ၇၊ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ် ဗုံးပေါက်ကွဲမှု ရဲတဦးသေ ၅ ဦး ဒဏ်ရာရ။ (ဇူလိုင် ၇၊ ၂၀၁၆)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှာ မူဆလင်တို့ရဲ့ ရာမာဒန် ဥပုသ်လကုန်ဆုံးတဲ့ အထိမ်းအမှတ် - အစ်နေ့ ဆုတောင်းပွဲ လုပ်နေကြသူတွေအနီး အစ္စလာမ်မစ် အစွန်းရောက်တွေလို့ သံသယရှိသူတွေက ဗုံးခွဲ တိုက်ခိုက်တာကြောင့် ဒီကနေ့ ရဲအရာရှိတဦးထက်မနည်း သေဆုံးပြီး ငါးဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

မြောက်ပိုင်း Kishoreganj ခရိုင်မှာ လူထောင်ပေါင်းများစွာ အစ်ပွဲတော် ကျင်းပနေတဲ့အချိန် တိုက်ခိုက်သူတွေက ရဲဝန်ထမ်းတွေ စောင့်ကြပ်နေတဲ့နေရာ အနီးကို အိမ်လုပ် လက်ပစ်ဗုံးတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့ကြတာပါ။

ပေါက်ကွဲမှုအပြီး ဖြစ်ပွားတဲ့ အပြန်အလှန် တိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူတွေထဲက တဦးလည်း သေဆုံးသွားပါတယ်။ တိုက်ခိုက်သူတွေဟာ အရင်တုန်းကလည်း ဘာသာရေး လူနည်းစုတွေ၊ လိင်တူစုံမက်သူတွေ၊ လွတ်လပ်တဲ့ အတွေးအခေါ်ရှိသူတွေနဲ့ ပညာတတ်တွေကို တိုက်ခိုက်ရာမှာ သူတို့ သုံးလေ့ရှိတဲ့ ဓားရှည်တွေကို ကိုင်ဆောင်ထားကြတာပါ။

မူဆလင်တွေရဲ့ ဘာသာရေးအရ မြင့်မြတ်တဲ့ ရာမာဒန် ဥပုသ်လအတွင်း ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေးဗီးယား၊ အီရတ်၊ ဆီးရီးယား၊ အမေရိကန်ပြည်ထောင်စု နဲ့ တခြား နိုင်ငံတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၃၅၀ ကျော် ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာက ကဖေးဆိုင်တခုမှာ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၈ ယောက် သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပြီး သိပ်မကြာခင်မှာပဲ ဒီကနေ့ တခါ တိုက်ခိုက်ခံရတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG